ခိုနားရာ

in #esteem6 years ago

*** ခိုနားရာ ***

ရင်​နာဖွယ်​​ကောင်းတဲ့လက်​​တွေနဲ့ပဲ
ငါ့ပခုံးကို ဆုပ်​ကိုင်​ပါ...

ကြေးရတက်​သွန်းတဲ့ မလိုင်​ခဲ​တွေထဲ
တစ်​တတ်​တအား ပါဝင်​ကြပါစို့....

ဖျော့​တော့ပိန်​လှီ​နေတဲ့ ရယ်​သံအက်​အက်​နဲ့
ငါက ​နေမင်းကို မမြင်​နိုင်​တဲ့​နေ့​တွေမှာ
နေမင်းကြီးက
ငါ့ကို လာ​ရောက်​ ​ချောင်း​ကြည့်​ပါ​စေ...

လတ်​ဆတ်​တဲ့ ​သွေးညှီနံ့​တွေအတွက်
ငါ့လည်​​ချောင်း​သွေး
ရေး​ရေး​လေး စီးဆင်း​နေတယ်​....

မှိန်း ..မှိတ်​...ပိတ်​ကျသွားတဲ့
မျက်​ဝန်း​တွေဆီက ထွက်​ပြီး
ရယ်​​မော​နေတဲ့ ဝိဉာဉ်​တစ်​​ကောင်​ရဲ့အသံကို
မ​ကြောက်​မိပါ​စေနဲ့...

မျက်​နှာနှစ်​ထပ်​နဲ့
စွယ်​​တော်​ရှင်​သိက္ခာရှိ
ပုဂ္ဂိုလ်​ကြီးများကို ​မော်​ဖူးတိုင်း
မျက်​လူံး​တွေကို မှိတ်​ထားပါ
အန္တရာယ်​​တွေက
တ​စ္ဆေဆီမှာ ရှိမ​နေဘူး....

အရိပ်​​လေး​တွေ ဖြူစင်​ပါ​စေ​လေ.....

I'm ATM.
Msu 021
Photo crd. image

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63878.47
ETH 2625.83
USDT 1.00
SBD 2.79