Just now
*** JUST NOW ***
တကယ့်ဘဝထဲမှာ ရှာဖွေရတဲ့ အမှန်တရားက နည်းနည်းတော့ ရင့်သီးပါတယ်..။
ချွေးစက်တွေရဲ့ တရားသေပုံပြင်တွေ ထည့်သွင်းထားတဲ့ မှန်ဘောင်တွေကို ဖြုတ်ခွာပစ်ဖို့ ဖိနပ်စီးသင်နေတယ်...။
အကြမ်းတမ်းဆုံးဘဝကို ရှိုက်နမ်းဖို့ ပန်းရနံ့သင့်သူဟာ ငါ ဖြစ်တယ်...ကဲ ဘာကို ရွေးချယ်နေအုံးမလဲ.....
ကိုယ်လုပ်ချင်ရာလုပ်ပြီး ရှင်သန်နေရတာကလည်း အေးချမ်းလို့ပါတယ်...။
ရွှေငွေမရှိ.. ဂုဏ်ပကာသနမရှိ....
ပကတိ သစ်ပင်ရိပ်လေးရယ်...
ရေနွေးကြမ်းတစ်ခွက်ရယ်....
စာအုပ်တစ်အုပ်ရယ်....
မြက်တွေကို ဖြတ်ပြီး ခင်းထားတဲ့ နေရာလေးရယ်...
လေပြည်လေးတွေ သယ်ဆာင်လာတဲ့ ..စပါးခင်းက ရနံ့တွေရယ်....ခပ်လှမ်းလှမ်းက တောင်တန်းကြီးရယ်...
ရိုးရှင်းမှုပေါ့လေ....
အချို့ အေးချမ်းမှုတွေက ဖန်တီးဖို့မလိုဘူး..ရှာဖွေဖို့ပဲ လိုတာ....
မြို့ပြရဲ့ လှပမှုတွေနဲ့ ကင်းကွာနေတဲ့ ဒီနေရာ လေးမှာ....
လက်တွေ့ဘဝရယ်..
စိတ်ကူးရယ်..
ကျေနပ်ပျော်ရွှင်မှုရယ်...
ကိုယ်ရယ်...
......
ဒါပေမယ့် ဒီစာအုပ်ကို ဖတ်လိုက်တော့ ကိုယ်အကြိုက်ဆုံးတစ်ပုဒ်က မက္ကဇင်ဂေါ်ကီရဲ့ လွမ်းဖွယ့်ပုံပြင် ဖြစ်နေတယ်....
အဖွား အီဇာဂီက ပုံပြင်သုံးပုဒ်ကို ရုရှားစစ်သား လူငယ်လေးကို ပြောပြတဲ့ ပုံစံမျိုးပေါ့..
လာရာဆိုတဲ့ လူတစ်ယောက်အကြောင်း..
မာန်မာန ခက်ထန်တဲ့ ကြမ်းတမ်းတဲ့ ခွန်အားဗလကြီးမားပြီး ရမ်းကားတဲ့ လာရာဆိုတဲ့ လူတစ်ယောက်အကြောင်းရယ်...
အဲ့ဒီအထဲမှာ လာရာကျူးလွန်လိုက်တဲ့ အပြစ်တစ်ခုအတွက် လူတွေက လာရာကို သေဒဏ်ပေးဖို့ တောင်းဆိုကြတယ်..သေဒဏ်ပေးဖို့အထိ ထိုက်တန်တဲ့ အပြစ်ပဲ ဆိုပါတော့..
သတ်နည်းမျိုးစုံကို စဉ်းစားကြတယ်..အရက်စက်တကာ့ အရက်စက်ဆုံး သတ်နည်းမျိုးစုံကို သူတို့ စဉ်းစားကြတယ်..ဒါပေမယ့် နောက်ဆုံးတော့ သူ့ကို မသတ်တော့ပဲ လွတ်လိုက်ကြတယ်..
လာရာက အသက်သေဆုံးခြင်းမရှိသလို တုတ်ပြီးဓားပြီးလို ဖြစ်နေတော့ ရပ်ထဲ ရွာထဲ စိတ်ကြိုက်ရမ်းကားတော့တယ်..လုံးဝလွတ်လွတ်လပ်လပ်ပေါ့....ဒါပေမယ့် သူ့ကို ဘယ်သူကမှ ဂရုစိုက်မနေဘူး..
လုပ်ချင်ရာ လုပ်ခွင့်ရနေတဲ့ လူတစ်ယောက်ရဲ့ဘဝ ဘယ်လောက်ပြီးပြည့်စုံလိုက်လေမလဲ...
မထင်လိုက်ပါနဲ့..
လူတွေက လာရာကို မသတ်တဲ့အပြင် လာရာ လာရင် ရယ်ကြသတဲ့..အဲ့ဒီရယ်သံတွေကို သူကြောက်တယ်..။ရှင်သန်ရတာကို သူ ကြောက်လာတယ်..။သူ့ကိုယ်သူ သတ်သေတယ်..ဓါးနဲ့ကိုယ့်ဘါသါ ထိုးသတ်တယ်..ဓါးက သူ့ကို မဖေါက်ဘူး။ မြေပြင်နဲ့ ခေါင်းနဲ့ဆောင့်လိုက်တယ်။မြေကြီးကခွက်ဝင်သွားတယ်တဲ့..သူက မသေဘူး။.လာရာ့ဘဝက အဲ့ဒီတော့မှ ကြောက်ဖို့ကောင်းလာတယ် ဆိုပဲ..။
သေချင်ပေမယ့် သေလို့မရ ရှင်ချင်ပေမယ့် လူတွေနဲ့ နေလို့မရတဲ့ အထီးကျန်ဝေဒနာသည်တစ်ယောက်ဖြစ်သွားခဲ့တယ်..ဆိုပါတော့....
ဒါက အဖွားကြီး အီဇာဂီပြောပြတဲ့ ပထမပုံပြင် ဒုတိယပုံပြင်က သူကိုယ်တိုင်ရဲ့အကြောင်းပေါ့..အဖွားအီဇာဂီရဲ့အကြောင်း..အချစ်အတွက် ရူးမိုက်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းလို့ပဲ ရိုးရိုးရှင်းရှင်း ပြောလိုက်တော့မယ်။ အခစ်ကြောင့် နူးညံ့ခြင်းတွေ ယစ်မူးခြင်းတွေ ရူးမိုက်ခြင်းတွေကို ကြုံတွေ ဖြတ်သန်းခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းပဲ ဆိုကြပါစို့.။( တကယ်က လေးနက်ပါတယ် )
နောက်ဆုံးပုံပြင်တစ်ပုဒ်က သန်မာရဲရင့်ကြတဲ့ လူမျိုးစုတစ်စုကို သူတို့ထက်အင်အားကြီးတဲ့နောက်လူမျိုးစုတွေက စစ်တိုက်ပြီး တောနက်ထဲ မောင်းထုတ်ခံလိုက်ရတယ်။တောနက်က စိမ့်မြေတွေနဲ့ တကယ့်ကို တောနက်မှ တောနက်ကြီး ၊ဒီအထဲမှာ တောနက်ထဲက ရေအိုင်တွေက အဆိပ်ငွေ့တွေထွက်နေတတ်ပြီး အဲ့ဒီ အဆိပ်တွေက လူတွေကို နာမကျန်းဖြစ်ပြီး သေစေနိုင်တယ်..
သူတို့အတွက် ထွက်ဖို့လမ်းက နှစ်လမ်းပဲရှိတယ်။..လာလမ်းပြန်လှည့်မလား..ဒါဆို သူတို့ကို မောင်းထုတ်ခဲ့တဲ့ မျိုးနွယ်စုတွေနဲ့ တွေ့မယ်..။
ရှေ့ဆက်တိုးမယ်..တောက ပိုနက်လာမယ်..နေရောင်မထိုးတဲ့ စိမ့်မြိုင် ရွှံနွံတွေ..အဆိပ်ငွေ့တွေ...အဆိုးဆုံးက ဒီနွံတောနက်ကြီး ဘယ်မှာ ဆုံးမှန်း မသိရတာပဲ..
ဖြတ်သန်းလာတဲ့ လမ်းတလျှောက်မှာလည်း လူတွေက သေတဲ့သူသေကုန်ပြီ..။
စည်းလုံးညီညွတ်ပြီး သူ့ကျွန်မခံလိုစိတ်ကြီးမားတဲ့ လူမျိုးစုတွေက ကြာတော့ မာန်လျော့လာကြတယ်..။
ဒါပေမယ့် သူတို့ နောက်ဆုံးမျှော်လင့်ချက်လို့ဆိုနိုင်တဲ့ မျှော်လင့်ချက်နဲ့ ဒန်ကို ဆိုတဲ့ ရဲစွမ်းသတ္တိ ရှိတဲ့ လူငယ်လေးကို ခေါင်းဆောင်စေပြီး ရှေ့ဆက်တိုးကြတယ်..
ဒန်ကိုခေါင်းဆောင်ပြီး သူတို့ ရှေ့ဆက်တိုးလာလိုက်ကြတာ..ဒန်ကို ယုံစားလာလိုက်ကြတာ ခရီးလမ်းကတော့ ပိုဆိုးလာပါတော့တယ်...။
ခြေလှမ်းတစ်ချက်အမှားတိုင်းအတွက် အသက်ပေးလိုက်ရသူတွေချည်းလို ဖြစ်လာတော့တယ်။ဒီတော့ ခေါင်းဆောင်ဒန်ကိုကို အပြစ်တင်ကြတော့တယ်..။
အဲ့ဒီအခြေအနေမှာပဲ တောထဲမှာ မုန်တိုင်းကျပါတော့တယ်...။နဂိုကတည်းက ကြမ်းတမ်းပြီး မဲမှောင်နေလို့ မီးရှူးတွေနဲ့ သွားနေရတဲ့လမ်းမှာ မုန်တိုင်းကြီး ကျလိုက်ပြီဆိုတော့ စဉ်းစားတော့ပေါ့...
ခရီးက မတွင်..လူတွေက မောလည်းမော ကြောက်လည်းကြောက် ခေါင်းဆောင်ခိုင်းလိုက်တဲ့ လူငယ်လေးကလည်း သတ္တိရှိရုံလေးနဲ့ အတွေ့အကြုံတွေက မရှိ..။ရှေ့ဆက်လို့က ဘယ်လို ဆက်တိုးရအုံးမယ်မသိ..ဘယ်မှာ ဆုံးမယ်မသိတဲ့ ခရီး...
ဒီတော့ ခေါင်းဆောင်သူနဲ့ ငယ်သားတွေ ထုံစံအတိုင်း စကားများကြပါလေရော..
ခေါင်းဆောင်ကိုသာ မှီခိုပြီး လိုက်လာကြတဲ့ လူမျိုးစုတွေ မျှော်လင့်ချက်သေဆုံးမှုနဲ့အတူ အခက်အခဲတွေကြားကို ပိုပြီး ဆွဲနှစ်လိုက်သလို ဖြစ်စေခဲ့တဲ့ ခေါင်းဆောင်အပေါ် ဒေါသူပုန်ထကြ စိတ်တိုကြနဲ့ ဖြစ်ကုန်ကြပါလေရော..
ဒန်ကိုကတော့ သူ့လူတွေကို ကြည့်ပြီး စိတ်ပျက်မိတယ်..။ သူ့အပေါ် ဒေါသထွက်နေကြတဲ့ သူ့လူတွေကို ဖျောင်းဖျလို့လည်း မရ နားချလို့လည်း မရ ဖြစ်နေခဲ့ပြီး ဖြစ်တဲ့ ဒန်ကို...
ရှေ့ဆက်တိုးရင် ဒီ့ထက်ဆိုးမယ်ဆိုတဲ့ အခြေအနေမှာ......ခေါင်းဆောင်လေး ဒန်ကိုဟာ........
..................
သိချင်ရင် ရှာဖတ်ကြပေါ့ကွယ်....
ဒန်ကို ဘာလုပ်လိုက်တယ်လို့ ထင်သလဲ....။
တစ်ခါဖတ်ပြီး တစ်ချိန်လုံး တသသ စွဲကျန်စေခဲ့တဲ့အထိ အရေးအသား ကောင်းလွန်းတဲ့ ဝတ္ထုတို တစ်ပုဒ်၊ဒီစာအုပ်ထဲက စုစုပေါင်း ဝတ္ထုတို ၂၅ ပုဒ်ထဲမှာ အကြိုက်ဆုံး ဝတ္ထုတိုကတော့ အဲ့ဒီ လွမ်းဖွယ့် ပုံပြင် ပါပဲ..။
အဲ့ဒီပုံပြင်ကို အကြိုက်ဆုံးပါပဲ..။
ဆရာကြီိး မြသန်းတင့် ဘာသာပြန်ထားတဲ့ ၂၁ ရာစုနှစ် ကမ္ဘာ့ဂန္ထဝင်ဝတ္ထုတိုများ စာအုပ်ပါကွယ်...အခြား ဝတ္ထုတွေကို မကောင်းဘူးလို့ပြောတာ မဟုတ်ဘူးနော်...ကိုယ်အကြိုက်ဆုံးကို ပြောပြတာ.....
..............
လောလောဆယ်ATMရဲ့ဖြစ်တည်နေမှုက ဒါပဲ...

myanmar tag လေးသုံးပေးပါလား။ tag နေရာ ပို နေတာပဲ။ c2 အတွက် ရွေးနေလို့ ဟုတ်။ Thz u!!
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
ကျေးဇူးအထူးပါ
ညီမရဲ့ပိုစ့်ကို C2 အတွက်ရွေးထားပါတယ်။ အစ်ကိုကတော့ msu ကနေ ထွက်လိုက်ပါပြီ။ eSteem app ကိုသုံးပြီးရေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.
ဟမ်...ဘာဖြစ်လို့ပါလိမ့်..ဒါပေမယ့် အစ်ကိုက ကိုယ့်လမ်းကိုယ် လျှောက်နိုင်သူပဲ... အောင်မြင်ပါစေနော်..
upvote မပေးနိုင်တော့လိုပါ။ ဒါပေမဲ့ ညီမတို့ ပိုစ့်တွေကိုတော့ ဆက်ပြီး upvote ပေးနေမှာပါ။ esteem ကိုသုံးပြီးတော့ ပိုစ့်တင်နော်။