သွေးချင်း

in #esteem8 years ago

*** သွေးချင်း ***

ဟိုးးမြောက်ဖျားဆီမှ အသံတချို့က
မိုးခြိမ်းသံနီးပါး ကျယ်ပြန့်ဆူလောင်နေခဲ့

ရှင်သန်ခြင်းတို့ နေဝင်မစောစေနှင့်
ချစ်သူချင်း မကွေကွင်းကြပါစေနှင့်
အမေခေါ်သံ သားခေါ်သံတို့
ဘယ်တစ်ဖက်မှ မပျောက်ရှပါစေနှင့် ။

တောပန်းတို့ ရနံ့ တွင်တွင်ပျံ့နေကြပါစေ ။

သွေးညှီနံ့တို့တွင်
ဆေးဖြူတွေကျဲပက်ဖုံးအုပ်ထားနိုင်ပါစေ
နှင်းဆီနီထက် စံပယ်ဖြူသင့်သော နယ်မြေအဖြစ်
အသက်ရှင်ရပ်တည်နိုင်ပါစေသား……

ရိုးသားခြင်းနှင့် မေခ မလိခ ပေါင်းစည်းတဲ့ဒေသဆီမှ
လှပသော ချစ်ခြင်းရနံ့တို့ ထာဝရ စီးချမျှောလွှင့်
တစ်တိုင်းပြည်လုံး ထုံထုံ သင်းပျံ့နိုင်ပါစေသား ။

I'm ATM.
@ayethatmon
MSU 021
Locationat. Myitsone image

Sort:  

အေးဗျာ ညီနောင် သားချင်းတွေ ဖြစ်နေရက် နဲ့ကို လောဘတွေ အတောမသတ်နိုင်ကြ

ဟုတ်​တယ်

အဖမ်းခံရ​တော့မယ်​ 😝

ကောင်းပါတယ်​ဗျ

ဟုတ်

ကဗျာ​လေး​ဒေစာအုပ်​ထုတ်​လပ်​​လေစုပီးအား​ပေးမယ်

တစ်​​နေ့​ပေါ့😊😊

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 64388.69
ETH 1869.17
USDT 1.00
SBD 0.38