လေဟာနယ်​ အကျဉ်းသား

in #esteem6 years ago

*** ​လေဟာနယ်​အကျဉ်းသား ***

ငါ့ သာဓု​ခေါ်သံ​တွေ ယိုရွဲလာတဲ့အခါ ငါ့ကိုယ်​ငါ​တောင်​ အကြည်​ညိုပျက်​ချင်​လာတယ်​...

ငါ့နှလုံးသားကို စည်းမဲ့ကမ်းမဲ့ ဆုတ်​ဖြဲလို့ ​လောကရဲ့ မျက်​နှာစာ​နောက်​​တော်​ပါးမှာ ​ပျော်​​တော်​ဆက်​​နေကြတဲ့ ငါ့ အမှန်​တရား​တွေကို လိုက်​ဖမ်းဖို့ တိမ်​မျှင်​​တွေ တစ်​ဆုပ်​ပြီး တစ်​ဆုပ်​နဲ့ ဖုံးအုပ်​ဖို့ ကြိုးစားမိတယ်​....

သက်​ရင့်​​လှေနဲ့ ရွက်​ဟင်းလင်းပြင်​ထက်​မ မှာ ရူးသွပ်​​နေတဲ့ ကဆုန်​​ပေါက်​​တေးနဲ့ မုန်​တိုင်းတို့ ပျင်းရိညီးတွဲ့သံဟာ တလှည့်​တစားနဲ့ ထိခတ်​ပြီး ကလူကျီစယ်​​နေကြ​လေရဲ့.....

တ​သော​သော တလွှင့်​လွှင့်​နဲ့ အပ်​​ကြောင်း​တွေ သင့်​ခဲ့တဲ့ လမ်းအို​တွေရဲ့ တီးတို ဆိုရွတ်​သံ​တွေ တမှုန်​မှုန်​ တမွှားမွှား ကြဲပတ်​​နေကြတဲ့ အထဲမှာပဲ ငါ​လျှောက်​ သ​လောက်​ လမ်း​ဖောက်​ဖြစ်​တယ်​...ငါ​သွား​နေသလာက်​ လမ်း​ပျောက်​​နေတယ်​...
အနက်​​ရောင်​ လက်​တစ်​ဆုံးရဲ့ မာယာတစ်​ကုံးကို ​ပျော်​​ပျော်​ကြီး ပန်​လို့ .....

တူးဆွလို့ မရ​တော့တဲ့ သံသရာ​နောက်​​ကြောင်း​တွေကို ဖြည်းဖြည်း​လေး ဆွဲဖွရင်း မျက်​ရည်​ကျ​နေရတာကို ကြိုက်​မိရုံနဲ့ ငါ့ ​လေညင်း​တွေ ပုတ်​အဲ့အဲ့ နာရီသံထဲ သက်​ဆင်းခဲ့ရ....

နားမခံသာတဲ့ အမှန်​​တွေကို ငါမုန်းရင်း
ငါ့​ရေရွတ်​မှု​တွေ အ​ပေါ်မှာ ငါ့အတ္တ​တွေနဲ့ အိပ်​တန်းမတက်​​သေးတဲ့ အပ်​​ကြောင်း​တွေရဲ့ လမ်းမထက်​မှာ ငါဟာ အမှီအခို ကင်းကင်းနဲ့ လွတ်​လမ်း​တွေ ​ပျောက်​လို့.....

အကြည်​လင်​ရဆုံး အမြင်​​တွေ​ကြောင့်​ ငါ့ မျက်​ကြာ်​လွှာ​တွေမှာ ခံနိုင်​ရည်​မဲ့စွာ........ကန်း.........။ ။

I'm ATM.
MSU 021.
Photo credit. image

Sort:  

လိုက်လို့မမီနိုင်အောင်..ပြောင်မြောက်လိုက်တဲ့စာသား
အလှတွေနဲ့..ခရီးသွက်လိုက်ပါသော..သမီးချောရေ..

အဟီး...​ကျေးဇူး အန်​တီ​ရေ....
ဖြစ်​နိုင်​မယ်​ဆို သမီးရဲ့စာ​လေး​တွေကို ညွှန်း​ပေးပါအုံး​နော်​...

ခဏလောက် စောင့်ပေးပါ မမီတော့ဘူးဗျ တကယ်ပဲ ရေးနိုင်လွန်းးးး
😀

ဟီး...ဝါသနာ​ကြောင့်​ ​ပြေးတတ်​သွားတာုဖစ်​မယ်

ကဗျာ​လေး​ရေးတာ ​တော်​ပါ​ပေတယ်​လို့☺

သင့်​ခ်​...ဘဒို😁😁

ဘယ်လိုပြောရမလဲ ကောင်းပါတယ်ဗျ

ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 65355.67
ETH 3525.27
USDT 1.00
SBD 2.47