Book read
တစ်ယောက်ထဲနေထိုင်လိုတဲ့ဆန္ဒက တစ်ခါတစ်ရံ လူကို အထီးကျန်စေတယ်....
အထီးကျန်မှုတွေကနေ လွှတ်ကင်းဖို့ စကားပြောဖော်တစ်ယောက်လောက်ကို ရှာဖွေမိတဲ့အခါဆိုလည်း ကိုယ့်ရဲ့စကားပြောဖော်ဟာ ကိုယ်နဲ့အတွေးအမြင်တူ အကြောင်းအရာတူ တစ်ခုခုကို ဦးတည်ဆွေးနွေးပေးနိုင်သူဖြစ်မှ အဆင်ပြေတယ်..။
စကားဝိုင်းတစ်ခုမှာ မတူညီတဲ့အမြင်တွေနဲ့ချည်း ပိတ်ငြင်းနေရတဲ့အခါ ဒေါသတွေဖြစ်လာတယ်..
ဒါဆို စကားဝိုင်းဟာ ပျော်စရာ မကောင်းတော့ဘူး...
အဲ့ဒီအခြေအနေတွေက နှစ်သက်ဖွယ်ရာလည်း မဟုတ်လေတော့ တစ်ဖက်က မူသေရှင်သန်နေတဲ့ ဇာတ်ကောင်တွေနဲ့ စကားပြောဖို့ စာအုပ်တွေကို ရွေးချယ်လိုက်တယ်..။
ဒါဆို လူနှစ်ယောက် ငြင်းခုန်နေဖို့အချိန်မရှိတော့ဘူး...
ပြန့်ကျဲနေတဲ့အကြောင်းအရာတွေအပေါ် စပ်မိစပ်ရာ ပြောဆိုကြရင်း သူများအတင်းဆိုတဲ့ စကားတွေကို ပြောပြီး အကုသိုလ် ဖြစ်မနေရတော့ဘူး။
စာအုပ်ဖတ်တာ အကုသိုလ်မဖြစ်ပါဘူးလို့ မဆိုလိုပါဘူး...
စိတ်ကူးထဲကနေ စရိုက်များစွာနဲ့ ပုံဖော်ထားတဲ့ ဇာတ်ကောင်တွေအပေါ် မနာလိုတာတွေ ဝန်တိုတာတွေ မနှစ်မြို့တာတွေ နှစ်သက်တာတွေကတော့ ရှိနိုင်တာပေါ့....
ဒါပေမယ့် လူနှစ်ယောက်ဆုံကြပြီး အဲ့ဒီလူနှစ်ယောက်မဟုတ်တဲ့ အခြားလူတစ်ယောက်အကြောင်းကို မကောင်းတာတွေရော ကောင်းတာတွေရော ဖြစ်ပြီးခဲ့သမျှတွေကိုရော အရေမရမဖတ်မရတွေကိုရော ပြောနေဖြစ်တော့တာတော့ မဟုတ်တော့ဘူးလေ...
စာအုပ်ထဲက ဇာတ်ကောင်တွေနောက်လိုက်ရင်း စကားပြောဖော်တစ်ယောက်ကို မက်မက်စက်စက် မတမ်းတနေဖြစ်တော့ဘူး....
တစ်ယောက်ထဲလို့လည်း မခံစားမိတော့ဘူး...
အထီးကျန်တယ်ဆိုတာကိုလည်း ဂရုမစိုက်မိတော့ဘူး...
ပျင်းဖို့အချိန်တွေလည်း မပျင်းအားတော့ဘူး..
အတင်းအဖျင်းစကားတွေကိုလည်း ထိုက်သင့်သလောက်တော့ ရှောင်လွှဲနိုင်သွားတယ်...
ဒါက စာဖတ်ခြင်းအပေါ် ကိုယ်ခံယူထားမိတာလေးအချို့ပါ...
I'm ATM.