အ​တွေး

in #esteem5 years ago

ကကြီး..ခ​ခွေးပဲ တတ်​တယ်​..
ကကြီး ခ​ခွေးပဲ ဖတ်​မယ်​...
ကကြီး ခ​ခွေးနဲ့ ​ရေးမထားရင်​ စာအုပ်​တန်​ဖိုးဘယ်​​လောက်​ကြီးကြီး အိမ်​သာသုံးစက္ကူအဆင့်​ပဲ သိတယ်​....
ကိုယ်​နားလည်​တာ ကိုယ်​ဖတ်​မှာပဲ...။
တတ်​မှ မတတ်​တာ..
သင်​လည်း မသင်​ဖူးဘူး..။
မသင်​​တော့ မတတ်​ဘူး..
တတ်​ဖို့လည်း မကြိုးစားမိဘူး..
ကကြီးခ​ခွေး​တွေ ဖတ်​လို့မကုန်​လို့...
ကိုယ်​နားလည်​တာက ​ဗုဒ္ဓပုံ​တော်​နဲ့ စာအုပ်​ဆို ဘုရားစင်​​ပေါ်မှာ ဖုံအလိမ်းလိမ်းနဲ့ရှိမယ်​။ဘုရားရှိခိုးတဲ့အခါ ​ရောပြီး ရှိခိုးခံရမယ်​..။
အောက်​စဖို့စ်​ တက္ကသိုလ်​က ပြဋ္ဌာန်းစာအုပ်​ဖြစ်​​နေပါ​စေ ကိုယ်​ မဖတ်​တတ်​တဲ့ စာအုပ်​ ​ချောင်​ထိုးခံရမယ်​..။
ကိုယ်​ကြိုက်​တဲ့စာအုပ်​ တယုတယနဲ့ ပြုစုခံရမယ်​...။
စာ​ပေတန်​ဖိုး ဘာလဲဆိုတာ​တော့ မသိဘူး..
စာအုပ်​တန်​ဖိုး ဘာလဲဆိုတာ သိတယ်​...။

အသစ်​အဆန်းအဝတ်​အစား​တွေအစား၊ သိပ်​ကြိုက်​တဲ့ အစားအ​သောက်​​တွေအစား ​နေရာယူလာတဲ့ စက္ကူ​တွေ..စာလုံး​တွေ..။

ဘယ်​​လောက်​အငတ်​ခံရသလဲသိတယ်​။
ဘယ်​​လောက်​ကြပ်​တည်းသလဲ နားလည်​တယ်​..။
ဒါ​ပေမယ့်​ ကိုယ်​သိတဲ့ ကကြီး ခ​ခွေးထက်​ ဘယ်​ဟာ ဘယ်​​လောက်​ကြီးကြီး မသိဘူး..။
ကိုယ်​သိသ​လောက်​ဟာ ကိုယ့်​မြတ်​နိုးရာပဲ...

ကကြီးခ​ခွေးထက်​ ပို​ကောင်းတယ်​ဆိုတဲ့ စာအုပ်​ဟာ ကိုယ့်​အတွက်​​တော့ ​ခေါင်းအုံးပဲ..။

ဟိုဘဲကြီး သုံး​လေး​ပွေက စာအုပ်​​တွေ တရစပ်​ညွှန်းကြ​တော့ လိုက်​ဖတ်​ရတာ ​မျောက်​လုံး​တောင်​ မျက်​မှန်​နား ကပ်​လာပြီ..။
တစ်​ရက်​တစ်​ရက်​ စာအုပ်​လုပွဲထဲ ဝင်​နွှဲရတာ လူလည်း နှုတ်​သီး​တောင်​ ချွန်​လာပြီ...။
သူတို့ အဖိုး​တွေ ဘကြီး​တွေနဲ့လည်း အမျိုး​တော်​လုလု ဖြစ်​လာပြီ....

အေး​လေ...
ကကြီး ခ​ခွေးလည်း နည်းနည်း​တော့ ​အေဘီစီ ဆန်​လာတာ ဖြစ်​မှာ​ပေါ့....😜😜😜

( ချစ်​သူက ပုံတင်​တာ မကြိုက်​ဘူး တဲ့..😜😜)

I'm ATM. image

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64104.40
ETH 3148.52
USDT 1.00
SBD 4.25