Nokia
ပြန်လည်ဆန်းသစ် ထွက်ပေါ်လာနိုင်တဲ့ Nokia ရဲ့ Old Model များ။
Android OS နဲ့ Nokia ကို ထုတ်လုပ်နေတဲ့ HMD Global က ပြီးခဲ့တဲ့ Mobile World Congress (MWC) 2018 ပွဲမှာ Nokia ရဲ့ 1996 Model ဖြစ်တဲ့ 8810 Slide Keypad ဖုန်းကို ပြောင်းလဲဆန်းသစ်မှု့ အချို့နဲ့ ပြန်လည်မိတ်ဆက်ခဲ့ပါတယ်။ ဒီလို Model အဟောင်းကို ပြန်လည်မိတ်ဆက်ခဲ့တာကြောင့် နောက်ထပ် မိတ်ဆက်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ Nokia ရဲ့ Old Model ဖုန်းစာရင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါတွေကတော့
Nokia 1100
Nokia Ringo
Nokia N90
Nokia N-Gage
Nokia 6630
Nokia5300 Xpress Music
Nokia N95 နဲ့
Nokia Lumia 1020 တို့ပဲ ဖြစ်ပါတယ်။
Nokia 1100
Nokia 1100 ကိုတော့ လွန်ခဲ့တဲ့ 2003 (ခန့်မှန်း) ခုနှစ်က မိတ်ဆက်ခဲ့တာပါ။ ဒီနေ့ခေတ်နဲ့ ပြန်ကြည့်ရင်တော့ အဆိုပါ 1100 ဟာ Keypad ထဲမှာတောင် Out of Date ဖုန်းလို့ ဆိုနိုင်ပါတယ်။ အဆိုပါ Nokia 1100 မှာ Monochrome Graphic နဲ့ Black & White Display ပါရှိပြီး Features အနေနဲ့လည်း ဖုန်းခေါ် Message ပို့ကလွဲပြီး ထူးထူးထွေထွေ မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီဖုန်းက သူစတင်ထွက်ရှိတုန်းက အတော်ကို ရောင်းကောင်းခဲ့တဲ့ စာရင်းဝင်ခဲ့ပါတယ်။ ဒါကြောင့် HMD Global အနေနဲ့ အဆိုပါ Nokia 1100 ကို ပြင်ဆင်မှု့တွေ ပြုလုပ်ပြီး 4G Keypad ဖုန်းအနေနဲ့ ပြန်လည် မိတ်ဆက်နိုင်ပါတယ်။Nokia Ringo
Nokia Ringo ကို 1995 ခုနှစ်က မိတ်ဆက်ခဲ့ပြီး အတော့်ကို သက်တမ်းရင့်နေတဲ့ ဖုန်းတစ်လုံးပါ။ ဒါပေမယ့်လည်း အဲ့ဒီခေတ်အခါတုန်းကတော့ Nokia Ringo ကလည်း ဘုရင်တစ်ပါးပါပဲ။ ဒါကြောင့် HMD Global က Nokia Ringo ကို ဆန်းသစ်ပြောင်းလဲမှု့တွေနဲ့ ထပ်မံပွဲထုတ် လာနိုင်ပါတယ်။Nokia N90
Nokia N90 ကတော့ သူစတင် ထုတ်လုပ်ထွက်ရှိခဲ့တဲ့ 2005 ခုနှစ်ထဲမှာတော့ အဆန်းသစ်နိုင်ဆုံး ဖုန်းတစ်လုံးပါ။ အဓိကဆန်းသစ်ထားမှု့ကတော့ Nokia N90 ရဲ့ လိုသလိုလှည့်လို့ရတဲ့ Camera Design ပါ။ သာမန်ပုံစံမှာ ဖုန်းတစ်လုံးဆိုပေမယ့် Video ရိုက်ကူးမယ်ဆိုရင် လက်ကိုင် Portable Video Recorder ပုံစံကို ပြောင်းလဲလို့ရပါတယ်။ အဆိုပါ N90 စတင်ထွက်ရှိတုန်းက အဲ့ဒီ Feature ကြောင့်ပဲ အရောင်းသွက်ခဲ့ပြီး ပစ္စည်းပြတ်လတ်သည်အထိတောင် အောင်မြင်ခဲ့ပါတယ်။ ဒီအောင်မြင်ခဲ့မှု့နဲ့ ဆန်းသစ်နေသေးတဲ့ Keypad ဖုန်း Design ကို အခြေပြုပြီး HMD Global က Nokia N90 ကို ထပ်မံ မိတ်ဆက်နိုင်ပါတယ်။Nokia N-Gage
Nokia Nokia N-Gage ကို စမြင်မြင်ခြင်းမှာ ဖုန်းဆိုတာထက် Game စက်အသေးစားလေးလို့ပဲ အများစုက ထင်ကြမှာပါ။ တကယ်တော့ Nokia Nokia N-Gage ဟာ Gaming ကို ဦးစားပေးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီးတော့ အဲ့ဒီခေတ်က Game Boy Advance နဲ့ PSP Game တွေကို ဖုန်းမှာတင် ဆော့လို့ရပါတယ်။ ဒါကြောင့် Nokia N-Gage စတင် ထွက်ရှိခဲ့တဲ့ 2003 ခုနှစ်မှာ အရောင်းရဆုံး ဖုန်းတစ်လုံး ဖြစ်ခဲ့ပြီး Game သမားတွေလက်စွဲ ဖြစ်ခဲ့ပါတယ်။ ဒီလို အောင်မြင်မှု့နဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပြီး HMD Global က ထပ်မံ ပွဲထုတ်လာနိုင်ပါတယ်။
(အတည်မပြုရသေးတဲ့ သတင်းတွေအရ Meizu ကလည်း အဆိုပါ Nokia N-Gage ရဲ့ Design ကို အခြေခံပြီး Gaming ဖုန်းကို ပွဲထုတ်နိုင်သလို Xiaomi ကလည်း ထုတ်လုပ်ဖို့ Plan ရှိတယ်လို့လည်း သိရပါတယ်။)Nokia 6630
Nokia 6630 ကိုတော့ ဖုန်းရဲ့ အရွယ်အစားပုံစံကြောင့် ကြိုက်နှစ်သက်သူ နည်းပါတယ်။ အဓိကအားဖြင့် ဖုန်းရဲ့ Keypad နေရာက လုံးဝိုင်းနေလို့ အကျီ င်္အိတ်ကပ်ထဲ မဆံ့ပါဘူး။ ဒါပေမယ့် ဒီလို လုံးဝန်းဆန်းသစ်နေတဲ့ Keypad ပုံစံက စာအမြန်ရိုက်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဒါတင်မက အဆိုပါဖုန်းရဲ့ Camera ကိုလည်း လျော့တွက်လို့ မရပါဘူး။ Nokia 6630 ကို မိတ်ဆက်ခဲ့တဲ့ 2004 ခုနှစ် အချိန်မှာတော့ အဲ့ဒီဖုန်းက Camera အကောင်းဆုံးစာရင်း ဝင်ပါတယ်။ Keypad ဆိုပေမယ့် အရှေ့အနောက် Camera 2 လုံး ပါရှိပြီး Symbian OS နဲ့ဖြစ်ကာ ကွန်ယက်ချိတ်ဆက်မှု့မှာလည်း Wi-Fi စနစ်ပါ ပါဝင်လိုက်ပါသေးတယ်။ ဒီလိုလုပ်ဆောင်နိုင်တဲ့ Features တွေကို ထပ်မံတိုးချဲ့ပြီး HMD Global အနေနဲ့ Nokia 6630 ကို ပြန်လည်ပွဲထုတ်နိုင်ပါတယ်။Nokia5300 Xpress Music
ဒီ Nokia5300 Xpress Music ဖုန်းကို September 2006 ခုနှစ်က မိတ်ဆက်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက MP3 Music Player တွေရဲ့ နေရာကို အစားထိုးရယူခဲ့တဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ Slide Keypad ဖုန်းဖြစ်ပေမယ့် သီချင်းနားထောင်ခဲ့အခါ Slide ဖွင့်စရာမလိုပဲ သီချင်း ရပ်တာ ၊ ကျော်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ အသံထွက်အားကောင်းပြီး သေးသွယ်ကျစ်လစ်လှတဲ့ ဒီ Nokia5300 Xpress Music ဖုန်းကို HMD Global အနေနဲ့ အဆင့်မြှင့်တင်ပြီး ထပ်မံ မိတ်ဆက်နိုင်ပါတယ်။Nokia N95
Nokia N95 ကို 2006 နှောင်းပိုင်းမှာ မိတ်ဆက်ခဲ့ပြီး MP3 Player အပါအဝင် အတော်များများကို လုပ်ဆောင်နိုင်တာကြောင့် Smartphones တွေ ခေတ်မစားခင်က လူကြိုက်များခဲ့ပြီး Nokia ရဲ့ အကောင်းဆုံးဖုန်းလို့တောင် ပြောလို့ရပါတယ်။ Slide Keypad ဖုန်းဖြစ်ပြီး Slide မဖွင့်ပဲ အလျားလိုက်အနေအထားနဲ့ ရုပ်ရှင် ၊ Video နဲ့ သီချင်းတွေ ကြည့်ရှု့နားထောင်နိုင်ပါတယ်။ ဒီလို တချိန်က ပြီးပြည့်စုံခဲ့တဲ့ Nokia N95 ဖုန်းကို HMD Global က အဆင့်မြှင့်တင်မှု့တွေ ပြုလုပ်ပြီး ထပ်မံ မိတ်ဆက်နိုင်ပါတယ်။Nokia Lumia 1020
အဆိုပါ Nokia Lumia 1020 ကို July 2013 ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ Nokia Lumia ကိုတော့ အတော်များများ သိကြမှာပါ။ Touch Screen နဲ့ Smartphones တွေ စတင် ခေတ်စားချိန်က ထွက်ရှိခဲ့တာဖြစ်ပြီး Window OS နဲ့ပါ။ ဒီ Lumia ဖုန်းတွေရဲ့ အဓိက နာမည်ကြီးစေတာကတော့ Camera Performance ကြောင့်ပါ။ 41 Megapixels ရှိပြီး Carl Zeiss Lens, Optical Stabilization နဲ့ Xenon + LED Flash တို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် HMD Global အနေနဲ့ Camera ပိုင်းဆိုင်ရာကို ဦးစားပေးတဲ့ Smartphone ကို မိတ်ဆက်ဖို့ အာရုံရခဲ့ရင် ဒီ Nokia Lumia 1020 ကို အဆင့်မြှင့်တင်ပြီး လူကြိုက်များတဲ့ Android OS နဲ့ ပြန်လည် ထုတ်လုပ်လာနိုင်ပါတယ်။