Mi8 EE

in #esteem6 years ago

Xiaomi ရဲ့ Mi 8 EE (Explorer Edition) ကို အနီးကပ် ကြည့်မိတဲ့အခါ။

Xiaomi က HTC လိုပဲ နောက်ကျောဘက်မှာ ထွင်းဖောက်မြင်ရတဲ့ အကြည်ရောင်နောက်ဖုံးနဲ့ Mi 8 EE (Explorer Edition) ကို ပြီးခဲ့တဲ့ May 31 ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်ပွဲအပြီးမှာတော့ လေ့လာသူအချို့နဲ့ နည်းပညာ Website အချို့က Xiaomi ရဲ့ အဆိုပါ Mi 8 EE (Explorer Edition) ဖုန်းရဲ့ နောက်ကျောဘက်က မြင်နေရတဲ့ Hardware တွေဟာ အမှန်တကယ်မဟုတ်ပဲ Sticker ကပ်ထားခြင်းသာဖြစ်ကြောင်း ဝေဖန်ရေးသားခဲ့ကြပါတယ်။
(အမှန်တော့ မနာလိုဖြစ်ကြတာ။ 😁😁)

အဆိုပါဝေဖန်မှု့ဟာ အမှန်တကယ်မဟုတ်ပဲ Mi 8 EE ရဲ့ နောက်ကျောဘက်က မြင်နေရတဲ့ Hardware တွေဟာ အမှန်တကယ် Hardware ကို မြင်နေရတာ ဖြစ်တယ်လို့ အဆိုပါ Mi 8 EE ကို ကိုင်ကြည့်လေ့လာခဲ့သူများက ဆိုထားပါတယ်။

အခု Mi 8 EE ရဲ့ နောက်ကျောဘက်ကို သေချာကြည့်ရအောင်။

Mi 8 EE ရဲ့ နောက်ကျောကို သေချာကြည့်ရင် Circuit Board ကိုမှ လှပအောင် သေသေချာချာလေး ပြုလုပ်ထားတာကို တွေ့ရမှာပါ။ ဒါတင်မက CPU ရဲ့ အပေါ်မှာလည်း Snapdragon ရဲ့ LOGO က ငွားငွားစွင့်စွင့်လေး ရိုက်နှိပါထားပါတယ်။
(နောက်ဆို Snapdragon လည်း LOGO ကို Chipset အပေါ်မှာ လှလှပပလေး ရိုက်နှိပ်တော့မယ် ထင်ပါတယ်။ 😂😂)

ဒါတင်မက အခြား Chipset အချို့ပေါ်မှာ ဆိုင်ရာစာသားအချို့ကို တွေ့ရပြီး အပေါ်ဘက်အလယ်နဲ့ ထောင့်နားမှာတော့ Xiaomi ရဲ့ Vision နဲ့ Quote ကို ရေးထားတာကို တွေ့ရမှာပါ။ အဲ့ဒါကတော့
"Innovation For Everyone" နဲ့
"Always Believe That Something Wonderful Is About To Happen" ပါ။

အောက်ဘက်မှာတော့ Battery တုံးကြီးကို အမြင်လှအောင် Design ပြုလုပ်ထားပါတယ်။ အဆိုပါ Battery ရဲ့ အောက်ဘက်မှာ Circuit Board တစ်ခုရှိပြီး အဆိုပါ Circuit ကိုလည်း ကောင်းစွာ မြင်ရမှာပါ။ သေချာစွာ ပြောနိုင်တာ တစ်ခုကတော့ ဒီ Mi 8 EE ကို ဝယ်ယူအသုံးပြုသူတွေဟာ Cover ဖိုးအတော်သက်သာမှာပါ။ ဖုန်းဘူးထဲမှာ အကြည်ရောင် Silicon Cover က တစ်ပါတည်းပါရှိပြီးတော့ နောက်ထပ် Cover ဝယ်ယူရင်လည်း နောက်ကျောက အလှပေါ်အောင် အကြည်ရောင် Cover ပဲ ဝယ်ယူကြမှာမို့ပါ။ ဒါ့အပြင် Cover အကြည်ကလည်း အခြား Cover တွေထက်စာရင် ဈေးနှုန်းလည်း ချိုသာတယ်လေ။* item image

Sort:  

if you want me to resteem your post to over 72,500 followers go here https://steemit.com/@a-0-0

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 63773.27
ETH 2738.52
USDT 1.00
SBD 2.59