Mi Max 3

in #esteem6 years ago

Mi Max 3 ကို လာမယ့် July လထဲ မိတ်ဆက်မည်ဟု CEO Lei Jun မှပြောကြား။

Xiaomi က လာမယ့် May 31 ရက်နေ့မှာ Company သက်တမ်း 8 နှစ်ပြည့် ပွဲကို ကျင်းပမှာပါ။ အဆိုပါပွဲမှာ Mi 7 နဲ့ 8 နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Mi 8 ကိုပါ Anniversary Flagship Edition အနေနဲ့ ထုတ်လုပ်မှာပါ။ ဒါကြောင့်မို့ Mi 7 ကို အများကြီး မျှော်လင့်မထားပါနဲ့။ Mi 8 ကသာ Flagship အနေနဲ့ ထွက်လာမှာပါ။

အခု ဒီ Mi 7 နဲ့ Mi 8 ထက် ပိုစိတ်ဝင်စားစရာကောင်းပြီး အချို့သော Fans တွေ စောင့်မျှော်နေတဲ့ ဖုန်းသတင်း ထွက်ပေါ်လာပါပြီ။ အဲ့ဒီဖုန်းကတော့ အကိတ်ကြီးလို့ Xiaomi Fans တွေသိကြတဲ့ Max Series ဝင် Mi Max 3 ပါ။ အဆိုပါ Mi Max 3 ကို လာမယ့် June လထဲမှာ မိတ်ဆက်မှာဖြစ်ပြီး လောလောဆယ်အဆင်သင့် မဖြစ်သေးတာမို့ လတ်တလောတော့ Mi Max 2 နဲ့သာ ဖြေသိမ့်ပါဦးလို့ အဓိပ္ပါယ်ရတဲ့ Post ကို Mr. Lei Jun က Weibo စာမျက်နှာက သူ့ရဲ့ Post အောက်မှာ Reply ပြန်ထားတာကို တွေ့ရမှာပါ။

လတ်တလော ထွက်ပေါ်နေတဲ့ Mi Max 3 ရဲ့ ခန့်မှန်းသတင်း အချက်အလတ်တွေကတော့
Display - 6.99 Inches
Resolution - Full HD+
Aspect Ratio - 18 : 9
Chipset - Snapdragon 635/ 660
RAM - 3/ 4 GB
Internal Memory - 64/ 128 GB
Rear Camera - 12 Megapixels
Front Camera - 5 Megapixels
OS - Android Version 8 (Oreo)
UI - MIUI 9.5
Fingerprint - Yes (Rear)
Face Unlock - Yes
Battery - 5500 mAh
USB - Type-C
Wireless Charging - Yes

မှတ်ချက်။ ။ အချက်အလတ်များက ခန့်မှန်းသာဖြစ်ပြီး အမှန်တကယ် မိတ်ဆက်ပါက အနည်းငယ် လွဲနိုင်ပါတယ်။

လက်ရှိထွက်ရှိနေတဲ့ Mi Max 3 ရဲ့ ခန့်မှန်းဈေးနှုန်းကတော့ အိန္ဒိယငွေ 17000 ရူပီးဝန်းကျင် (မြန်မာငွေ 3 သိန်း 4 သောင်းဝန်းကျင်) အနည်းဆုံး ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။ image

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60930.55
ETH 2367.07
USDT 1.00
SBD 2.48