Thahtone waterfall (Myanmar)

in #esteem8 years ago

image
image

အပန်းဖြေ ကမ်းခြေအလှ (Tha Htone waterfall)

သထုံခရိုင် ပေါင်မြို့နယ်၊ပေါင်မြို့မ ကနေ အဝေးပြေးကားလမ်းအတိုင်း မော်လမြိုင်ဘက် ၅ မိုင်လောက်၊ ဘန့်ဘွေးကုန်းရွာထိပ်မှာရွှေဘုံသာကျောင်းရှိတယ်။

အဲသည်ကျောင်းဝင်းအတွင်းမှာ ကိန်းဝပ်တော်မူတဲ့ ကံ့ကော်မင်းသမီးကောင်းမှု ရွှေဘုံသာ ရွှေဘုံဝင်းစေတီတော်နှစ်ဆူရှိပါတယ်။
စေတီ ကုန်းတော်ရဲ့ချောင်းတဖက်မှာ တော့ မုတ္တမ တောင်တန်းအလှနဲ့ နှောင်းခေတ် ကုသိုလ်ရှင်တွေရဲ့ ကောင်းမှုစေတီတော်တွေကို ကြည်ညိုစရာဖူးတွေ့နိုင်ပါတယ်။

ကံ့ကော်မင်းသမီးဟာ သထုံပြည့်ရှင် "မနောဟရီရာဇာ" (မနူဟာ)မင်းနဲ့"ဣနင်္ဂလာဒေဝီ" တို့ရဲ့မာတာပီတုဂုဏ်ကို လေးစားတုန့်ပြန်တဲ့အနေနဲ့ ဒီစေတီနှစ်ဆူကိုတည်ထားကုသိုလ်ပြုခဲ့ပါတယ်။

သထုံခရိုင် ပေါင်မြို့နယ်ထဲက ဇင်းကျိုက်ရေတံခွန်ကို တော့ လူအတော်များများသိထားကြပြီး ဖြစ်မှာပါ။
ဇင်းကျိုက်ရေတံခွန်ကနေ ကားလမ်းအတိုင်းတောင်ဘက် ၅မိုင်မပြည့်တပြည့် (၂ ဖာလုံပဲလိုပါတယ်)မှာ ပေါင် မြို့ကို ရောက်ပါမယ်။

image

ပေါင်မြို့က နေဆက်သွားပြီး နွားလည်ဘို့တောင်နဲ့
(အရှင်ဥာဏိဿရသီတင်းသုံးခဲ့တဲ့)သပိတ်အိုင်တောရတို့ ရှိတဲ့ "ကျုံကရွာ" မရောက်မီ လမ်းဘယ်ဘက်မှာ ရွှေဘုံသာမုခ်ဦးရှိပါတယ်။ မော်လမြိုင်ဘက်ကလာရင်လည်း ရပါတယ်။
(နောက်ပိုင်း မော်လမြိုင်ဘက်ကလူတွေ တော်တော်များများ ဘန့်ဘွေးကုန်းရေတံခွန်ကိုပဲ အလာ များကြပါတယ်။ ဇင်းကျိုက်က နည်းနည်းလှမ်းတာကိုး)

image

ရွှေဘုံသာကျောင်းဝင်းက ထန်းပင်ထန်းတောတွေနဲ့
အေးချမ်းလှပါတယ်။
စေတီကုန်းတော်ကိုတော့ စမ်းချောင်းထိပ်မှာတွေ့ရမှာပါ။ ချောင်းတဘက်ကမ်းကို အုတ်တံတားကလေးနဲ့ ကူးသွားလို့ရတယ်။

image

ချောင်းရေက အမြင့်ပိုင်းမှာရေစီးမကြမ်းလှတဲ့ရေတံခွန်ကလေးတွေရှိပြီး တံတားအောက်ပိုင်းမှာတော့ သင်ဖြူးခင်းထားသလို ငြိမ့်ငြိမ့်ကလေးစီးဆင်းနေတယ်။ ရေအနက်က ဒူးလယ်၊ပေါင်လယ်မို့ စိတ်ချလက်ချ ဆော့ကစားလို့ရတယ်။ကြည်လင်ပြီး အောက်ခံသဲပြင်ကို အတိုင်းသားမြင်နိုင်တယ်။
ဈေးဆိုင်တဲကလေးတွေလည်းရှိတယ်။
တောတောင်အလှကို ခံစားနိုင်တဲ့ နေရာကလေးပါ။

image

သည်ကနေပြီး ရဟန္တာပုဂ္ဂိုလ်ထူးလို့ ကျော်ကြားခဲ့တဲ့
သပိတ်အိုင်ဆရာတော်ကြီးဦးကိတ္တိခန္ဓာဝန်ချတော်မူတဲ့ "သပိတ်အိုင်တောရ"ကို ဆက်သွားနိုင်တယ်။
ခရီးတမိုင်မရှိပါဘူး။သပိတ်ပုံရေအိုင်ကလေးက ပေ ၅၀ လောက်သာကျယ်ပေမဲ့ ရေအနက် လက်ခုပ်တဖောင်
ကျော်တာမို့ ဒေသစိမ်းသူတွေ ဆင်းမကူးသင့်ပါဘူး။

တောရကျောင်းကတော့ သီတဂူဆရာတော် အရှင်ဥာဏိဿရ သုံးလေးနှစ်လောက်လာပြီး တရားအားထုတ်ဖူးတယ်။ဒါကြောင့်"သပိတ်အိုင်ဆရာတော်" လို့လည်းတွင်တာပါ။မူလသပိတ်အိုင်ဆရာတော် ဦးကိတ္တိကတော့ ၁၉၆၈ ခုလောက်မှာ ခန္ဓာဝန်ချတော်မူသွားပါပြီ။

သပိတ်အိုင်တောရကနေ အချိန်ရရင် နွားလည်ဘို့တောင် ဆံတော်ရှင်ကို တက်ဖူးနိုင်တယ်။တောင်တက်လမ်း၊ မတ်စောက်ပါတယ်။ ကျိုက်ထီးရိုးဆံတော်ရှင်လိုပဲ တန်ခိုးကြီးမားပြီး ကြည်ညိုစရာ ကောင်းလှပါတယ်။

image

သက်သောင့်သက်သာ ကားနဲ့တက်ဖူးချင်ရင်တော့
ကျုံကရွာ မုခ်ဦးမှာ တောင်တက်ကားတွေရှိတယ်။
ကျိုက်ထီးရိုးတောင်တက်ကားအဖွဲ့ကပဲ ဂျူတီခွဲပြီး ပြေးဆွဲပေးတာပါ။

မွန်ပြည်နယ်၊သထုံခရိုင်ဘက်ရောက်ရင် ဝင်ကြည့်ကြ ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ။ (Ref:Wu Jinzhi)

Credit: Zin Moe (YMBA)

MSO-42

Sort:  

ဝင်ခဲ့မယ်ကိုအောင်ပိုင်ရေ။ရေကူးလို့ကောင်းမဲ့ပုံပဲ

အသစ်မတွေ့ လို့ အောက်မှာဗို့ သွား၏
Mso,82

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 65011.48
ETH 1955.53
USDT 1.00
SBD 0.37