Mudras Calling Movie Review (Myanmar)

in #esteem6 years ago (edited)

Mudras Calling (Movie Review)

image
image

'မုဒြာရဲ့ခေါ်သံ'ဇာတ်ကားကို နောက်လထဲ အေအေးဆေးဆေးမှပဲ သွားကြည့်မယ်လို့ စိတ်ကူးထားတာ တစ်နေ့က အကယ်ဒမီပေးပွဲမှာ ၀ါရင့်တောသား ရုပ်ရှင်လောကသားကြီးတွေရဲ့ မုဒိတာမပွားနိုင်တဲ့ လေသံနဲ့ FB က အောက်လုံးတွေကို မမျှော်လင့်ဘဲ ကြားလိုက်ရတော့ ဒီနေ့နေ့လယ်မှာပဲ စိတ်တူကိုယ်တူ ကျွန်တော့်သမီး စာရေးဆရာမကို အဖော်စပ်ပြီး ချက်ချင်း သွားကြည့်ဖြစ်လိုက်ပါတယ်။ ဇာတ်ကားထဲမှာ လှယဉ်ကျေး အင်းလေး အင်းတိမ်ဘက်မှာ မြွေးပွေးကိုက်လို့ ဗိန္ဒောဆရာနဲ့ကုတာ ပျောက်သွားတဲ့အခန်းကို သံသယရှိလို့ ဟဲယာရွာမက အင်းသူစစ်စစ် ကျွန်တော့်ရဲ့အဒေါ်အရင်း အထက်တန်းပြဆရာမ အငြိမ်းစားနဲ့ အင်းသားစစ်စစ် အစ်ကိုတစ်ဝမ်းကွဲ လ၀ကဒုဦးစီးမှုးတို့ကို ဖုန်းဆက်မေးကြည့်တော့ တကယ်ပဲ အင်းလေးနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ မြွေပွေးရှိပြီး အကိုက်ခံရသူတချို့ဟာ အချိန်မီဆေးရုံ ဆေးခန်း သွားမပြနိုင်တာကြောင့် မိရိုးဖလာ တိုင်းရင်းဆေးဆရာနဲ့ ဗိန္ဒောဆရာတွေကိုသာ အားကိုးကြရတဲ့အကြောင်း၊ ကျွန်တော့်ရဲ့ အဘိုးအရင်းကိုယ်တိုင် မြွေပွေးကိုက်ခံရဖူးပြီး ဗိန္ဒောဆရာ ကုသပေးတာကြောင့် ပျောက်ကင်းသွားခဲ့ကြောင်း၊ ရှေးဦးပြုစုမှု၊ မိရိုးဖလာ ဘာသာရေးယုံကြည်မှုနဲ့ တိုင်းရင်းဆေးတို့ကို ပေါင်းစပ်ကုသပေးပြီး မြွေဆိပ်မပျံ့မီ အချိန်မီရောက်လာပါက အသက်ရှင်ကြကြောင်း သေချာရှင်းပြကြပြီး ကျွန်တော့်ကို ဘာကိစ္စ ဒီအချိန်ကြီး ဒါကိုလာမေးနေတာလဲဆိုပြီး ပြန်မေးကြပါတယ်။ ရုပ်ရှင်ထဲက Scene ကိုရှင်းပြနေရင် ပေရှည်နေမှာမို့ သိချင်လို့မေးတာပါပြောပြီး ဖုန်းချလိုက်ပါတယ်။ ဆရာဝန်တွေ မကြည့်ကြနဲ့လို့ အငြင်းပွားနေတဲ့ ဆေးကုနေတုန်း အခန်းအပြင် ထွက်ခိုင်းတာကလည်း ဇာတ်လိုက် ဇဏ်ခီက နိုင်ငံခြားမှာကြီးပြင်းလာလို့ မိရိုးဖလာကုသမှုကို ယုံကြည်မှုမရှိမှာစိုးတာရယ်၊ အခန်းကကျဉ်းနေလို့ ကုသရာမှာ လူများနေရင် အနှောင့်အယှက်ဖြစ်မှာစိုးတာရယ်ကြောင့်လို့ အင်းသားကပြား၊ ဆေးကုရေးအဖွဲ့တစ်ဖွဲ့က တာဝန်ခံ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။ ဇာတ်ကားထဲမှာ ဗိန္ဒောဆရာက အင်္ဂလိပ်လို ပြောတာကလွဲရင် ကျန်တဲ့ ဇာတ်ဝင်ခန်းတွေအားလုံး ဝေဖန်စရာ အပြစ်တင်စရာ ဘာတစ်ခုမှ မတွေ့မိပါဘူး။ ရုပ်ရည်လည်းမလှကြ၊ လူလည်းမသိ၊ ရုပ်ရှင်နယ်ပယ်ကလည်းမဟုတ်၊ နာမည်လည်းမကြီးကြသေးဘဲ မြန်မာရိုးရာ ယဉ်ကျေးမှု အနုသုခုမနဲ့ ဒေသအလှအပတွေကို နိုင်ငံတကာကသိအောင် ဇာတ်လမ်းအစအဆုံး အင်္ဂလိပ်စကားပြောပြီး ပီပီပြင်ပြင် သရုပ်ဆောင် တင်ဆက်သွားနိုင်တဲ့ ဒင်းတို့ မျိုးဆက်သစ် လူငယ်လေးတွေကို (ကျွန်တော် သိလည်းမသိ၊ အပြင်မှာလည်း မတွေ့ဖူး၊ မမြင်ဖူးပေမယ့် ) တကယ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ယူမိပါတယ်။ ဥပါယ်တံမျဉ်တုန်းကလို လူငယ်ပရိသတ်ချည်းသာ မဟုတ်ဘဲ အသက် ၇၀ ကျော်လူကြီးတွေရော ကလေးငယ်တွေပါ ရုပ်ရှင်ရုံထဲ ရောက်လာအောင် ဒီဇာတ်ကားက ဆွဲဆောင်စည်းရုံးနိုင်တာကိုပါ အံ့သြဖွယ် တွေ့ခဲ့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဂီတ၊ အနုပညာနဲ့ ကျေးလက်ဒေသ တောရွာအလှအပ မိရိုးဖလာအလေ့အထတွေကို ရုပ်ရုင်လောကသား မဟုတ်ကြသေးတဲ့ ဒင်းတို့ (ခီတို့)လို လူငယ်လေးတွေက မြို့သားဦးနှောက် မြို့သားအမြင်နဲ့ ပွဲဦးထွက် ကြိုးပမ်း ရိုက်ကူး တင်ဆက်ထားကြတာမို့ ကျွန်တော့်လိုပဲ မြန်မာဇာတ်ကား (ပေါကား၊ အချစ်ရူးကားနဲ့ ဖားကား)လုံးဝမကြိုက်ကြတဲ့ မိတ်ဆွေတွေ သွားကြည့်ကြပါလို့ တိုက်တွန်း အကြံပြုလိုက်ပါရစေ။ ဒီလူငယ်တွေကို မြေတောင်မြှောက် အားပေးရမှာ ကျွန်တော်တို့ ပရိသတ်တွေပဲ ဖြစ်နေကြလို့ပါ။

image
image

Credit # Movie Review MM
Credit Image: Original Movie (Mudras Calling)

MSO-42
(@aungpaing) 👈👈 Don't forgot to follow my account .

Thank All

Sort:  

Brotherကြည့်​ပီပီလား​ကောင်းရင်​​ပြောအုံး

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60463.70
ETH 2889.42
USDT 1.00
SBD 3.59