✍🏻လှချင်ပါသလား

in #esteem6 years ago

လူတစ်ယောက်မှာ အဓိကပဓာန အကျဆုံး
အရာကား စိတ်ကောင်း စေတနာရှိခြင်းပဲ။

စိတ်ကောင်းစေတနာရှိလေ လူ့တန်ဖိုးရှိလေ
စိတ်ကောင်းစေတနာမရှိလေ လူ့တန်ဖိုးမရှိလေဖြစ်တယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးကို သူပိုင်ဆိုင်ထားတဲ့
ပစ္စည်း ဥစ္စာ ရာထူးအာဏာ ဘွဲ့တွေ အမျိုးမျိုးရ
ပညာတွေ အမျိုးမျိုးတက် လုပ်ငန်းကျွမ်းကျင်မှုတွေနဲ့လည်း
မတိုင်းတာပါနဲ့ကွယ် ရုပ်ဝါဒီဆန်လွန်းပါတယ်။

ဘုရားတန်ဆောင် ကျောင်းပြသာဒ် ရေတွင်း
ရေကန် ဇရပ် ရေအိုးစင် လမ်းတံတားတွေ
မဆောက်လုပ် မလှူဒါန်းနိုင်သည် ထားပါဦး။

စိတ်ဖြစ်စဉ်ကို အမြဲတစေ ကြည်လင်အောင်
ဖြူစင်အောင် သန့်ရှင်းအောင် အေးချမ်းအောင်
ဖြောင့်မတ်အောင် ကောင်းမြတ်အောင်
ထားရှိနိုင်ခြင်းသည်ပင်လျှင် လူမှုပတ်ဝန်းကျင်ကို
များစွာကျေးဇူးပြုရာ ရောက်ပါတယ်။

အတွင်းရဲ့ အငြိမ်းဓာတ်ဟာ
မျက်နှာပြင်မှာ ထင်ဟပ်တယ်။

အတွင်းရဲ့ ကြည်လင်မှုဟာ
မျက်နှာပြင်ကို ကြည်လင်စေတယ်။

အတွင်းရဲ့ အအေးဓာတ်ဟာ
မျက်နှာပြင်မှာ ထင်ဟပ်တယ်။

အတွင်းရဲ့ ဖြူစင်မှုဟာ
မျက်နှာပြင်ကို ဖြူစင်စေတယ်။

အတွင်းရဲ့ ဖြောင့်မတ်မှုဟာ ကာယကံ
ဝစီကံ မနောကံ ကောင်းမြတ်မှုကို ဖြစ်စေတယ်။

ကိုယ့်ရဲ့ ငြိမ်းချမ်းတဲ့ အအေးဓာတ်ဟာ သူတစ်ပါးရဲ့
ရင်ဘတ်အတွင်းမှာ မီးကို ငြိမ်းသေသွားစေတယ်။
image
If one can most major overriding
Kindness.

The kindness of human worth
There is no kindness to the human value.

Which consists of the value of the person
Property position and the degree of power
A variety of other skills and knowledge
Measure out too materialist.

Tan wells school
Pure lake water wayside public resthouse bridges
You can also donate to the construction.

The process is not always clear
Clean white
Righteous good
Even placed social environment
Many have arrived.

The internal batteries
Reflecting surface.

The crystal shattered
The screen gives crystal.

In the cold
Reflecting surface.

This white
The screen gives white.

This righteous deed
Nowhere is good luck, a furrowed brow.

Your peaceful cold of others
The fire in the chest hurts.
image
SMT-53
@aungmyo007
Original#nanwaiwaimyint
Photo#credit
image

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64076.80
ETH 3516.36
USDT 1.00
SBD 2.64