နှလုးံသားအလှပိုင်ရှင်များ အပိုင်း(1)

in #esteem6 years ago

image
ကျွန်တော်၏ အမှန်တကယ်ကြုံတွေ့ရသောဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါဗျာ
အချိန်ကာလက 2016 ခု သင်္ကြန်ပြီးလောက်မှာပေါ့ဗျာ
အံ့သြထိတ်လန့်ဖွယ်ရာ ကြောက်ရွှံ့တုန်လှုပ်ခြင်း ရင်ခုန်ခြင်းများစွာနဲ့ပေါ့
Project လုပ်ငန်းတစ်ခုကို ရှင်းပြပေးရန် မြင်းခြံမြို့နယ် ရန္တပိုရွာလေးဆီသို့ ခရီးထွက်ရန် အကြောင်းဖန်လာခဲ့ပါသည်။
ရွာလေးနာမည်က ပထမကမ္ဘာကျူးကျော်စစ်ဖြစ်သွားတဲ့အချိန်က ရန္တပိုစာချူ ပ် ချူ ပ်ဆိုခဲ့တဲ့ ရန္တပိုရွာလေးပါ။
ရွာနာမည်လေးကိုစကြားကတည်းကစိတ်ဝင်စားမိခဲ့ပါတယ်။
လုပ်ငန်း Project ကိုရှင်းလင်းပြသရန်အတွက် လိုအပ်တဲ့ Projector တစ်လုးံ /Computer တစ်လုးံ /Songbox တစ်လုးံ / Microphone ကအစ ခရီးဆောင် Box အိတ်တစ်လုးံ လက်နှိပ်ဓာတ်မီး လိုအပ်တာတွေကိုပြင်ဆင်ပြီး ထည့်နေမိသည်။
တစ်နေ့လုးံ လိုအပ်တာတွေကို ပြင်ဆင်ပြီး ညပိုင်း (11) နာရီလောက်မှာအိပ်ပျော်သွားသည်။ အိပ်ပျော်နေစဉ် ဖုန်းမြည်သံကြောင့် လန့်နိုးလာသည်။ ဖုန်း income call ကိုကြည့်လိုက်တော့ ရန္တပိုရွာမှ လုပ်ငန်း Leader ဖြစ်တဲ့ ဆရာသြ ဖြစ်နေသည်။ ဖုန်းကိုကောက်ကိုင်လိုက်သည်။
Hello! မင်္ဂလာပါ ဆရာရေ
ဟုတ်ကဲ့ မင်္ဂလာပါ ဆရာသြရေ
ဆရာမနက်ဖြန် ကျွန်တော်တို့ဆီကိုလာဖြစ်လားခင်ဗျ
ဟုတ်ကဲ့လာဖြစ်တယ်ဆရာသြ
ကျွန်တော်တို့နှစ်ယောက် လုပ်ငန်း Plan တွေကိုညှိနိုင်းပြီး ဖုန်းပြောဖြစ်ကြတယ်။ နာရီကြည့်လိုက်တော့ည (12) ကျော်နေပြီ။ကျွန်တော်တို့စကားပြောတဲ့အချိန် (1) နာရီလောက်ကြာနေပြီ။
ကျွန်တော်လည်း မနက်ဖြန်ခရီးထွက်ရမှာမို့ စကားကိုမြန်မြန်ဖြတ်လိုက်သည်။
ဆရာသြရေ မနက်ဖြန်ရွာရောက်မှဆုံမယ်ဗျာ
ဟုတ်ကဲ့ပါဆရာရေ
Good night ဆရာသြ
Good night ပါဆရာ
ကျွန်တော်လည်းဖုန်းချပြီး ဆက်အိပ်နေလိုက်သည်။
နောက်တစ်နေ့မနက် (6) နာရီလောက်မှာ အိပ်ယာထပြီး တစ်ကိုယ်ရည်သန့်ရှင်းမူပြုလုပ် ရေချိုးအဝတ်အစားလဲပြီး
Breakfast ကို ထမင်းကြော် စားတော်ပဲပြုတ် ကြက်ဥကျော်
ငါးရန့်ခြောက်ဖုတ်နဲ့ စားပြီး အိမ်မှစတင်ပြီးထွက်လာခဲ့ပါသည်။
image
ကားဂိတ်ရောက်တော့ mda မှ mdy ကားစီးခဲ့ပါသည်။ မန္တလေးရောက်တော့ မြင်းခြံသွားမည့် OK ကားဂိတ်မှာ ကားလက်မှတ်ဖြတ်ပြီး ကားထွက်မည့်အချိန်ကို ခဏထိုင်စောင့်နေမိသည်။
ကားစထွက်တဲ့အချိန် ကားပေါ်မှာ ဆရာသြဆီကိုဖုန်းဆက်လိုက်သည်။ ဆရာသြရေ ကျွန်တော်လိုက်ခဲ့ပြီဗျာ။
ဟုတ်ကဲ့ဆရာ ဘယ်အချိန် ဘယ်ကားနဲ့ လိုက်ခဲ့တာလည်းဆရာ
ကျွန်တော် မနက် (10) နာရီ OK ကားနဲ့လိုက်ခဲ့ပြီ ဆရာသြ
ဟုတ်ကဲ့ဆရာ
ကျွန်တော်တို့ ဆရာကို လာကြိုပါ့မယ်ဗျာ
လာကြိုမယ်ဆိုလည်း အဆင်ပြေတာပေါ့ဆရာသြရေ
ဒီလိုနဲ့ နေ့လည် (2) နာရီ လောက်မှာ မြင်းခြံကားကြီးကွင်းဆီသို့ရောက်လာခဲ့ပါတော့သည်။
လာကြိုသည့် အဖွဲ့မှာ ဆရာသြ ကိုကြီးဆန်းဗိုလ် ကိုမင်းဆန်းတို့ဖြစ်နေသည်။
ဟာ လာကြိုတာ လူတွေစုံလှပါလား ဆရာသြရေ
ဟုတ်တယ်ဆရာ
ဆရာကိုတွေ့ချင်လို့လိုက်လာကြတာ ဒါတောင် ဆိုင်ကယ်တွေအဆင်မပြေလို့ တခြားသူတွေက ရွာကစောင့်နေကြတာဆရာရေ
ဟုတ်ကဲ့ကျေးဇူးပါဗျာ
ခုလိုကြားရတာနဲ့တင် ကျွန်တော်ပျော်နေပြီဆရာသြရေ
ပါလာတဲ့ပစ္စည်းတွေကို သေချာစစ်ဆေးပြီးကားပေါ်မှချ၍ ဆိုင်ကယ်တွေပေါ်တင်ပြီး မြင်းခြံကားဂိတ်မှ ရန္တပိုရွာလေးဆီသို့ ခရီးဆက်ခဲ့ကြပါတော့သည်။
image
အပိုင်း (2) ဆက်ရန်

SMT67@aungkyawsoe
Photo from myself

Sort:  

SMT-59
Good အပိုင်း၂​မှော်​...

တကယ်ထိတ်လန့် တုန်လှုပ်ဖွယ်တွေနဲ့ အမှန်တကယ်အဖြစ်အပျက်တွေ မကြာမှီ လာမည် မျှော် ချစ်ညီလေးရေ

အပိုင်း ၂ မျှော်နေပါ့မယ်

SMT 57

ဟုတ်ကဲ့ပါခင်ဗျ

ကောင်းတယ်ဗျာ ဆက်မှော်ျနေမယ်
smt 63

thank you par ချစ်ညီလေး
ဆက်မျှော်နေပါနော်ညီ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64182.15
ETH 3505.45
USDT 1.00
SBD 2.53