တခါတလေ

in #esteem6 years ago

image
#တစ်ခါတစ်လေကျ
လူမဆန်တဲ့လူတွေကိုကြည့်ပြီး
ကိုယ်ယုတ်မာချင်တယ်
ကိုယ့်သမိုင်းအညစ်နွမ်းမခံနိုင်လို့သာ
မျိုချနေရတယ်

#တစ်ခါတစ်လေကျ
ညစ်နွမ်းနေတဲ့လူတွေကိုကြည့်ပြီး
ကိုယ်ပါအရောင်ပြောင်းချင်တယ်
အတိတ်မှာအရိပ်မည်းတွေမကျန်ခဲ့ချင်လို့သာ
ခွင့်လွှတ်လိုက်ရတယ်

#တစ်ခါတစ်လေကျ
ရက်စက်တတ်တဲ့လူတွေကိုကြည့်ပြီး
ကိုယ်ပါကြမ်းကြုတ်ချင်တယ်
နောင်သံသရာသွားရာလမ်းမှာ
ကိုယ်ဖြောင့်ဖြောင့်သွားဖို့အတွက်သာ
အညစ်အကြေးကင်းအောင်နေခဲ့ရတယ်

ပေးကားပေး၏
မယူသော်ငြားမည်သူပြန်ရသနည်း။
မယူပါ မယူပါ
အကျွန်ုပ်မယူပါ
ဖြူစင်သန့်ရှင်းစိတ်အတွင်းဝယ်
ကိလေသာမြူတစ်မှုန်မျှကပ်ငြိမခံပါ
ကျွန်ုပ်ခွင့်လွှတ်ပါ၏ ။
သံသရာဘဝအဆက်ဆက်အကြွေးဟုသာထင်မှတ်ပါ၏။
အသင်ပျော်သလိုနေပါရော့
နောင်သံသရာမှာဖြင့်ခါးစည်းခံပါလေ...........

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66201.27
ETH 3279.18
USDT 1.00
SBD 2.70