fighting ♥me @!!

in #esteem6 years ago

image
ကိုယ့်​ကိုမချစ်​ဘူးလို့​တွေးမိတဲ့အခါ
ငို​ကြွေး​နေမယ့်​အစား
ကိုယ့်​ကိုကိုယ်​ပိုချစ်​လိုက်​တယ်

ကိုယ့်​ကိုမသနားဘူးလို့​တွေးမိတဲ့အခါ
အားငယ်​​နေမယ့်​အစား
ကိုယ့်​ကိုကိုယ်​ပိုသနားလိုက်​တယ်

ကိုယ့်​ကိုမ​နွေး​ထွေးဘူးလို့​တွေးမိတဲ့အခါ
ကြောက်​ရွံ့​နေမယ့်​အစား
ကိုယ့်​ကိုကိုယ်​​နွေး​ထွေး​ပေးလိုက်​တယ်

ကိုယ့်​ကိုပစ်​ထားတယ်​လို့​တွေးမိတဲ့အခါ
သိမ်​ငယ်​​နေမယ့်​အစား
ကိုယ့်​ကိုကိုယ်​​စောင့်​​ရှောက်​​ပေးလိုက်​တယ်

အဲ့​တော့ကိုယ်​မငို​ကြွေးရ​တော့ဘူး
ကိုယ်​အားမငယ်​ရ​တော့ဘူး
ကြောက်​ရွံ့မ​နေ​တော့ဘူး
သိမ်​ငယ်​မ​နေ​တော့ဘူး

ကိုယ်​သွားချင်​တဲ့​နေရာ​တွေ
လျှောက်​သွားပစ်​လိုက်​တယ်
ကိုယ်​စားချင်​တာရှိရင်
အားရပါးရထိုင်​စားလိုက်​တယ်
ကိုယ့်​ကိုချစ်​​ပေး​တဲ့လူ​တွေအနား
က​လေး​လေးသွားလုပ်​ပလိုက်​တယ်
အားပါးတရရီ​မော​နေလိုက်​တယ်

မနက်​ဖြန်​​တွေလည်းအသက်​ရှင်​ရဦးမယ်
အချိန်​တိုင်း မတမ်းတ​နေ​တော့ဘူး
ရင်​ထဲမှာရှိတာကရှိပဲ​လေ........

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66342.89
ETH 3280.90
USDT 1.00
SBD 2.72