How to celebrated this myanmar new year ?

in #esteem7 years ago

image

မန်းသင်္ကြန်ကို ဒီနှစ်ဘယ်လိုပုံဖော်ကျင်းပဖို့ရှိလဲ


မန္တလေး၊ဖေဖော်ဝါရီ ၁၉

အခုနှစ်မန္တလေးသင်္ကြန်ပွဲတော်မှာ ကျုံးအရှေ့ဘက် ၆၆ လမ်းအား တောသင်္ကြန်ညဈေးပွဲတော်အဖြစ် ဖန်တီးပုံဖော်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

“နိုင်ငံခြားသားတွေရော ကျွန်တော်တို့ဆီက သင်္ကြန်လည်မယ့်သူတွေအတွက်ရော ညပိုင်းမှာ လည်စရာလေးတစ်ခုထပ်တိုးလိုက်တာပါ၊ တောသင်္ကြန် ညဈေးမှာ ဘာတွေပါမလဲဆိုတော့ ပွဲဈေးတန်း အစားအသောက်ဆိုင်ကလေးတွေပါမယ်၊ ဥပမာ မုန့်လင်မယား ကောက်ညှင်းကျည်တောက်၊ အဲဒါမျိုးပေါ့ နော်” လို့ ၄င်းကဆိုပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဟာ အရင်နှစ်သင်္ကြန်ပွဲတော်တုန်းကလည်း လမ်းလျှောက်သင်္ကြန်ပွဲတော်ဆိုတာကို ဖန်တီးပုံဖော်ခဲ့ပြီး အဲဒီလမ်းလျှောက်သင်္ကြန်ပွဲတော်ဟာ အောင်မြင်ထင်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ထပ်မံပြီး တောသင်္ကြန်ညဈေးပွဲတော်ဆိုတာကို ဖန်တီးပုံဖော်သွားဖို့ ဖေဖော်ဝါရီ ၁၇ ရက်ကပြုလုပ်တဲ့ ကော်မတီဝင်တွေဆွေးနွေးပွဲမှာ အတည်ပြုခဲ့ကြတာပါ။

အဲဒီတောသင်္ကြန်ညဈေးပွဲတော်မှာ တောဓလေ့ရွာဓလေ့ ဟိုအရင်တောရွာဘုရားပွဲတွေကလိုအစီအစဉ်တွေ ထည့်သွင်းထားမှာဖြစ်တယ်လို့သိရပါတယ်။

“ရည်ရွယ်ထားတာကတော့ ဟိုးတုန်းကလို ပိတ်ကားထောင်ပြီးရုပ်ရှင်ပြမယ်၊ အခုခေတ်ရုပ်ရှင်မျိုးမဟုတ်ပါဘူး၊ ရုပ်ရှင်ပြစက်ကြီးနဲ့ရှေးပုံစံမျိုးပါ၊ အဲဒီရုပ်ရှင်ပြမယ့်အစီအစဉ်ကိုတော့ ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကတာဝန်ယူမှာပါ၊ နောက်ပြီးတော့ ရုပ်သေး နဲ့ တစ်ခြားသောအင်တာတိန်းမန့်တွေလည်းပါပါမယ်” လို့လည်း ကော်မတီဝင်ဦးကျော်ဆန်းမြင့်ပြောပါတယ်။

တောသင်္ကြန်ညဈေးပွဲတော်ကို တစ်နေကုန်ရေပက်ကစားပြီးလို့ ည ၇ နာရီက စခင်းကျင်းသွားမှာဖြစ်ပြီး အရင်လမ်းလျှောက်သင်္ကြန်ကတော့ ပုံမှန်အတိုင်းပဲဆက်ရှိနေမှာဖြစ်တယ်လို့သိရပါတယ်။

image

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58075.38
ETH 2463.77
USDT 1.00
SBD 2.38