“ဓာတ်လှေကားနဲ့ သွားရတဲ့ အခြားကမ္ဘာ”

in #esteem6 years ago

“ဓာတ်လှေကားနဲ့ သွားရတဲ့ အခြားကမ္ဘာ”

ဒီဇာတ်လမ်းကြီးက အားလုံးသိပြီးသားပါ။ ဒါပေမယ့် မေ့နေကြလောက်ပြီလို့ ထင်တာပဲရော? ကျွန်တော် ပြန်ပြီးတော့ အစဖော်ပေးမယ်။ ဟုတ်ပြီလား??

ဒါနဲ့ Event ကိုလာလည်တဲ့ စာဖတ်ပရိတ်သတ်အပေါင်းကို ကျေးဇူးတင်ပါတယ်ဗျ။ နောက်အပတ်မှာလည်း စောက်ရမ်းမိုက်တာတွေကို ထပ်မံတင်ဆက်သွားဖို့ လည်း စီစဉ်ထားပါတယ်နော်။

အိုကေ .. Bloody Marry ပြီးတော့ ဒီ Game ကို မတင်ဆက်လို့ မရပါဘူး။ ဒီကစားနည်းတွေက Top 20 ထဲက အစဉ်လိုက် ဖြစ်နေတာကြောင့်လည်းဖြစ်ပါတယ်။ ကျွန်တော် သေချာလေး ပြောပြပေးပါ့မယ်။

ကျွန်တော်တို့ ကမ္ဘာမှာ လူဦးရေထူထပ်လာတဲ့အခါမှာ နေရထိုင်ရတာအဆင်မပြေတော့ပါဘူး။ ဆိုတော့ကာ အခြားကမ္ဘာတစ်ခုမှာ သွားရောက်နေထိုင်ကြရအောင် ..

“Elevator To Another World (ဓာတ်လှေကားနဲ့ အတူ အခြားကမ္ဘာသို့ )”

ဒီကစားနည်းကို အမှန်တိုင်းပြောရရင် ကိုရီးယားတွေရှာတွေ့ ခဲ့တာပါ။ တကယ်ရောက်သွားတဲ့သူတွေ ရှိသလို ပျောက်သွားပြီး ပြန်မလာနိုင်တဲ့သူတွေလည်းရှိပါတယ်။ ဆိုလိုတာကတော့ စနစ်မှန်ရင် တကယ်ကို ရောက်သွားကျတာပါပဲ။

တကယ်တော့ ဓာတ်လှေကားနဲ့  အချိန်ခရီးသွားတာမျိုး မဟုတ်ပဲနဲ့ အခြားသော ကမ္ဘာတစ်ခုကို ဖြတ်သန်း သွားလာရမှာပါ။ ခင်များရေလည်သဘောကျပါလိမ့်မယ်။ ဆက်ရအောင် …

ဒီ Game အသက်ဝင်ဖို့ အတွက် တိုက်အမြင့် 10 ထပ် ပါဝင်တဲ့ အဆောက်အဦးတစ်ခုလိုအပ်ပါတယ်ဗျ။ ပိုများရင်လည်း ကောင်းတာပေါ့နော်။ အတိအကျကတော့ 10 ထပ်ပါ။ ဓာတ်လှေကားခလုတ် 10 ခုပါဝင် တာကိုဆိုလိုတာပါဗျ။ (တံခါးဖွင့်တဲ့ ခလုတ်နဲ့ ပိတ်တဲ့ခလုတ် ဘာညာတွေကပ်သပ်မပြောပါနက်)

အချိန်အားဖြင့် ည 12 နာရီဖြစ်ဖို့ လိုအပ်ပါတယ်ဗျ။ ပြောချင်တာကတော့ ညသန်းခေါင်ယံအချိန်မှာ ဆော့ရင် ပိုပြီးတော့ အသက်ဝင်တယ်လို့ ညွှန်းဆိုထားတာလည်းဖြစ်ပါတယ်။ ကျွန်တော်ပြောတာတွေကိုလည်း ဂရု တစိုက်နဲ့ လိုက်လုပ်ပါ …

“Game အသက်ဝင်ဖို့ ဆိုတာ”

ပထမဆုံး ခင်များက 1 လွှာ (မြေညီထပ်) ကနေ တက်ရောက်ရမှာဖြစ်ပါတယ်။ ခင်များနဲ့ အတူ ဘယ်သူမှ လိုက်လို့ မရပါဘူး။ သေချာပါတယ်။ ဘယ်သူမှကို ခေါ်ဆောင်လို့ မရပါဘူး။ အဲ့လိုလုပ်ရင် Game ကအသက်မ၀င်ပါဘူးဗျ။

ဓာတ်လှေကားထဲရောက်ရင်တော့ နံပါတ် 4 ကိုနှိပ်ပါ။ တံခါးသူ့ ဘာသာသူ ပိတ်တာကိုစောင့်ပါဗျ။ အဲ့ဒါ ပိုစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ အကယ်လို့ 4 လွှာကိုရောက်သွားရင် အပြင်မထွက်ပါနဲ့ ။ ဓာတ်လှေကား ထဲကနေပဲ နံပါတ် 2 ကိုထပ်နှိပ်လိုက်ပါ။

2 လွှာကိုရောက်သွားခဲ့ရင် အပြင်မထွက်ပါနဲ့ ။ ထပ်ပြီးတော့ 6 ကိုထပ်နှိပ်ပါ။ ကျွန်တော်ပြောချင်တာကတော့ လုံးဝ အပြင်မထွက်ပါနဲ့ ။

6 လွှာကိုထပ်မံရောက်ရှိသွားရင်တော့ 2 လွှာကိုထပ်နှိပ်ပါ။ စကားမများပါနဲ့ ။ ကျွန်တော်ပြောသလိုသာလုပ် ပါ။

2 လွှာကိုထပ်မံရောက်ရှိသွားပြီဆိုရင်တော့ အပေါ်ဆုံးထပ် 10 ကိုနှိပ်ပါ။ အပေါ်ဆုံးထပ် 10 လွှာကိုရောက် ရင်တော့ 5 လွှာကိုထပ်နှိပ်ပေးပါ။ အဲ့မှာ ပွဲကစတာပဲ …

သေချာတာတစ်ခုကတော့ ခင်များ 5 လွှာကိုရောက်တဲ့အခါ အမျိုးသမီးတစ်ယောက် ခင်များဓာတ်လှေကား ထဲကို ၀င်လာပါလိမ့်မယ် ဆိုလိုတာကတော့ စကားသွားမပြောပါနဲ့ ။ ပြီးတော့ လှည့်မကြည့်ပါနဲ့ ။ ခင်များ ထင်သလို ရုပ်ရည်နဲ့ ခင်များမျှော်လင့်တာတွေ မဖြစ်လာပါဘူး။

သူမ ၀င်လာပြီဆိုတာနဲ့ 1 လွှာကိုပြန်ဆင်းလိုက်ပါ။ အဲ့မှာ 1 လွှာကိုဆင်းပေမယ့် ဓာတ်လှေကားက 10 လွှာ ကို ဆက်တိုက်တက်သွားပါလိမ့်မယ်။ အကယ်လို့ အဲ့အဆင့်မှာ ကြောက်လန့် မှုရှိနေရင်တော့ ခင်များ အလွယ်တကူဆင်းလို့ ရမယ့် အလွှာတွေကို စွတ်နှိပ်ပေးလိုက်ပါ။

Game က ပျက်ပါတယ်။

အကယ်လို့ 1 လွှာကို ဓာတ်လှေကားက ဆင်းသွားမယ်ဆိုရင်တော့ အေးဆေးပဲထွက်လိုက်ပါ။ နောက်လှည့် မကြည့်ပါနဲ့ ။ စကားမပြောပါနဲ့ ။ အဲ့ဒါက Game ထဲက ထွက်လိုက်တာပါ။

အကယ်လို့ 10 လွှာကို ဆက်တိုက်ကြီးတက်သွားပြီး ရောက်သွားရင်တော့ …

ရွေးချယ်စရာနှစ်ခုပဲရှိပါတယ်။ ဓာတ်လှေကားထဲမှာပဲ နေလို့ ရသလို အပြင်ထွက်ပြီး ကျန်ခဲ့လို့ လည်းရပါ တယ်။ အထဲမှာပဲ နေမယ်ဆိုရင်တော့ အဲ့အမျိုးသမီးက 5 လွှာကိုပြန်ဆင်းပါလိမ့်မယ်။ ကျွန်တော်ဆိုလိုတာ က သူမကို သွားမကြည့်ပါနဲ့ ။

10 လွှာမှာ ခင်များဆင်းကျန်ခဲ့မယ်ဆိုရင်တော့ ခင်များသိပ်သွားချင်နေတဲ့ အခြားသောကမ္ဘာတစ်ခုကို ရောက်သွားပါပြီ။ သူမကတော့ ခင်များနဲ့ အတူမလိုက်လာပါဘူး။ အဲ့ကမ္ဘာကိုရောက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ နဲ့ သိပ်မတူတဲ့ အရာတွေကို တွေ့ မြင်ရပါလိမ့်မယ်။ အဲ့ကျမှ ကြည့်ကြည့်ပေါ့လေ။

“အပြန်ခရီး”

အကယ်လို့ နောက်ဆုံးအဆင့်1 လွှာကိုနှိပ်လိုက်လို့ ခင်များလိုချင်သလို 1 လွှာကိုပဲဆင်းသွားမယ်ဆိုရင် တော့ Game ကိုအပြီးသတ်လိုက်တာပါ။

10 လွှာမှာနေခဲ့ပြီးရင်တော့ ခပ်ဝေးဝေးမသွားပါနဲ့ ။ ခဏတဖြုတ်နေပြီးရင်တော့ ဓာတ်လှေကားကို ပြန်ခေါ် လိုက်ပါ။ ပြီးရင်တော့ ခင်များ အစပြုခဲ့တဲ့ နည်းအတိုင်းပဲ ပြောင်းပြန်ပြန်နှိပ်ရင်း ကိုယ့်ကမ္ဘာကို ကိုယ်ပြန်ပါ။

အကယ်လို့ 1 လွှာကိုပြန်ရောက်ရင် ဓာတ်လှေကားထဲ မထွက်ပဲ ဟုတ် မဟုတ်ဆိုတာကို သေချာစစ်ဆေးပြီး မှထွက်ပေးပါ။ နောက်မို့ ဆိုတိုင်ပါတ်နေပါလိမ့်မယ်။

“အခြား ကမ္ဘာရဲ့ ထူးခြားချက်”

ခင်များ လိုက်ပါစီးနှင်းနေတဲ့ ဓာတ်လှေကားထဲကထွက်လိုက်တာနဲ့  ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ကြမ်း ပြင်ပုံစံတွေကိုတွေ့ ရပါလိမ့်မယ်။ နောက်တစ်ခုကတော့ ခပ်လှမ်းလှမ်းမှာ ပြတင်းပေါက်တွေတွေ့ ရတတ်ပါ တယ်။ ပြီးတော့ ကြက်ခြေခတ်အနေအထားကို အနီရောင်နဲ့ ပြုလုပ်ထားတဲ့အမှတ်အသားတွေရှိပါတယ်။

ကင်မရာ၊ Smart Phone နဲ့ ဘယ်ပစ္စည်းမှ အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် တချို့ ပြောတာကတော့ အလုပ် လုပ်ပါတယ်။

အရေးကြီးဆုံး ပြသနာကတော့ ခင်များ ဝေးဝေးလျှောက်သွားလေ ဓာတ်လှေကားနဲ့ အဆမတန်ပိုဝေးသွား လေပါပဲ။ နောက်ဆုံး ပိတ်မိပြီးတော့ ပြန်ထွက်လို့ မရတဲ့အထိ တိုင်ပတ်နေတတ်ပါတယ်။ ဒီကြားထဲ .. အသံ တွေဘာတွေ ကြားလာနိုင်ပါသေးတယ်။ ကံကောင်းရင်တော့ တစ်စုံတစ်ခုကိုလည်း မြင်တွေ့ နိုင်ပါတယ်။

“လိုက်ပါလာတဲ့ ဓာတ်လှေကားထဲက အမျိုးသမီး”

အထူးတားမြစ်ပါတယ်။ စကားသွားမပြောပါနဲ့ ။ ပြီးတော့ သွားမကြည့်ပါနဲ့ …

“Admin ကြုံတွေ့ တဲ့ အမှတ်တရ”

ဒီ Game ကိုဆော့ဖို့ လွန်ခဲ့တဲ့ 3 နှစ်လောက်က ဆုံးဖြတ်ခဲ့ပါတယ်။ မှတ်မှတ်ရရကတော့ ကျွန်တော် MCN သတင်းဌာနမှာ အလုပ်လုပ်တုန်းက FMI Tower မှာ အလုပ်ဆင်းရပါတယ်ဗျ။ အဲ့တိုက်က 10 ထပ်ရှိတဲ့ အဆောက်အဦးပဲဆိုပါတော့။

ကျွန်တော် ဓာတ်လှေကားစီးတိုင်း အဲ့ Game ကိုဆော့ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ တစ်နေ့ ရုံးဆင်းတာ နောက်ကျတော့ အဲ့ Game ကိုဆော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆော့နေရင်းနဲ့ Game ထဲကအတိုင်း အမျိုးသမီးတစ်ဦးလိုက်ပါစီးနှင်းလာပါတယ်။

ကျွန်တော် တော်တော်တိုင်ပတ်ပါတယ်။ စောက်ရမ်းလည်းလန့် နေပါတယ်။ နောက်ဆုံးတစ်လွှာကိုရွေး လိုက်ပါတယ်ဗျ။ ထူးဆန်းတာကတော့ တစ်လွှာရောက်တော့ အဲ့အမျိုးသမီးက သူအရင်ထွက်သွားပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း ခဏနားလိုက်ပြီးတော့ အဆောက်အဦးထဲက ထွက်လာခဲ့လိုက်ပါတယ်။

အဲ့အချိန်မှာ ထူးခြားတာတစ်ခုကိုတွေ့ လိုက်ပါတယ်။ ခုနက အမျိုးသမီးက FMI စင်တာရှေ့ က ဈေးဆိုင်တစ်ခုမှာ စတော်ဘယ်ရီသီး ၀ယ်နေတာကိုတွေ့ လိုက်ရပါတယ်။ ကျွန်တော်လည်း ပြုံးမိပြီး ထွက်လာခဲ့ လိုက်ပါတော့တယ်။

ကျွန်တော်တွေ့ ခဲ့တဲ့ အမျိုးသမီးကတော့ Yoma Bank ကအမျိုးသမီးတစ်ယောက်ပါ။ သူအလုပ်ဆင်းတာ နောက်ကျတာနဲ့ ကျွန်တော်နဲ့ တိုက်ဆိုင်တာပဲဖြစ်မယ်လို့ လည်းတွေးခဲ့မိပါတယ်။ ဒါပေမယ့် ထပ်ပြီးတော့ မစမ်းသပ်တော့ပါ။ 😁

image

Sort:  

Congratulations @amchann! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.031
BTC 61553.99
ETH 2881.27
USDT 1.00
SBD 3.54