:-) 😐

in #esteem6 years ago (edited)

*ပျဉ်းမ ငုတ်​တို

ဖုထစ်​ ရွတ်​တွ ၊ ငှက်​ လင်းတ သို့
ပျဉ်းမငုတ်​တို ၊ သက်​ကြားအိုသည်
ကုန်းမို့ထက်​တွင်​ တစ်​ပင်​တည်း ။

ခွဆုံ အ​ကွေး ၊ သစ်​​ခေါင်း​ဆွေးလည်း
အ​ဖေး တက်​လာ ၊ အိုင်းအမာသို့
ကျယ်​စွာ ဟက်​ပက်​ ခြအိမ်​ပျက်​ ။

ကုန်းမို ကမ်းပါး ၊ ​မြေပပ်​ကြားတွင်
စစ်​သားခ​မောက်​ ၊ ပိန်​​ခြောက်​​ခြောက်​လည်း
စစ်​​ရောက်​ စခန်း လက်​ပြညွှန်း ။

ထိုပင်​ ငုတ်​တို ၊ ပျဉ်းမအို သည်
စစ်​ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်​လည်းခံ ၊ ​နေလျှံလည်း တိုက်
လေပြင်းခိုက်​လျက်​ ၊ မငိုက်​ဦး​ခေါင်း
နွေသစ်​​လောင်း​သော်
ရွက်​​ဟောင်းညှာ​ကြွေ ၊ ရွက်​သစ်​​ဝေ၍
လေပြည်​ထဲတွင်​ ၊ ငယ်​ရုပ်​ဆင်​သည်
အသင်​ ​ယောင်္ကျား​ကောင်း တကား ။ ။

                       မင်း သု ဝဏ်

.......................

ငါ ​သေသွား​သော်

ငါသေသွားသော် . .
ပစ္စည်းဥစ္စာ ရတနာနှင့်
ရာထူးဂုဏ်ရှိန် မြတ်စည်းစိမ်တို့
ဘယ်မှာ ငါ့နောက်ပါမည်နည်း . ..

ငါသေသွားသော် . . .
အိမ်သူသက်ထား သမီးသားနှင့်
နောက်ပါးရံခြွေ ချစ်မိတ်ဆွေတို့
ဘယ်သူငါ့နောက် ပါမည်နည်း . . .

ငါသေသွားသော် . . .
တတ်သိလိမ္မာ နည်းပညာနှင့်
သင်လာခဲ့သမျှ ရဿ အဋ္ဌာ
ဘယ်မှာ ငါ့နောက်ပါမည်နည်း . ..

ငါသေသွားသော် . . .
ကမ္မအလုပ် ကောင်းကျိုးထုတ်နှင့်
စိတ်ယုတ်/စိတ်ကောင်း နည်းလမ်းပေါင်းက
အကြောင်းကြိုးရှာ လမ်းညွှန်ပါမည် . .
ငရဲ နိဗ္ဗာန် မဂ်လမ်းတည်း . . .

    ![image](https://img.esteem.ws/p9usp3po4k.jpg)

@alyk

Sort:  

Comming and Upvoted you :) !
:
“Some disabled people spend a significant amount of their energy on trying to come across as abled or as not that disabled.” ====> Mokokoma Mokhonoana

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 58183.32
ETH 2475.34
USDT 1.00
SBD 2.38