Truth

in #esteem8 years ago

ကျွန်တော် ဒီဓါတ်ပုံကို စမြင်တုန်းက သဘောရိုးပဲတွေးမြင်ခဲ့တာပါ။ ကြောင်လေးက မြွေဟောက်ရဲ့ အမြီးကို ကြွက်လို့ထင်ပြီး ဖမ်းဖို့ ပြင်နေတဲ့ ပုံပေါ့။

သေချာ လေ့လာကြည့်မှ ဒါဟာဓါတ်ပုံမဟုတ်ပဲ အီတလီပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Mr. Marco Melgrati ရေးဆွဲခဲ့တဲ့ သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

ပန်းချီဆရာဖော်ကျူးချင်တဲ့ အဓိပ္ပာယ်ကဒီလိုပါ။

မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီး ကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာ မင်းလုံးဝမသိသေးပဲ လွယ့်လင့်တစ်ကူ မကစားပါနဲ့ ၊ သူများက မင်းအကြောင်း အကုန်လုံးမြင်ပြီး သိပြီးသား ၊ မင်းကို မသတ်ချင်သေးလို့ ကြည့်နေတယ် ဆိုတာ မှတ်ပါ။

ဘာလုပ်လုပ် ဘယ်လိုလူစားနဲ့ တွေ့တွေ့ လူတိုင်းကိုလေးစားပါ ၊ ရိုးသားပါ ၊ မကစားပါနဲ့ ။
မင်းကစားလို့ လက်တစ်လောမင်းနိုင်ချင်နိုင်ပေမဲ့ နောက်လှည့်ရင် သေပွဲဝင်ရမယ်ဆိုတာ အမြဲ သတိရပါ။

ကြောင်သိပ်မလုပ်ကြပါနဲ့ ။
image

credit Yan Aung Myat Thu

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.077
BTC 63053.15
ETH 1665.69
USDT 1.00
SBD 0.41