ဘာဖြစ် ချင်ကြပါသလဲ (@aggamun)
သင် ခေါင်းဆောင် ဖြစ်ချင်သလား။ နောက်လိုက် ဖြစ်ချင်သလား။
ဤသို့သောမေးခွန်းမျိုး သို့မဟုတ် ဤမေးခွန်းနှင့် ခပ်ဆင်ဆင် တူသော မေးခွန်း မျိုးကို သင် အမေးခံရဖူး ပါသလား မိတ်ဆွေ။ ကျွန်တော် ထင်တယ်ဗျ။ ခဏ ခဏ အမေးခံရလိမ့်မယ်လို့လေ။ ဒါမှမဟုတ် လည်းဗျာ ပတ်ဝန်းကျင်မှာ မေး မေးနေ ကြတာလည်း ကြားဖူးကြမှာပေါ့။ ကျွန်တော်တို့ ကလေး ဘဝကလည်း အမေးခံရလေ့ ရှိတယ် မဟုတ်လားဗျာ။
မိတ်ဆွေ သင်သည် တိုးတက်ချင် စိတ် ရှိသူ၊ ဦးဆောင် ဦးရွက် ပြုချင်သော စိတ်ဆန္ဒ ရှိသူ ဖြစ်ပါက ခေါင်းဆောင် ဖြစ်ချင်မှာပေါ့။ ဒီလိုမှ မဟုတ် အေးအေး ဆေးဆေး နေလိုသူ၊ ရှိတာလေးနှင့် ရောင့်ရဲ တင်းတိမ်နိုင်သူ ဖြစ်ရင်တော့ နောက်လိုက် ကို ရွေးမှာပေါ့။ အဲသလို ရွေးချယ်ရာမှာ အကြောင်းတရား များစွာ ရှိပေမဲ့ အသင့်အတင့် သာ ဖော်ပြ လိုက်မယ်။ အဓိက ပြောချင်တာ လွတ်သွားမှာ စိုးလို့။
ယေဘုယျ အားဖြင့် အများစုက ခေါင်းဆောင်ပဲ ဖြစ်ချင် ကြမှာ။ ဘာကြောင့် လဲဆိုတော့ ခေါင်းဆောင် နေရာက ခံစားခွင့် များ ရှိနိုင်တယ်လို့ ယူဆမိလို့လေ။ ဟုတ်တယ် ခေါင်းဆောင် နေရာတွင် ခံစားခွင့် အနည်းအများ တော့ ရှိနိုင်တယ်။ ဒါပေသိ ပေးဆပ်ထားမှု တွေလည်း ရှိနိုင်တယ်လေ။ ဒါကို ကျ တော်ရုံ ဘယ်သူမှ မတွေးမိဘူး။ ခေါင်းဆောင်ရဲ့ စေတနာ ပေါ် မူတည်ပြီး အနစ်နာခံမှုတွေက ရှိနေတတ်တယ်။ ဒါကို ဖုံးကွယ်ထားလို့ မရသလို မေ့ပစ်ဖို့လည်း မသင့်ပါဘူး။
ခေါင်းဆောင် တစ်ယောက်ဟာ ဒီ အနစ်နာခံမှု ကို လစ်လျူရှုပြီး ခေါင်းဆောင် နေရာကို ဖက်တွယ်ထားမယ် ဆိုရင်တော့ ဒါဟာ အာဏာရှင် ပဲဖြစ်သွားမယ်။ ခေါင်းဆောင် ဘယ်တော့မှ ဖြစ်မလာဘူး။ ဒါကိုလည်း ဘယ်လိုမှ ဖုံးကွယ် ထားလို့ မရပါဘူး။ ခုခေတ်လို ဘယ်နေရာက ဘာဖြစ်ဖြစ် ချက်ချင်း သိနိုင်တဲ့ အနေအထား ဆိုတော့။
တကယ်တော့ လူတိုင်းက ခေါင်းဆောင် ချည်းပဲ ဖြစ်လို့ မရ သလို နောက်လိုက် ပဲ လုပ်နေလို့ မဖြစ်နိုင်ဘူးဆိုတာ အထင်အရှားပါပဲ။ အရေး ကြီးဆုံးကတော့ ခေါင်းဆာင် ဖြစ်သည် ဖြစ်စေ၊ နောက်လိုက် ဖြစ်သည် ဖြစ်စေ **တာဝန်ကျေဖို့ ** ပါပဲ။ ကိုယ့်တာဝန် ကိုယ်ကျေမှ ကျွန်တော်တို့ လိုချင်တဲ့ အရွေ့ကို အလွယ်တကူ ရွေ့လျား ရောက်ရှိမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ချည်းပဲ လုပ်နေလို့ မရ သလို နောက်လိုက် ချည်းပဲ ရှိနေလို့ အလုပ် မဖြစ်ပါဘူး။
ကျွန်တော်တို့ တာဝန်ကျေသူဖြစ်အောင် အရင် ကြိုးစား ကြရအောင်လား ဗျာ။ ဒီတော့ ဗျာ ကျွန်တော့ကို အဲဒီမေးခွန်း လာမေးရင်တော့ နောက်လိုက် ဖြစ်ရသည် ဖြစ်စေ၊ ရှေ့လိုက် အဲလေ ခေါင်းဆောင် လုပ်ရသည် ဖြစ်စေ တာဝန် ကျေအောင်ပဲ လုပ်ချင်ပါတယ်လို့ ဖြေမိမှာ ဖြစ်ပါကြောင်း ………
Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022

#myanmar
#msu
ဘာမှမဖြစ်ချင်ပါပု :-D
ရဘူး တစ်ခုခုတော့ ဖစ်ရမယ်ဗျ။ 😜
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by aggamun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
နောက်လိုက်ပဲ ဖြစ်ချင်တယ်။ခေါင်းဆောင်လုပ်ရတာ ကြောက်တယ်။တာဝန်ကြီးလို့
Posted using Partiko Android
ဟုတ် 👍 👍
Posted using Partiko Android
Good Post
thz a lot bro
Posted using Partiko Android
sp များတဲ့သူဖြစ်ချင်ပါတယ်😁
ဆုတောင်း ပေးပါတယ်။
Posted using Partiko Android
nice post