မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Crypto လုပ်ငန်းဆောင်ရွက်ချက်များကောက်နှုတ်ချက်

in #esteem6 years ago (edited)

image
Credit:photo
===========================

မေး။ Cryptocurrency ကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေတွေကို မဖြစ်ပေါ် စေတဲ့ ဆောင်ရွက်ချက်တွေကို သိလိုပါတယ်။

ဖြေ။ Cryptocurrency သည် ရွှေ (သို့ မဟုတ်)အခြားအရာတစ်ခုခုကို ကျောထောက် နောက်ခံထားပြီး ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေး မျိုးမဟုတ်ဘဲ သင်္ချာနည်းပညာ(Mathematical Algorithm)နဲ့ လျှို့ဝှက်သင်္ကေတသတ်မှတ်ခြင်း နည်းပညာ(Cryptography)အပေါ် အခြေခံ ထုတ်ဝေထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency) ဖြစ်ပါတယ်။

Cryptocurrencyအသုံးပြုခြင်းရဲ့ အားနည်းချက်တွေမှာ တရားဝင်အသိ အမှတ် ပြုထားတဲ့ငွေကြေးမဟုတ်တဲ့အတွက် ပေါ်ပေါက် လာတဲ့ဆုံးရှုံးမှုတွေကို အကာအကွယ်ပေး နိုင်မယ့် ဥပဒေဆိုင်ရာအာမခံချက်မရှိခြင်း၊ သုံးစွဲမှု၊ ဈေးကစားမှု မြင့်တက်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် ဆုံးရှုံးနိုင်ခြေ မြင့်မားခြင်း၊ Cryptocurrency ဖြစ်တဲ့ အတွက် Hackers များက အချိန်မရွေး နှောက်ယှက်ခိုးယူနိုင်သောကြောင့် လုံခြုံစိတ်ချ ရမှုမရှိခြင်းနဲ့ ငွေကြေးခဝါချမှု (Money Laundering)၊ အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ခြင်း(Terrorist Financing)၊ အခွန်ရှောင်ရှားခြင်း (Tax Evasion)နဲ့ လိမ်လည်မှုကျူးလွန်ခြင်း (Fraud)များ ပေါ်ပေါက်နိုင်ခြင်းတွေဖြစ်ပါတယ်။

လက်ရှိ ထုတ်ဝေအသုံးပြုလျက်ရှိတဲ့ Cryptocurrency များစွာရှိတဲ့အနက် Bitcoin ဟာ အသုံးပြုမှုအများဆုံးဖြစ်ပါတယ်။Bitcoin နဲ့ အခြား Cryptocurrencyတွေသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံး နိုင်ခြေကို ကာကွယ်ဖို့အတွက် နိုင်ငံအချို့က စည်းမျဉ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့ကြ ပါတယ်။ ဂျပန်နိုင်ငံဟာJapan's Service Act (2016)အရ Bitcoin နဲ့ အခြား Cryptocurrencies များနဲ့ ပေးချေမှုတွေကို တရားဝင်ငွေကြေးမဟုတ်တဲ့ ပေးချေမှုများ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံဗဟိုဘဏ်သည် Bitcoin ရောင်းဝယ်ခြင်းကို ပုဂ္ဂလိကအဖွဲ့အစည်းတွေ ကို ခွင့်ပြုထားပေမယ့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကစပြီး ဘဏ်ကဲ့သို့သော ငွေရေးကြေးရေး အဖွဲ့အစည်းများအား တားမြစ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က Virtual Currency အသုံးပြုသူတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ Anti-money Laundering Law နဲ့ ငြိစွန်းသူအဖြစ်သတ်မှတ်ပြီး ပြစ်ဒဏ် ပေးခြင်းခံရမယ်လို့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ လမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အိန္ဒိယဗဟိုဘဏ်ကလည်းBitcoin အပါအဝင်Virtual Currency သုံးစွဲခွင့်ကို မည်သည့်အဖွဲ့အစည်း၊ ကုမ္ပဏီကိုမှ လိုင်စင် ထုတ်ပေးထားခြင်းနဲ့ အာဏာပေးအပ်ထားခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အင်ဒိုနီးရှား ဗဟိုဘဏ်က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှာ ငွေပေးချေမှုများပြုလုပ်ရာမှာ Bitcoinအပါအဝင် Virtual Currencies များသည် တရားဝင်ငွေကြေးများ မဟုတ် ကြောင်း၊ မလေးရှားနိုင်ငံ ဗဟိုဘဏ်က Bitcoinကို တရားဝင်ငွေကြေးအဖြစ် အသိအမှတ် မပြုကြောင်း၊ စင်ကာပူ ငွေကြေးအာဏာပိုင် အဖွဲ့က Bitcoin သည် ငွေကြေးအစစ်အမှန် မဟုတ်သည့်အတွက် သတိထား ဆောင်ရွက် သင့်ကြောင်းနဲ့ Bitcoin ဖြင့် ရင်းနှီးမြှုပ်နှံ မှုများသည် ဆုံးရှုံးနိုင်ခြေ မြင့်မားကြောင်း တွေကို သတိပေးချက် အသီးသီးထုတ်ပြန်ခဲ့ကြ ပါတယ်။

၂ဝ၁၆ ခုနှစ်မှာ မြန်မာနိုင်ငံရှိ ကုမ္ပဏီ တစ်ခုဟာ S-Coin ကို ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ အများပြည်သူကို စည်းရုံးဆွေးနွေးမှုတွေ ပြုလုပ် လျက်ရှိကြောင်းသိရှိမှုအပေါ် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က သတိပေးဆောင်ရွက် ခဲ့ရာမှာ 'IT နည်းပညာတိုးတက်လာခြင်း ကြောင့် ကမ္ဘာအနှံ့၌ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာ (Financial Technology)များ အများအပြားပေါ်ပေါက်လာခဲ့ရာ online ဖြင့် ငွေကြေးအပေးအယူကိစ္စရပ်များအား Internet၊ e-banking၊ i-banking၊ Mobile Bankingသုံး၍ဖြစ်စေ၊ Credit Card မှဖြစ်စေ ငွေကြေးထည့်ဝင်၍ ဘဏ်လုပ်ငန်းကဏ္ဍ (Banking Sector)ကို ဖြတ်သန်းနိုင်ပြီး တရားမဝင်ငွေကြေးစီးဆင်းမှုနှင့် ငွေကြေးခဝါ ချမှုများလည်းရှိလာနိုင်သောကြောင့် ဘဏ်များ အနေဖြင့် မိမိဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်သူ အပေါ် အလေးထားစိစစ်ခြင်း (Customer Due Diligence-CDD)ကို တိုးမြှင့်ဆောင်ရွက် ကြရန်'' ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ ဘဏ်တွေကို သတိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ် ဇွန် ၉ ရက်မှာ ဘဏ်များ အနေဖြင့် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ လမ်းညွှန်ချက်များနှင့်အညီ AML/CFT လုပ်ငန်းစဉ်အား တိုးမြှင့် ဆောင်ရွက်ရန်၊ ငွေစာရင်းတစ်ခုအတွင်းသို့ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲဆောင်ရွက်ကြောင်း တွေ့ရှိရပါက သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှု သတင်း ပေးပို့ချက်အဖြစ် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရန်နှင့် ဘဏ်၏ပေါ့လျော့မှုကြောင့် AML/CFTနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် ဘဏ် ဝန်ဆောင်မှုကို ကြိမ်ဖန်များစွာ အသုံးချနေ ကြောင်း စစ်ဆေးတွေ့ရှိရပါက စီမံခန့်ခွဲမှု ဆိုင်ရာ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတိပေး အကြောင်းကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆုံးရှုံးနိုင်ခြေမြင့်မား တဲ့ Bitcoin အပါအဝင်အခြားသော Cryptocurrenciesများအပေါ် ရင်းနှီးမြှုပ်နှံ မှုများပြုလုပ်ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ပြည်သူများသို့ စည်းရုံးဆွဲဆောင်ခြင်းများ ပြုလုပ်ခြင်းကို တားမြစ်နိုင်ဖို့အတွက် Cryptocurrency အသုံးပြုခြင်းကို တားမြစ်ကာ တရားမဝင်ရောင်းဝယ်မှုသတ်မှတ်ပြီး AML/CFT စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်ကြောင်း ကြေညာချက် ထုတ်ပြန်ခြင်း များ ပြုလုပ်သင့်ပါတယ်။ Cryptocurrency အသုံးပြုမှုများ ပြုလုပ်နိုင်တဲ့Hardware သို့မဟုတ် Softwareရောင်းဝယ်မှုတွေကို တားမြစ်ပိတ်ပင်ခြင်းနဲ့ Cryptocurrency အရောင်းအဝယ်ပြုလုပ်တဲ့ Website များ၊ မိုဘိုင်း Software များနဲ့ အခြားသော ကြားခံ ဝန်ဆောင်မှုပေးခြင်းများကို ထိန်းချုပ် တားမြစ်ခြင်းတွေ ဆောင်ရွက် သင့်ပါတယ်။

၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာများဘုတ်အဖွဲ့ အစည်းအဝေး (Board of Directors' Meeting)မှာ Cryptocurrency နဲ့ စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြပါတယ်။ ယခုအခါ မိမိတို့နိုင်ငံမှာ Cryptocurrency အမျိုးအစားများနဲ့ ဆက်စပ်တဲ့ကိစ္စများကြောင့် ပြည်သူများဆုံးရှုံး နစ်နာခဲ့တဲ့အတွက် အလားတူကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ Cryptocurrencies သုံးစွဲခြင်းကို အသိအမှတ်မပြုကြောင်း ညွှန်ကြားချက် ထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးကို တင်ပြခွင့်ပြုချက် တောင်းခံရယူပြီး ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။

Sort:  

good post

Congratulations! This post has been upvoted from the communal account, @minnowsupport, by acid231 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64359.49
ETH 2619.41
USDT 1.00
SBD 2.83