About Car (12)

in #esteem-awesome6 years ago

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း။(၁၂)

(၁၃) KZ နှင့် KD သတ္ထုဟက်များတွင် အတွင်းပိုင်းချို့ယွင်းချက်ရှိခြင်း 1KZ နှင့် 1/2KD အင်ဂျင်များတွင် သတ္ထုဟက်အတွင်းပိုင်း ချို့ယွင်းချက်ရှိခြင်း ကြောင့်လည်း ရေဆူတတ်ပါသည်။ထိုသို့ဖြစ်သောအခါ အမှတ်စဉ်(၁)မှ(၁၀)ထိ စစ်ဆေးပြုပြင်ပြီး၍ မကောင်းသေးသောကြောင့် ဟက်ဖွင့်စစ်ဆေးသောအခါ ဂက်စကက် အပြစ်လည်းမတွေ့ရ၊ ဟက်မျက်နှာပြင်နှင့် ဘလောက်မျက်နှာပြင် များသသည်လည်း ခွက်ခြင်းမတွေ့ရပါက ဟက်အသစ်ကိုမှာယူပြီး လဲပါမှ ကောင်းသွားပါသည်။စက္ကန်းနှင့် ဂျပန်ကျ ဟက်များကို ထည့်ပါက ၇/၈ လုံးအထိပင် လဲရတတ်ပါသည်။ထို့ကြောင့် ထိုဟက်များပြဿနာရှိလာပါက ဟက်အသစ် ကုမ္ပဏီထုတ်ကိုသာ ထည့်မှသာ တစ်ခါတည်းဖြင့် စိတ်ချရပါသည်။ကျွန်တော်လည်း ဟက်အသစ်သာလျှင်သုံးပါသည်။ ဘားကရိုင်း၍ ဘားပြန်ချိန်ရမည်ဖြစ်ပါသည်။သို့သော် တစ်ခါတည်းဖြင့် ပြီးပြတ်သွားသောကြောင့် ကားရှင်ရော ဝပ်ရှော့ဆရာပါ စိတ်ချမ်းသာရပြီး အချိန်ကုန် အလုပ်ရှုပ်ခြင်းမရှိတော့ပါ။

@taori

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.034
BTC 64116.01
ETH 2758.41
USDT 1.00
SBD 2.65