About Car (11)

in #esteem-awesome6 years ago

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း။(၁၁)

(၁၁) Engine Head Gasket မကောင်းခြင်း အထက်ပါအချက်များကြောင့် ရေဆူနေခြင်းကို မသိရှိ၍ မစစ်ဆေးမပြုပြင်မိပါက ရေဆူတာကြာလာသောအခါ ဂက်စကက်ပြတ်ခြင်း၊ဟာခြင်းတို့ ဖြစ်လာပါသည်။ ထိုအဆင့်တွင်တော့ ဟက်ဖွင့်၍ ဂက်စက်လဲမှသာ ကောင်းတော့မည်ဖြစ်ပါသည်။

(၁၂) အင်္ဂျင်ဟက်မျက်နှာပြင်နှင့် ဘလောက်မျက်နှာပြင်ခွက်ခြင်း ရေဆူချိန်ကြာမြင့်၍ ဂက်စကက်ပြတ်သောအဆင့်သို့ ရောက်လာလျှင် ဟက်မျက်နှာပြင်နှင့် ဘလောက်မျက်နှာပြင်ခွက်ခြင်းတို့ တစ်ဆက်တည်း ဖြစ်ပါသည်။ထိုကဲ့သို့ဖြစ်လာလျှင် ဟက်အား ဟက်သသောအလုပ်ရုံသို့ပို့ကာ မျက်နှာပြင်ညီအောင် သ ရမည်ဖြစ်ကာ ဘလောက်မျက်နှာပြင်ခွက်သည်မှာ အနည်းငယ်မျှသာဖြစ်တတ်၍ ဓါးသွေးကျောက်အကောင်းစားနှင့် ဒီဇယ်ဆီတို့ဖြင့် ဘလောက်မျက်နှာပြင်အား စိတ်ရှည် လက်ရှည် ညီအောင်အထိ တိုက်ပေးမှသာ ရေရှည်အသုံးခံပါသည်။ထို့သို့ တိုက်ရာတွင် ကျွမ်းကျင်သူများ၊ ဆရာများကိုယ်တိုင် တိုက်ရပါမည်။ပညာသင်များဖြင့် တိုက်ခိုင်းပါက ကားပိုင်ရှင်သာ ရှုံးဆုံးနစ်နာရန်ရှိပါသည်။ဘလောက်မျက်နှာပြင်ကို ကျောက် ဖြင့်မတိုက်ခင် အင်ဂျင်ဝိုင်တက်သောအပေါက်နှင့် ဆင်းသောအပေါက်များကို တစ်ရှုး စက္ကူစအကောင်းစားဖြင့် လုံအောင်ပိတ်ထားကာ မျက်နှာပြင်ညီ၍ သန့်ရှင်းရေးလုပ်ပြီးမှသာပြန်ထုတ်ပါ။ ထိုသို့တိုက်ရာတွင် ဓါသွေးကျောက်ကို အင်ဂျင်ဘလောက်မျာက်နှာပြင်အား ကန့်လန့်ဖြတ် ဒေါင်လိုက်အနေအထားဖြင့်သာ တိုက်ရပါမည်။ တိုက်နေစဉ် နာရီဝက်ခန့်တစ်ခါ မျက်နှာပြင်ညီသော သံဟက်အဟောင်းကို အလျားလိုက်တိုက်၍ ကျောက်မျက်နှာပြင်ညီအောင် ပြန် ပြန်ညှိပေးပါ။ ဓါးသွေးကျောက်အပေါစားများလုံးဝ မသုံးရပါ။အပေါစားသုံးပါက ကျောက်မှုန့်များ အလွန်အမင်းထွက်လာတတ်ပြီး အင်ဂျင်အား ဒုက္ခပေးတတ်သည်။အင်ဂျင်ဝိုင်တက်သောအပေါက်နှင့် ဆင်းသောအပေါက်များ ကိုပိတ်သော တစ်ရှုးစက္ကူစကို အပေါစားသုံးပါက ပြန်ထုတ်ရာတွင် ပြတ်သွား တတ်သောကြောင့် ထုတ်ရခက်ခဲ၍ အကောင်းစားသာသုံးပါ။ ဘလောက်မျက်နှာပြင်ခွက်နေသည်မှာများပါက အင်ဂျင်အားအလုံးလိုက်ချကာ ဟက်သသော အလုပ်ရုံပို့ပြီး ဘလောက်မျက်နှာပြင် သ သင့်ပါသည်။ ထိုသို့ ဟက်ရော ဘလောက်ပါ သ ရပါက ဟက်ဂက်စက်အား မူလအထူထက် 0.5 mm အနည်းဆုံးပိုထူသော ဂက်စကက်ကို ထည့်ရပါသည်။ ထိုကဲ့သို့ ထည့်မှသာ ရေရှည်အသုံးခံပါသည်။
(ဘလောက်ကို မိမိဘာသာ စိတ်ရှည်ရှည်ဖြင့် သပေးခြင်းသည်
အင်္ဂျင်မချရသောကြောင့် ကားပိုင်ရှင်အတွက် အကုန်အကျပိုသက်သာပါသည်။
ရေအရမ်းဆူကာ ထိုးရပ်သွားသောကားများတွင်တော့ အင်္ဂျင်ချကာ
ပစ္စတင်ရင်းပါအသစ်လဲရပါမည်။)

@taori

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60752.38
ETH 2453.49
USDT 1.00
SBD 2.63