###### စံပယ်ပန်း #####

in #esteem-awesome7 years ago (edited)

ပန်းတို့သဘာဝသူ့အဆင်းနင့်အချင်းနှင့်
ပန်းတို့၏ အဆင်းကား လှပခြင်း လိုချင်တမ်မက်စရာကောင်းခြင်း နှစ်သက်မြတ်နိုးစရာကောင်းခြင်း ။ ။
အချင်းကား သင်းပျံ့မွှေးကြိုင်ခြင်း ရနံ့ကြောင့် လူတို့၏ စိတ်ကိုနှစ်လို့စေခြင်း အမောာပြေစေခြင်း မြတ်နိုနှစ်သက်မှုကိုဖြစ်စေခြင်း ။ ။
နွေဦးညနေခင်း လေနုအေးလေးကတဖြူး ပန်ရနံ့က သင်းပျံ့မွှေးကြိုင် ။ ။
ပန်းသဘာဝ သူ့အဆင်း နှင့်အချင်းနှင့်
ပန်းဆိုလျှင်နှစ်သက်တယ် မြတ်နိုးတယ်
ဘယ်လိုပန်းဖြစ်ဖြစ် ကွယ်။ ။ image

စံပယ်ပန်းကိုသင်သိပါသလား။?

ဘယ်အချိန်မှာဖူးပွင့်ပါသလဲ။?
တနှစ်လျှင်ဘယ်နှစ်ဖူးပွင့်ပါသလဲ?
အပွင့် အကြီး လား? အသေးလား?
အပင်ငယ်မျိုးဖြစ်ပြီးအပင်များသည်တပင်မှတပင် အမြစ်မှပွားကြသည်။ပထမ တပင်စိုက်ထားလျှင်တနှစ်လောက်ကြာသောအခါစံပယ်ရုံကြီးဖြစ်နေပေလိမ့်မည်။အဆုပ်လိုက်အခိုင်လိုက်ဖူးပွင့်ကြကာ အပွင့်အရွယ်မကြီးလွန်းမသေးလွန်အနေတော်ဖြစ်သဖြင့်တခိုင်ခြင်းသော်လည်းကောင်းအပ်ဖြင့်သီကုံး၍ သော်လည်းကောင်းနှစ်သက်သလို ပန်ဆင်ကြပါသည်။
သင်းပျံ့မွေးကြိုင်လှပါသည်။အမျိုးသမီးတိုင်းနှစ်သက်မြတ်နိုးစွာပန်ဆင်ကြပါသည်။ စံပယ် အကြောင်းကို စာဆိုတို့ အမျိုးမျိုးစပ်ဆိုကြပါသည်။
စံပယ်တဲ့လေးရုံ
ပျို့တို့မောင်မပန်ထိုက်တယ်။
ပန်းပြတ်ခိုက်ကြုံ
တငုံဖြင့်ကျန်ပါသေး
ပန်ခြင်ရင်ပျို့မောင်ကြီးရယ်
ခေါင်းဖီးခဲ့လေး ။ ။

photo credit

6 : 30 PM

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62852.17
ETH 2463.87
USDT 1.00
SBD 2.64