## ခွေးတောက် ပင် စိုက်ပျိုနည်း##
in #esteem-awesome6 years ago (edited)
image
ခွးတောက်ပင်ကိုမြင်ဖူးကြပါသလား။နွယ်ပင်မျိုးဖြစ်သည်။ထိုဟာ၏အရွက် အဖွင့် အဖူးတို့ကို့ကြော်၍တမျိုး ချက်၍တဖုံ ပြုတ်ပြီးအတို့အမြှုတ်လုပ်၍တမျိုးအမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။ ခါးသက်သောအရသာရှိသည်။
ထိုဟာကိုမည်သို့စိုက်ပျိုးကြပါသနည်။
.
၁။အ​စေ့မှပျိုးယူခြင်း
၂။ကိုင်းဖြတ်​ပျိုးယူခြင်း
ဟူ၍နည်းနှစ်​နည်းဖြင့်​ပျိုးယူစိုက်​ပျိုးနိုင်​ပါသည်
၁။အ​စေ့မှပျိုးယူခြင်း
ပျိုး​စေ့မျာရကို​ရေတနာရီခန့်​စိမ်​ထားပါ
သဲသို့မဟုတ်​စက်​ဖွဲပြာကိုအရိပ်​ကျသည့်​​နေရာတွင်​​ဘောင်​လုပ်​​ရေဝ​အောင်​​လောင်း​ထားပြီး​ရေစိမ်​ထားသည့်
ဂွေး​တောက်​မျိုး​စေ့ကိုပါးပါးဖြူး​ပေးပါ
ယင်းပျိုး​ဘောင်​​လေလုံ​အောင်​ပလပ်​စတစ်​အကြည်​စဖြင့်​ဖုံးအုပ်​ထား​ပေးပါ
၃ရက်​ခန့်​အကြာတွင်​အ​ညှောင့်​​လေးများ​ပေါက်​လာပါမည်
အ​ညှောင့်​​ပေါက်​လာသည့်​​ဂွေး​တောက်​မျိုး​စေ့များကိုအသင့်​ပြုလုပ်​ထားသည့်​ ၆×၈ပျိုးအိပ်​ထဲသို့​ပြောင်း​ရွှေ့​ပေးပါအ​စေ့ကိုအိပ်​အ​ပေါ်ယံတွင်​အသာချပြီးစက်​ဖွဲပြာမရှိပါက​မြေသို့သဲံဖြင့်​ဖုံးယံသာဖုံး​ထား​ပေးပါ
ဂွေး​တောက်​မျိုးအ​ညှောင့်​​ပေါက်​ခါစကိုပျိုအိပ်​ထဲမထည့်​မှီ​ရေကြိုတင်​​လောင်း​ထား​ပေးရပါမည်
ပြီးမှအ​ပေါ်ယံ​မြေဖွဲပြာစိုယုံ​လေး​ရေဖြန်းကရိယာ​ဆေးဖြန်းပုံးတို့ဖြင့်​ဖြန်း​ပေးပြီးအရိပ်​​အောက်​တွင်​ထား​ပေးပါ
နေ့စဉ်​​မြေအစိုအ​ခြောက်​ကိုကြည့်​ပြီး​ဆေးဖြန်းပုံးဖြင့်​​ရေမှုန်​​လေးဖြန်း​အေးပါ
အရိပ်​ထဲ၃ရက်​ခန့်​ထားပါကအပင်​​လေးများ​ပေါက်​လာပါမည်​အရွှက်​နှစ်​ရွှကာခန့်​ထွက်​လာပါက​နေ​ရောင်​​အောက်​သို့​ပြောင်း​ရွှေ့​ပေးပါ
အပင်​အရွှက်​၄ ၅ ရွှက်​ခန့်​ထွက်​လာပါကအသင့်​ပြုလုပ်​ထား​သောစိုက်​ခင်းသို့​ပြောင်း​ရွှေ့စိုက်​ပျိုးနိုင်​ပါပြီ
၂။ကိုင်းဖြတ်​ပျိုးယူစိုက်​ပျိုးခြင်း
ဂွေး​တောက်​ကိုင်းအဆစ်​တဆစ်​လျင်​တပင်​ပျိုးယူနိုင်​ပါသည်​အဆစ်​မှ​​အောက်​သို့၅လက်​မခန့်​အဆစ်​တိုင်းဖြတ်​ယူစု​ဆောင်းပါ
၎င်းအဆစ်​တခုစီပါ​သော​ဂွေး​တောက်​ကိုင်းများကို အသင့်​ပြုလုပ်​ထား​သော ၆ ×၈ပျိုးအိပ်​များကို​ရေဝ​အောင်​​လောင်း​ပြီးပျိုးအိပ်​အလယ်​တွင်​ထမင်းစားသည့်​တူ​ချောင်းဖြင့်​​မြေကြီးကိုထိုးချကာအ​ပေါက်​ဖြစ်​​အောင်​လုပ်​ပြီး​ဂွေး​တောက်​ကိုင်းကိုအဆစ်​ပါသည့်​ဘက်​ကို၁လက်​မခန့်​​ဖော်​ထားပြီးအရင်းဘက်​ကိုတူ​ချောင်းဖြင့်​အ​ပေါက်​​ဖော်​ထားသည့်​​နေရာတွင်​ထိုးထည့်​ကာ​မြေကိုကြပ်​​နေ​အောင်​ဖိထား​ပေးပါ
ဂွေး​တောက်​ပျိုးကိုင်းထည့်​ပြီးသည့်​​ပျိုးအိပ်​ကိုအရိပ်​​အောက်​တွင်​ထား​ပေးပါ
နေ့စဉ်​​မြေအ​ခြောက်​အစိုကိုကြည့်​၍​ဆေးဖြန်းပုံးဖြင့်​​ရေလိုသ​လောက်​ဖြန်း​ပေးပါ
၁၀ရက်​ခန့်​အကြာတွင်​ရွှက်​သစ်​များထွက်​လာပါမည်
အမြစ်​များကတလခန့်​မှထွက်​လာမည်​ဖြစ်​၍
၄၅ရက်​​​ကျော်​မှ​မြေချစိုက်​သင့်​ပါသည်
အပင်​ကိုတအားမကြီး​စေဘဲ
၎​ပေ​အောက်​ထားရှိကာ
ခြုံဝီုင်းသဖွယ်​ဖြစ်​​အောင်​စိုက်​ပျိုးယူပါကခူးယူရလွယ်​ကူ
ပြုစုရလွယ်​ကုမည်​ဖြစ်​ပါသည်။
                                                                       photo  credit
Coin Marketplace
STEEM 0.17
TRX 0.15
JST 0.028
BTC 57613.91
ETH 2390.20
USDT 1.00
SBD 2.43