## ဗု ဒ္ဓဝင်##

in #esteem-awesome6 years ago (edited)

image
မြတ်စွားဘုရားသခင် အရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူသော တရားတော်အကြောင်း

      ဗုဒ္ဓဝင် အပိုင်း (၁၇)

ဘုရားလောင်း သိဒ္ဓတ္ထ မင်းသားသည် ဃဋီကာရ ဗြဟ္မာမင်းကြီး ဆက်ကပ်သော သင်္ကန်းပရိက္ခရာ
ရှစ်ပါးကို ခံယူကာ ရဟန်းပြုတော်မူ၏။
ထိုသို့  ရဟန်းပြုတော်မူပြီး အ နော်မ်ာမြစ်၏ ဒီမှာဘက်ကမ်းတွင် သရက်တော အုပ်တစ်ခုတည် ရှိ
၏။
အ လောင်းတော် ရဟန်း သိဒ္ဓတ္ထသည် ထို သရက်တောအုပ်ထဲမှ သစ်သီးဝလံတို့ ကို အစာအဟာရဖြင့် 
မှီဝဲကာ ခုနှစ် ရက် အတွင်း သရက်တော ထဲမှာ မှီတင်းနေထိုင် ခဲ့ လေသည်။

သရက်တောမှ မှီတင်းနေထိုင် ခဲ့ ရာ ရှစ် ရက် မြောက်နေ့ တွင် အ လောင်းတော် ရဟန်းသိဒ္ဓတ္ထ သည်
သရက်တော အပြင် သို့  ဆွမ်းခံ ရန် လမ်းလျှောက် ထွက်လာရာ ရာဇဂြိုလ် ပြည် သို့ ရောက်လာခဲ့ ချေ
သည်။
ရာဇဂြိုလ် မှ တိုင်းသူ ပြည်သား များက အ လောင်းတော် ရဟန်း၏ ရုပ် ရည် ကို ကြည့် ကာ များစွာ
သော လူ တို့ အံ့ သြ ကြကုန်လေ၏။
အရွှယ်ကလည်း နုပျို တုန်း(သက်တော် ၂၉ နှစ်မှာ) အချို့ သော ပြည်သူ ပြည်သားများ ဒီ ရဟန်းက
ကောင်းကင် ဘုံ မှ လူ့ ပြည် ကို ဆင်းသက်လာသည့် အလား ထင် ကြ၏။
ရုပ် ရည် ရူပ လှပ ချောမော ထယ်ဝါ ခန့် ညား လှပေ၏။
အ လောင်းတော် ရဟန်း ၏တိတ်ဆိတ်သော ကျင့် ကြံနေထိုင် မူ တည်ကြည်သော မျက်နှာ အဆင်းတို့ 
နှင့်  ယဉ်ယဉ်ကျော့ ကျော့  အေးချမ်းသော အိဒ္ဒြရေ တို့ ကြောင့်  လူသူ အများ ကြည်ညိုလေးစားလာ
ကြကုန်၏။

ဆွမ်း ဘောဇဉ် တို့ ကို လည်း လောင်းလှူပေးကြကုန်၏။
အ လောင်းတာ် ရဟန်းသည် ဆွမ်းဘုဉ်းပေးရန် တောအုပ်တစ်ခုထဲ မှ သစ်ပင် ကြီးအောက်တွင် ထိုင်တော်
မူပြီး မိမိ သပိတ်ထဲမှ အ ရော အ နှော လောင်းလှူထား သောဆွမ်း ဘောဇဉ် တို့ ကို မြင် ကာ ဤသို့ ဆင်
ခြင်တော်မူ၏။

လူ အများ စားတဲ့  အစာ အဟာရ ဟာ ဒီလိုပါလား။ ငါ နန်းတွင်းက သုံးဆောင် ခဲ့ သော အဟာရ တို့ သည်
ဤထက်မက အဟာရ ရသာ စုံလင် သည် မဟုတ်ပါလော ဟု စဉ်းစားတွေဝေ နေစဉ် မှာ ယ္ခု ငါ ရဟန်း ဖြစ်
နေပြီး ဟုသတိ အသိ ဝင် လာကာ ငါ ဒါတွေကို တွယ်တာ နေလို့ မရပါ ငါ့ မှာ ဘာမှ လည်း မရှိတော့ ပါ။

လူတွေရဲ့  ဂရုဏာ တရားနဲ့ လှူထားတဲ့  ဒီဆွမ်းဘောဇဉ်တွေဟာ သန့် စင် မွန်မြတ်လှပေတယ်။
ဒါကို ယုံကြည်တဲ့  သဒ္ဒါတရားစိတ် နဲ့ ဆင် ခြင် ပြီး စားဖို့ လိုပါတယ် ဟု ဘုရားလောင်း ရဟန်း သိဒ္ဓတ္ထ
ဆင် ခြင် တော်မူ၏။

တစ်နေ့ တွင် ရာဇဂြိုလ် ပြည် တွင် ထူးခြားသော ရဟန်းတစ်ပါး သည် ဆွမ်းခံကြွလာလျှက် ရှိကြောင်း
ကို ရာဇဂြိုလ် ပြည့် ရှင် ဘုရင် ဗိမ္ဗိသာရ မင်းကြီး ၏ နားတော် ၌ ကြားတော်မူသည်။
မင်းကြီး သည် ထို ရဟန်း နှင့် ကိုယ် ကိုယ်တိုင် တစ်ဦးတည်း တွေ့ ဆုံလိုကြောင်း ဆန္ဒ ဖြစ်ပေါ်လာ၏။

မင်းကြီး ဗိမ္ဗိသာရ ၏ဆန္ဒပြင်းပြ မူကြောင့်  တစ်နေ့ တွင် ဘုရားအ လောင်း ရဟန်း သိဒ္ဓတ္ထ တည် ရှိရာ
တောအုပ် ဆီသို့ မင်းကြီး ကိုယ်တိုင် ခြေလျှင် ဖြင့်  ကြွလာ၏။
ဘုရားလောင်း ရဟန်းနှင့်  ရာဇဂြိုလ် ပြည့် ရှင် မင်းကြီး တွေ့ ဆုံကာ မင်းကြီးက ရှေ့ ဦးစွာ ရဟန်းအား
ရိုသေစွာ ဂါရဝ ပြုကာ ၊ကျွန်ုပ် ဟာ ဗိမ္ဗိသာရ ဖြစ်ပါတယ်။ ရာဇဂြိုလ် ရဲ့  ဘုရင် ဖြစ်ပါသည် ဟု ရှေ့ ဦး
စကား လျှောက်တော်မူသည်။

ထိုနောက် မင်းကြီးက အရှင် ရဟန်း က ဘယ်သူ ဖြစ်ပါသလဲ၊မင်း မျိုးနွယ်လို့  ယူဆ ရပါတယ်။ အဘယ်ကြောင့် 
ရဟန်းပြု ရပါသလဲ မင်းကြီး မေးလျှာက်တော်မူ၏။

အရှင် မင်းကြီး ကျွန်ုပ် ကာ သိဒ္ဓတ္ထ ဖြစ်ပါတယ်။ ကပိလဝတ် မဟာရာဇာ သုဒ္ဓေါဒန မင်းကြီး ၏ သားတော်
ဖြစ်ပါတယ် ။

မင်းကြီးက ရှင် ရဟန်း သိဒ္ဓတ္ထ ရဟန်းဝတ် ရတဲ့  သင် ရဲ့  ရည် ရွယ်ချက်က ဘာ ပါလဲ။ဒါမှ မဟုတ် တစုံ
တစ်ဦး ရဲ့  တိုက်တွန်းမူ ကြောင့် လား မင်းကြီးမေး လျှောက်လေ၏။

အရှင် မင်းကြီး ကျွန်ုပ် ကို ဘယ်သူ မှ မတိုက်တွန်းပါ ကျွန်ုပ် ဆန္ဒနဲ့  ကျွန်ုပ် ဝတ်တာပါ။ ကျွန်ုပ် မှာ အခက်ခဲ
အပူပင် ဒုက္ခ တွေ မရှိပါဘူး။
လောကသားတွေ ဤကျယ်ပြန့် တဲ့  လောကကြီးမှ ဒုက္ခ တွေ ပြည့် လျံ နေကြရပြီး ဒီလူသားတွေဟာ
နေ့ စဉ်နေ့ တိုင်း ဒုက္ခ ကိုသာ ရှာဖွေ နေကြရတယ် ၊ ရင် ဆိုင် ကြရတယ် မဟုတ် ပါလား မင်းကြီး။

အရှင် ရဟန်း သိဒ္ဓတ္ထ ဒါက တော့ သဘာဝ နိယာမ ပါပဲ။
ဒီလောက သားတေဪွ ရင် ဆိုင် နေရ တဲ့ ဒုက္ခ တွေ ကို ဘယ်လို နည်းနဲ့ ဖြေရှင်း ပေးနိုင် ပါသလဲ။
အချို့ ရ သေ့ တွေ လည်း တရားအားထုတ် ကျင့် ကြံနေကြပါတယ်။
အရှင် ရဟန်း ဟာ ထီးနန်းစည်းစိမ် ဥစ္စာ ဇနီးသား တွေ စွန့် လွှတ်ပြီး အခုလို ရဟန်းဝတ်ကာ သင် အတွက်
ငြိမ်းချမ်းမူ ရနိုင် မယ်လို့ ထင် ပါသလား။

အ လောင်းတော် ရဟန်းက မင်းကြီး ယ္ခုကျွန်ုပ် ရှာဖွေနေ သော ငြိမ်းချမ်းမူသည် ကျွန်ုပ် တစ်ဦးတည်းအတွက်
မဟုတ်ပါ။
လောကသား အားလုံး အတွက် ရှာဖွေ ပေးနေခြင်းသာ ဖြစ် တယ် မင်းကြီး။

မင်းကြီး က ရှင် ရဟန်း မှာ ဒီ ဆင်းရဲ ဒုက္ခ တွေမှ လွတ်မြောက်အောင် နည်းလမ်းတွေ ရရှိနေပြီးလား။

အ လောင်းတော် က အရှင် မင်းကြီး လက် ရှိ ချိန်မှာ ကျွန်ုပ် ရှာဖွေ နေဆဲ ပါ ။

မင်းကြီး က ရှင် ရဟန်း သိဒ္ဓတ္ထ အကယ်၍များနည်းလမ်းတွေ သင် ရှာဖွေ တွေ့ ရှိရင် ကျွန်ုပ် တိုင်းပြည်က
လူသူတွေကို ပြုစုပျိုးထောင် ဖို့ စိတ်ချမ်းသာမူ ရဖို့ အတွက် သင့် ကို တိုင်းပြည် ရဲ့  အကြီးအကဲ ရာထူး
နေရာ မှာ ကျွန်ုပ် ပေးနိုင် ပါတယ် ။

ဘုရားလောင်း ရဟန်းတော် က အရှင် မင်းကြီး လူ တွေကို ဒီလို ပြုစု ပျိုးထောင် ခြင်းဟာ ဒုက္ခကိုဖြေရှင်း
ရာ မ ရောက်ပါ။
ဒီလို ပြုစုခြင်းဟာ ရေရှည် ပျှော်ရွှင် မူကို မရရှိနိုင် ပါ မင်းကြီး၊ အဆုံးမှာ ဒုက္ခ နဲ့ ပဲ နိဂုံး ချုပ်ကြရလိမ့် မည်။

မင်းကြီးက ရဟန်းသိဒ္ဓတ္ထ သင် ဟာ အားလုံးထက် ထူးခြားပြီး ရည်မှန်းချက်လည်း အများနဲ့ မတူပါ။

ရှင် ရဟန်း သိဒ္ဓတ္ထ အကယ်လို့  သင် အမှန် တရား ကို ရှာဖွေ တွေ့ ရှိရင် ပထမ ဆုံး ကျွန်ုပ် ကို အသိတရားလာ
ပေးဖို့  ဂတိ ပြုနိုင် ပါသလား ။

အ လောင်းတော် က ကောင်းပါပြီး ပညာရှိ မင်းကြီး ကျွန်ုပ် သိလိုသော အ ဖြေကို ရှာတွေ့ ရင် သင့် ဆီလာဖို့ 
ဂတိပေးပါတယ် ။

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57740.57
ETH 3127.01
USDT 1.00
SBD 2.33