### လူဆိုးနှင့်လူကောင်းတရားတော် ###

in #esteem-awesome6 years ago (edited)

image

        လူဆိုးနှင့်လူကောင်းဆိုသည်မှာအဘယ်နည်။
  သတ္တဝါတို့၏စိတ်သဏ္ဌန်မှာအဆိုးနှင့်အကောင်းဒွန်တွဲရှိကြပါသည်။
           မိမိ၏ စိတ်သဏ္ဌန်မှာစိတ်ကောင်းကဦးဆောင်လျင် လူကောင်းဖြစ်ပြီး စိတ်ယုတ် စိတ်ဆိုးက ခြယ်လှယ်ထားခြင်းခံရလျှင်လူဆိုးပင်မဟုတ်ပါလော။

လူဆိုး နှင့် လူကောင်း တရားတော်

        lစကားပြောတဲ့အခါ ပြောဆိုတဲ့စကားဟာ အဲဒိ တစ်စုံတစ်ယောက်ကို သူတော်ကောင်းလား၊ သူယုတ်လားခွဲခြား သိနိုင်စေတယ်လို့ ဂေါတမမြတ်စွာဘုရားက ( အဂုတ္ထိုရ်၊ အဌက၊ သပ္ပုရိသသုတ်)  ဟောကြား တော်မူခဲ့ပါတယ် ။

သူတော်ကောင်းလို့သိကြောင်းလက္ခဏာ ၄ ပါး

(၁) သူတစ်ပါးအပြစ်ကို မမေးရင်မပြော ။ မေးရင်တောင်မှ နည်းနည်းပဲပြောတယ် ။

(၂) မိမိအပြစ်ကိုတော့ မမေးပေမယ့် ပြောသင့်ရင် ပြောပြတတ်တယ်။ မေးရင်ပြည့်ပြည့်စုံစုံ ပြောပြတယ် ။

(၃) သူတစ်ပါး ဂုဏ်ကျေးဇူးကို ဘယ်သူမှ မမေးပင်မယ့်ပြောပြတတ်တယ်။ မေးရင်ပြည့်ပြည့်စုံစုံပြောပြလေ့ရှိတယ် ။

(၄) မိမိရဲ့ဂုဏ်ကိုတော့ မမေးရင်မဖော်။ မေးလျှင်တော့ အနည်းငယ်မျှသာ ပြောပြတတ်တယ် ။

*** သူယုတ်ရယ်လို့ သိကြောင်း အကြောင်းအချက်လက္ခဏာ ၄ ပါးကတော့ အထက်ကဟာနဲ့ ဆန့်ကျင်ဘက်တွေပေါ့ ။

ဂေါတမမြတ်စွာဘုရားအား ရိုသေမြတ်နိုး လက်စုံမိုးလို့ ရှိခိုးပါတယ် အရှင်ဘုရား ။

              လူကောင်းသူကောင်းများဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ။

photo credit

Sort:  

Hi, I just followed you :-)
Follow back and we can help each other succeed! @hatu

Yes, thank you @hatu.

Coin Marketplace

STEEM 0.14
TRX 0.12
JST 0.025
BTC 52752.07
ETH 2324.76
USDT 1.00
SBD 2.12