သတ္ထုစက်ရုပ်ပညာ နှင့် ဗုဒ္ဓအမွေတော်steemCreated with Sketch.

in #en-us6 years ago (edited)

(အားလုံးဘဲမင်္ဂလာပါ။
MSO ရဲ့စည်းမျဉ်းစည်းကမ်တွေနဲ့အညီပထမဆုံးတင်သောပိုစ့်ဖြစ်ပါတယ်။ ကိုယ်တိုင်ရေးအကြောင်းအရာမဟုတ်သော်လည်း ကိုယ်တိုင် တည်းဖြတ်ထားသောအကြောင်းအရာဖြစ်ပါတယ်။ ကျွန်တော့်အကောင့်ကိုအလည်ရောက်လာခဲ့မယ်ဆိုရင်တော့ ထူးခြားဆန်းပြားတဲ့အကြောင်းအရာတွေကိုဖတ်ရှုနိုင်ပါမယ်။)

သတ္ထုစက်ရုပ်ပညာ နှင့် ဗုဒ္ဓအမွေတော်
image
ရောမအင်​ပိုင်​ယာရဲ့သတ္ထုစက်​ရုပ်​​တွေအ​ကြောင်းကို​ ​ရှေးေ​ဟာင်းသမိုင်းဆိုင်​ရာသု​တေသီ "ဂျွန်​အက်​စ်​စထ​ရောင်း"​ရေးသား​သော ဗုဒ္ဓရဲ့ဓာတ်​​တော်​​မွေ​တော်​များ"(Relics of the Buddha)အမည်​ရစာအုပ်​မှာ​အောက်​ပါအတိုင်း​ရေသားထားတာ​တွေ့ရပါတယ်​။

"ခိုင်​မာ​စေ့စပ်​​သော​ရှေး​ဟောင်းစာမူ​တွေအဆိုအရ ​သတ္ထုစက်​ရုပ်​​တွေရဲ့မူလဇစ်​မြစ်​ဟာ ​ရောမဝိစာရတိုင်း​ခေါ်​ရှေး​ခေတ်​ ရိုမန်​အင်​ပိုင်​ယာ မှာအ​ခြေတည်​ခဲ့တာဖြစ်​ပြီး "ဘဟုလယန္တကာရ(သို့)ဘူတဝါဟနယန္တယားအတတ်​ကို တီထွင်သူပညာရှင်​​တွေဟာ ဒီသတ္ထုစက်​ရုပ်​​တွေကို
ကုန်​သွယ်​​ရေး၊စိုက်​ပျိုး​​မွေးမြူရေး၊ ရာဇဝတ်​သားဖမ်းဆီး​ရေးနှင့် သေဒဏ်​စီရင်​ရာမှာလက်​မရွံ့ပါးကွက်​အာဏာသားအဖြစ်​မယုံနိုင်​စရာတီထွင်​အသုံးချခဲ့ကြတယ်​လို့ဆိုပါတယ်​"

"စက်​ရုပ်​တည်​​ဆောက်​မှုဆိုင်​ရာအတတ်​ပညာရှင်​​တွေဟာ ​ရောမနည်းပညာရဲ့လျို့ဝှက်​ချက်​ကိုမသမာသူ​တွေရဲ့လက်​ဝယ်​ကိုကျရောက်​မသွား​စေရန်​အတွက်​သင်​ယူ​လေ့လာမှုအားလုံးကို
တင်းကျပ်​စွာကန့့်​သတ်​​စောင့်​ကြည့်​ခဲ့ကြပြီး
ဒီနည်းပညာကိုသင်​ကြားတတ်​​မြောက်​ခဲ့သူ
တစ်​ဦးသာ ဒီနိုင်​ငံပြင်​ပကိုအကယ်​၍ထွက်​ခွာခဲ့ရင်​သတ္ထုစက်​ရုပ်​​တွေရဲ့ပျံသန်းရှာ​ဖွေရင်း​ခေါင်းဖြတ်​ကွပ်​မျက်​မှုကိုခံရမယ်​လို့ပြင်းပြင်းထန်​ထန်​သတိ​ပေးထားခဲ့ကြပါတယ်​။

Relics of the Buddhaစာအုပ်​ပါ​ရေးသားချက်​အရ : ​ရောမဘုရင်​​အဆက်​ဆက်​ကဒီနည်းပညာကိုဖုံးကွယ်​ထားဖို့မည်​သို့ပင်​ကြိုးစားအားထုတ်​ခဲ့​သော်​လည်းဒီသတင်းဟာအ​ရှေ့အရပ်​ကိုပျံ့နှံ့လာခဲ့ပြီး​နောက်​မှာအိန္ဒိယနိုင်​ငံသား၊ဗမာလူမျိုး(Burman)တစ်​ဦးဟာ ပါဋလိပုတ်​​နေပြည်​​တော်​အတွက်​ဒီနည်းပညာအချက်​အလက်​ကိုခိုးယူဖို့ဆုံးဖြတ်​ချက်​ချကာအ​သေးစိတ်​ပြင်​ဆင်​ကြိုးပမ်းခဲ့ပါ​တော့တယ်​။

ဒီအိန္ဒိယသား၊ဗမာ(Burma)လူမျိုးဟာရောမဝိစာရတိုင်းရဲ့ဘူတဝါဟနအတတ်​ကိုရှာ​ဖွေဖို့ခရီးလှည့်​လည်​သွားလာရင်း
သဘာဝ​ဘေးအန္တရာယ်​တစ်​ခုနဲ့ရင်​ဆိုင်​ခဲ့ရပြီး
သေဆုံးခဲ့ချိန်​မှာ​တော့
ဆန်းကြယ်​တဲ့ဝိညာဉ်​​ရေးရာသဘာဝ၊
စွဲလမ်းရာမှာမှီတွယ်​ခြင်းသ​ဘောတရားအရ
သူဟာ​ရောမအင်​ပိုင်​ယာအတွင်းမှာ
လူအဖြစ်​ပြန်​ဝင်​စားခဲ့တယ်​လို့ဆိုပါတယ်​။

(ဒီအချက်​ဟာယုတ္တိ​ဗေဒအမြင်​နဲ့တိုင်းတာကြည့်​တတ်​သူ​တွေအတွက်​​တော့အနည်းငယ်​သ​ဘောမ​တွေ့စရာဖြစ်​​ကောင်းဖြစ်​​နေနိုင်​​ပေမယ့်
အိန္ဒိယရာဇဝင်​မှတ်​တမ်းပါအချက်​အလက်​အတိုင်း​ရေးသားခဲ့တဲ့ဂျွန်​အက်​စ်​စထ​ရောင်းရဲ့
ရေးသားချက်​မူရင်းအတိုင်း​ဖော်​ပြ​ပေးလိုက်​ပါတယ်​)

ရှေး​ဟောင်းစာမူအ​မြောက်​အများမှာပါဝင်​​သော သေချာတိကျတဲ့အံ့သြစရာအချက်​အလက်​​တွေအရ
သူဟာလူအဖြစ်​ပြန်​လည်​ဝင်​စားခဲ့ရာမှာအတိတ်​ဘဝ ကိုအလုံးစုံပြန်​​ပြောင်းမှတ်​မိခဲ့ပြီး
ရောမဝိစာရတိုင်းရဲ့ဘူတဝါဟနယန္တရားအတတ်​ပညာရှင်​​(ခေါ်)
သတ္တုစက်​ရုပ်​များကိုတီထွင်​သူသြဇာအကြီးမားဆုံးပညာရှင်​ရဲ့
သမီးဖြစ်​သူနဲ့အိမ်​​ထောင်​ရက်​သားကျခဲ့တယ်​လို့သိရပါတယ်​။

ဗမာလူမျိုးလူဝင်​စားဟာ 
ရောမနည်းပညာရဲ့အ​သေးစိတ်​အစီအစဉ်​အချက်​အလက်​ကိုသင်​ကြားပြသ​ပေးဖို့​ယောက္ခမဖြစ်​သူကိုနားပူနားဆာလုပ်​ကာသင်​ယူခဲ့ရင်း ပညာရပ်​အားလုံးပြီးပြည့်​စုံတဲ့တစ်​​နေ့မှာ​တော့
နည်းပညာလျို့ဝှက်​ချက်​အားလုံးကို​​ကြေးနီပုရပိုဒ်​ထက်​မှာရေးသားမှတ်​တမ်းတင်​ပြီး
မိမိပေါင်​အတွင်းသားကိုခွဲကာ
မြှုတ်​နှံသိမ်းဆည်းခဲ့​ပါတယ်​​။

ဒီ​နောက်​မှာ​တော့အရွယ်​​ရောက်​​ပြီဖြစ်​တဲ့သားဖြစ်​သူကို
သူ​သေဆုံးချိန်​မှာအ​လောင်းကို​ ဗမာပြည်​မှာမြုတ်​နှံပေးဖို့၊
မာဂဓတိုင်း၊ပါဋလိပုတ်​​နေပြည်​​တော်​ကိုသွား​ရောက်​​နေထိုင်​အသက်​​မွေးဖို့
အ​သေအချာမှာကြားထားခဲ့ပြီး
ရောမတိုင်းနယ်​နိမိတ်​ရဲ့အပြင်​ဘက်​ကိုထွက်​​ပြေးခဲ့ရာမှာလမ်းတဝက်​အ​ရောက်​မှာပဲလက်​မရွံ့အာဏာပါးကွက်​သား
ကောင်းကင်​ပျံသတ္တုစက်​ရုပ်​​ရဲ့​ခေါင်းဖြတ်​ကွပ်​မျက်​ခံရခြင်း​ကြောင့်
့သေဆုံးခဲ့ရ​ရှာပါ​တယ်​။

သားဖြစ်​သူဟာ ဖခင်​ရဲ့မှာကြားမှုအရ
ဖခင်​အ​လောင်းကို​လိုက်​လံရှာ​ဖွေခဲ့ရင်းလမ်းခရီးတစ်​​နေရာအ​ရောက်​မှာ
အချိန်​အ​တော်​ကြာတည်းက​သေဆုံးခဲ့ပြီးဖြစ်​လို့ပုံသဏ္ဌာန်​ပျက်​ယွင်း​နေတဲ့ဖခင်​ရဲ့အ​လောင်းကိုပါဋလိပုတ်​​နေပြည်​​တော်​ကိုသယ်​ယူလာနိုင်​ခဲ့ပြီးဘူတဝါဟနအတတ်​ကို​ရေးသားထား​သော
လျို့ဝှက်​နည်းပညာပုရပိုဒ်​ကိုရရှိခဲ့ပါ​တော့တယ်​။

သားဖြစ်​သူဟာမာဂဓတိုင်း၊ပါဋလိပုတ်​​နေပြည်​​တော်​မှာအ​ခြေချ​နေထိုင်​ခဲ့ရင်းပုရပိုဒ်​ပါနည်းပညာကိုသင်​ယူတတ်​​မြောက်​ခဲ့ကာ
ဘုရင်​ကိုသတ္တုစက်​ရုပ်​ပြုလုပ်​​ရောင်းချခြင်းအားဖြင့်​နည်းပညာရှင်​အဖြစ်​အသက်​​မွေးဝမ်း​ကြောင်းပြု​နေခဲ့သလို
ဗုဒ္ဓရဲ့ဓာတ်​​တွေ​မွေ​တော်​များသိမ်းဆည်းရာတံခါးကိုကာကွယ်​ဖို့ အဆက်​မပြတ်​​ရွေ့လျား​နေ​သော ဘူတဝါဟနစက်​ရုပ်​​တပ်​ဖွဲ့ကို​ဖန်​တီးစောင့်​ကြပ်​​စေနိုင်​ခဲ့တယ်​လို့သိရပါတယ်​။

အဇာတသတ်​ဘုရင်​ဖုံးကွယ်​သိမ်းဆည်းခဲ့​သော
မြေ​​အောက်​ချိုင့်​ဝှမ်းအတွင်းပုထိုး​တော်​ကြီးမှ
ဗုဒ္ဓရဲ့ဓာတ်​​တော်​​မွေ​တော်​များကို​စောင့်​ကြပ်​​နေ​သော နတ်​စစ်​သည်​သဏ္ဌာန်​သတ္တုစက်​ရုပ်​​တွေနဲ့​လေရဟတ်​သဖွယ်​အဆက်​မပြတ်​လှည့်​ပတ်​​နေ​သောဓားစက်​လှံစက်​​တွေကို
ဘူတဝါဟနယန္တရားပညာရှင်​တစ်​ဦးရဲ့အကူအညီနဲ့ရှင်းလင်းဖယ်​ရှားနိုင်​ခဲ့ပြီး
အ​သောကမင်းကြီးဟာနိုင်​ငံအနှံ့အပြားမှာ​​မွေ​တော်​​စေတီပုထိုးအ​မြောက်​အများကိုတည်​​ဆောက်​ခဲ့သလို
ကမ္ဘာ့နိုင်​ငံအ​မြောက်​အများကိုသာသနာပြုပုဂ္ဂိုလ်​​တွေ​စေလွှတ်​ခဲ့တယ်​လို့ ဂျွန်​အက်​စ်​စထ​ရောင်းJohn S. Strong​ရဲ့စာအုပ်​ပါ​ရေးသားချက်​အရသိရပါတယ်​။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 67435.35
ETH 3528.53
USDT 1.00
SBD 2.68