စီးပွားရေးအတွက်အချက်အလက်

in #economic6 years ago

Screenshot_292.png

(၁) လုပ်ဖော်ကိုင်ဖက် အချင်းချင်း နားလည်မှုရှိပါ။

(၂) အလုပ်လုပ်ခြင်းအတွက် လိုအပ်သော နည်းလမ်းကောင်းကို ရှာဖွေပါ။

(၃) လုပ်နိုင်တာထက်ပိုလုပ်ပါ။

(၄) အသားတင်အမြတ်ကို တိုးမြှင့်နိုင်အောင်ကြိုးစားပါ။

(၅) လုပ့်ငန်းသုံးပစ္စည်းများကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ပါ။

(၆) ဖြုန်းတီးခြင်းကို ရှောင်ရှားပါ။

(၇) အမှားအယွင်း အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းပါ။

(၉) အကြံပေးချက်များကို အပြန်ပြန် အလှန်လှန်သုံးသပ်ဆင်ခြင်ပါ။

(၁၀) လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပိုမိုအားကိုးနိုင်စေရန် ကူညီပေးပါ။

(၁၁) အရည်အသွေးမြှင့်တင်နိုင်အောင်ကြိုးစားပါ။

(၁၂) လိုအပ်သောအရည်အချင်းများကို ကြိုတင် လေ့လာ သင်ယူထားပါ။

(၁၃) အခြားသူများကို အလေးထားကြောင်း ပြသနိုင်ပါစေ။

(၁၄) သက်ဆိုင်ရာအလုပ်သာမဟုတ်ပဲ အားလုံးကို တတ်နိုင်သမျှ သိရှိနေအောင် ကြိုးစားထားပါ။

(၁၅) အချင်းချင်း သစ္စာရှိစွာ အလုပ်လုပ်ပါ။

(၁၆) ညှာတာ ထောက်ထားမှု ရှိပါစေ။

(၁၇) အခြားသူများအားလည်း တတ်နိုင်သမျှ ကူညီဖေးမပါ။

(၁၈) အလုပ် နှင့် ကိုယ်ရေး ကိုယ်တာ မရောထွေးပါစေနှင့်။

(၁၉) အောက်လက်ငယ်သားရှိပါက ညှာတာထောက်ထားစေတနာဖြင့် ကူညီပါ။

(၂၀) ဈေးကွက်ကို အမြဲစောင့်ကြည့်လေ့လာပါ။

စိတ်ကူး စိတ်သန်းထုတ်တတ်သူများကို လက်တွေ့လုပ်ကိုင်နေကြသူအများစုက အမြဲလိုလို ဆန့်ကျင်နေကြသည်။

စက်ရုပ်ကဲ့သို့ အလုပ်လုပ်သူများနှင့် မည်သည့်အရာကိုမျှ မတီထွင်နိုင်သကဲ့သို့ တိုးတက်အောင်လဲ လုပ်ဆောင်မရပါ။

အမြဲအပြစ်ရှာနေသူ နှင့် မည်သူမျှ အတူမနေလိုကြပါ။

ကိုယ်တိုင် လိပ်ပြာသန့်မှ အခြားသူများကို ဝေဖန်ပါ။

လူသည် အမြဲမဟုတ်သော်လည်း မကြာခဏ မှားတတ်သော သတ္တ၀ါဖြစ်သည်။

အမှားမရှိဟု ပြောနေသူသည် အရူးသာဖြစ်သည်။

လခအတွက်သာ အလုပ်လုပ်သူတို့သည် အလွန်သနားစရာကောင်းသော သူများဖြစ်သည်။

အောင်မြင်ရန်အတွက် အခြားသူများကို နင်းခွကျော်ချသူများသည် လူယုတ်မာများသာဖြစ်သည်။

တွေ့ရာစာအုပ်များမှ ကူးယူးထားသည်များမှ ပြန်လည်ကူးယူဖော်ပြခြင်းသာဖြစ်သည်။

Image Credit To Google Search

@kingorcasteem

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63022.98
ETH 2580.28
USDT 1.00
SBD 2.72