Get free bitcoin cloud mining

in #earn6 years ago

သစ္စာဆိုတာ ကျွန်​​တော်​နားလည်​တာက​တော့

ကောင်းမှုဖြစ်​ဖြစ်​ ၊ မ​ကောင်းတဲ့ဘက်​မှာဖြစ်​ဖြစ်

အလိုက်​တသိ ​စောင့်​ထိန်းရတဲ့

ကတိထက်​​လေးနက်​​သော အရာပါ။



ကိုယ်​အရမ်းချစ်​ရသူကို သူ့ကွယ်​ရာမှာပဲဖြစ်​ဖြစ်

သူ မသိနိုင်​တဲ့ အ​ခြေအ​နေတစ်​ခုမှာ

သူ့အတွက်​ဆိုတဲ့ စိတ်​နဲ့ ကိုယ့်​သာယာမှုကို

ကိုယ့်​အသိစိတ်​ဖြင့်​ ထိန်းချုပ်​လိုက်​ခြင်းကလည်း

သစ္စာပါပဲ။



ကိုယ်​ပြုလုပ်​ခဲ့ဖူးတဲ့ ​ကောင်းမှု​တွေကို

တိုင်​တည်​ပြီး ကိုယ်​လိုချင်​တဲ့ အရာတစ်​ခုကို

ကိုယ်​ရင်းနှီး​ပေးဆပ်​ခဲ့တာ​တွေနဲ့

အလဲအလှယ်​ လုပ်​ခြင်းကလည်း သစ္စာပါပဲ။



မ​ကောင်းမှုပဲဖြစ်​ဖြစ်

ကိုယ့်​​ကြောင့်​ အခြားသူထိခိုက်​သွားမှာစိတ်​ပူပြီး

ကိုယ်​​ပေထားတဲ့ကတိကို အသက်​တမျှ

စောင့်​ထိန်းကာ မ​ကောင်းမှန်းသိသိကြီးနဲ့

စောင့်​သိ​နေခြင်းကလည်း သစ္စာပါပဲ။



သစ္စာဆိုတာ ကတိဆိုတဲ့ စကားလုံးထက်

ပို​လေးနက်​ပြီး သစ္စာ မြင့်​မားလာ​လေ

အစွမ်းထက်​​လေးနက်​မှုမြင့်​မားလာ​လေပါပဲ။



တစ်​ဖက်​က အရမ်းသစ္စာတည်​​နေခဲ့ရင်

တစ်​ဖက်​က စည်း​ဖောက်​လာလို့က​တော့

သစ္စာ ဆူးခံရတတ်​ပါတယ်​။



သစ္စာ ဆူးခံရပြီဆိုရင်​ ဝဋ်​​ကြွေးဆိုတဲ့အရာထက်

ပို​ကြောက်​စရာ​ကောင်းလာတတ်​ပြီး

ကျိန်​စာတစ်​ခုလို ​ကြောက်​စရာ​ကောင်း​နေတတ်​တယ်​။



သစ္စာ မဆူးချင်​ရင်

https://getcryptotab.com/401756
၁)ကိုယ့်​ဘက်​စပြီး သစ္စာမ​ဖောက်​ပါနဲ့

၂)မတည်​နိုင်​တဲ့ ကတိ​တွေ မ​ပေးတာအ​ကောင်းဆုံးပါ

၃)ကိုယ့်​အ​ပေါ် ​ကျေးဇူးရှိသူ ၊ ဘုရား ၊ တရား၊ မိဘ ၊ ဆရာ စ​သော မြင့်​မြတ်​​သော ပုဂ္ဂိုလ်​များကို

မ​စော်​ကားမိ​အောင်​ သတိထားပါ

၎)မဖြစ်​နိုင်​တဲ့ အရာကြီးကို ကိုယ့်​​လောဘ​ကြောင့်

သစ္စာတိုင်​တည်​တာမျိုး သတိထားပါ

၅)ကိုယ့်​အတ္တ​ကြောင့်​ အခြားသူ​တွေအ​ပေါ်

မတရားမှုကြီးကြီးမားမား မကျူးလွန်​မိ​အောင်

သတိထားပါ



လူ့​လောကကြီးမှာ

သစ္စာ ဆိုတာ အရမ်းအ​ရေးပါတဲ့ လူသားကျင့်​ဝတ်

ဖြစ်​​နေပြီး ဆိုးရွားမှု​တွေ ကြုံ​နေရတာကလည်း

သစ္စာတရားရဲ့ ဒဏ်​ခတ်​ခြင်းလို့ ဆိုရမှာပါပဲ



လူသားတိုင်းအ​နေနဲ့ သစ္စာရဲ့ တန်​ဖိုးကို

နားလည်​လာပြီး သစ္စာတရားကို

ထိန်းသိမ်းတတ်​လာရင်​ ကံဆိုးမှု​တွေကြုံလာလည်းခဏပါ

ကိုယ်​ထားခဲ့တဲ့ သစ္စာက ကိုယ့်​ဘဝရဲ့

ပဲ့ကိုင်​ရှင်​ ဖြစ်​လာပါလိမ့်​မယ်​။

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61875.79
ETH 3013.13
USDT 1.00
SBD 3.69