Ti8Battlepassword

in #dota26 years ago

Ti8 Battle Pass ကို ဝယ်ရင်ကောင်းမလား မဝယ်ရင်ကောင်းမလား Lvl 1 ဝယ်ရမလား Lvl 75 ဝယ်ရမလား စဉ်းစားနေကြတဲ့ Bro တွေ အတွက်...

ကျွန်တော် Battle Pass ကို Lvl 1 ကနေ စဝယ်ဖြစ်ပါတယ်... ဝယ်ပြီးပြီးချင်းပဲ ၆ နာရီလောက်ကြာအောင် ဆက်တိုက်ဆော့ဖြစ်ပါတယ်... ဆိုပါစို့ ၆ ပွဲပေါ့.. အဲ့ဒီအချိန်အတွင်းမှာ Lvl 6 ရောက်ဖို့ Point 100 ပဲ လိုတဲ့ အထိ ရောက်ပါတယ်... Cavern ထဲက Point 350 ပုံး 2 ပုံး ပေါက်ပါတယ်...

Ok.. အဲ့ဒါကိုပဲ Average ယူပြီး တွက်ကြည့်ရအောင်.. ကျွန်တော်တို့ Battle Pass ကို တစ်ရက် ပျှမ်းမျှ ၆ နာရီကြာအောင် အချိန်ပေးမယ်ဆိုရင် Lvl 6 ခု တက်နိုင်တယ်လို့ အကြမ်းဖြင်း သတ်မှတ်ပြီး Battle Pass ကုန်မယ့်ရက်က 95 ရက်လိုသေးတယ်ဆိုတော့ Lvl 570 ထိ ရောက်အောင် ကစားနိုင်ပါတယ်... ထားပါ ပျှမ်းမျ 500 ပေါ့.. ဒါက ပုံမှန် Flow ပဲဗျ.. ပြီးခဲ့တဲ့ Ti7 Battle Pass မှာလည်း ကျွန်တော် Lvl 1 ဝယ်ပြီးဆော့တာ Lvl 510 နဲ့ ပြီးခဲ့ပါတယ်.. Promotion Package တော့ တစ်ခု ဝယ်ခဲ့တာပေါ့... ဆိုတော့ ပြောချင်တာက Lvl 1 ဝယ်လည်း တန်ပါတယ်... ဆော့နိုင်မယ်ဆိုရင်ပေါ့... ကြားမှာ ထွက်လာမယ့် Promotion Package တွေလည်း ဝယ်မယ်စိတ်ကူးရှိရင် ပိုလို့တောင် တန်ပါတယ်...

ဒါဆို တစ်ရက်ကို Lvl 6 ခုလောက်တက်ဖို့ လွယ်ပမလား?
အရမ်း အခက်ကြီးလည်း မဟုတ်သလို ထင်သလောက်လည်း မလွယ်ကူပါဘူး... ကိုယ့်ရဲ့ Wage Token 75% လောက်ကို နိုင်မယ်သေချာတဲ့ပွဲမှာ ထည့်နိုင်ဖို့လိုပါတယ်... ပြီးတော့ Quest ပုံစံအသစ်တစ်မျိုးဖြစ်တဲ့ Cavern ထဲက Hero တွေနဲ့ ၄ ပွဲလောက် နိုင်ဖို့ လိုပါတယ်... နောက်တစ်ခုကတော့ လွယ်ပါတယ် ... အဲ့ဒါက Achievements တွေထဲက အလွယ်ကူဆုံး အမြန်ဆုံး ရနိုင်မယ့် Point တွေကို ပါးပါးနပ်နပ် Claim နိုင်ဖို့ လိုပါတယ်... Trivia တွေ ထိုင်ဖြေနေတာမျိုးပေါ့... Trivia ဇြေို့ အချိန်လိုတယ်ဆိုရင်လည်း SEAsia Sever မှာ Safe Lane Role ရွေးပြီးသာ Match find ပါ... Trivia ဖြေဖို့ Match find တာနဲ့တင် အချိန် ၈ မိနစ်လောက် ရပါလိမ့်မယ်...

ကိုယ့်ရဲ့ 5 men team ကသာ Strong မဖြစ်ဘူးဆိုရင် Ranked Match Team Challenge Token ကို ယောင်လို့တောင် သုံးပြီး မ find ပါနဲ့... Token သုံပြီး ရှာလိုက်တဲ့ Team Challenge ပွဲတိုင်းက တော်တော်လေး ခက်ပါတယ်... တော်တော်လေး ရုန်းကန်ရပါတယ်... One time use ဖြစ်တဲ့ Token တစ်ခုချင်းစီတိုင်းကို ကိုယ့် Party ကို ကိုယ်ယုံကြည်တယ်ဆိုမှသာ အသုံးချပါ...

ကျွန်တော် အချိန်ပေးပြီး သေချာလေ့လာကြည့်ပြီး ကိုယ်တိုင် အဲ့ဒီအတိုင်းတွေလုပ်ခဲ့ပြီး ရခဲ့တဲ့ အတွေ့အကြုံကို ကျွန်တော့် အမြင်တစ်ချို့ ပေါင်းစပ်ပြီး ပြောပြပေးတာဖြစ်ပါတယ်... လူတစ်ဦးတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အခြေအနေတွေ ကစားပုံတွေ အမြင်တွေ ရှိနိုင်တာကြောင့် အမှားအမှန် သဘောထား စိတ်ကြိုက်ကွဲလွဲနိုင်ပါကြောင်း ပြောရင်းနဲ့ပဲ.......

#Ti8BattlePass

Sort:  

Congratulations @queenlay! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 58431.12
ETH 3142.83
USDT 1.00
SBD 2.43