Thit Htoo Lwin (Daily News)

ဒီကေန႔မနက္ပိုင္းမွာ ကမာၻေ႐ႊေဈး႐ုတ္တရက္ တက္သြားလို႔ ကမာၻ႔ေ႐ႊေဈးနဲ႔ခ်ိတ္ဆက္ထားတဲ့ ျပည္တြင္းေဈးကြက္မွာလည္း ေ႐ႊတက်ပ္သားကို က်ပ္ ၁၁သိန္းဖ
ဒီကနေ့မနက်ပိုင်းမှာ ကမ္ဘာရွှေဈေးရုတ်တရက် တက်သွားလို့ ကမ္ဘာ့ရွှေဈေးနဲ့ချိတ်ဆက်ထားတဲ့ ပြည်တွင်းဈေးကွက်မှာလည်း ရွှေတကျပ်သားကို ကျပ် ၁၁သိန်းဖြစ်သွားပါတယ်။ ဒါဟာ မြန်မာ့ဈေးကွက်မှာ ပထမဦးဆုံး အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။
ကမ္ဘာ့ရွှေဈေးက တရက်အတွင်းမှာ ဒေါ်လာ ၅၀ နီးပါးခုန်တက်သွားလို့ ဇွန်လ ၂၀ရက် မနက်ပိုင်း ပြည်တွင်းရွှေဈေးကွက်မှာ ၁၆ပဲရည်ရှိတဲ့ ရွှေတကျပ်သားကို ကျပ်၁၁သိန်းအထိရောက်သွားပါတယ်။ ဒါဟာ ပြည်တွင်းမှာ အမြင့်ဆုံးစံချိန်သစ်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဗွီအိုအေကိုပြောပါတယ်။
Source of shared Link

Uni နဲ႔ေရးထားတာလား ဖတ္လို႔ရဘူး 😁😁
Posted using Partiko Android
😁😁ေျပာင္းမရလိုက္လို့