Beyond Myitsone: the sleeping Chipwi hydropower project | Frontier Myanmar

in #dlike5 years ago

Shared From Dlike

I try to translate the above article into Burmese. Donations may encourage me. If it is not worth donations, even a like may still encourage me.

ရပ်ဆိုင်းထားသော ချီဗွေ ရေအားလျှပ်စစ် စီမံကိန်း

ပြည်သူများက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိုသာ အာရုံစိုက်နေချိန်တွင် Frontier သည် ဧရာဝတီ မြစ်ဆုံ မြောက်ပိုင်းရှိ ဆည် ၆ ခုမှ တစ်ခုကို သွားရောက်လည်ပတ်ခဲ့သည်။ ယင်းစီမံကိန်းသည် KIO နှင့် တပ်မတော်ကြား ပဋိပက္ခများ အေးငြိမ်းသွားပါက အချိန်မရွေး ပြန်လည်စတင်နိုင်သည်။

ဓါတ်ဆီ ဖြည့်ဆိုင်သည် ကချင်ပြည်နယ်တွင် ကျွန်တော်တွေ့ရသမျှ အရာအားလုံးထက် ခေတ်မီနေသည်။ သို့သော် ဒါကို အသုံးမပြုဘဲ စွန့်ပစ်ထားသည်။

ဓါတ်ဆီဖြည့် ပိုက်ခေါင်းက ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေသည်။ ပိုက်၏အဆုံးတွင် ဓါတ်ဆီဖြည့်စက်က အရိုးတံသာ ကျန်သည်။ ၎င်း၏ အပေါ်တွင် ယခင်က အမိုးဖြစ်ဟန်တူသော စတီးဘောင်ကြီးကို တွေ့ရသည်။ ဘေးနားတွင်ရှိသော တိုက်ငယ်လေးထဲတွင် အမှိုက်များ မှန်ကွဲစများကိုသာ တွေ့ရသည်။ မုတ်သုံရာသီ၏ မှိုင်းပျပျ အလင်းရောင်က တိုက်ထဲကို ကျောက်နေသည်။

ထို ဓါတ်ဆီဖြည့်ဆိုင်သည် မေခမြစ်ပေါ်ရှိ ၃၄၀၀ မက်ဂါဝပ် ချီဗွေ ရေအားလျှပ်စစ် စီမံကိန်းတွင် အသုံးပြုသည့် ဆောက်လုပ်ရေး ယာဥ်များကို ဓါတ်ဆီဖြည့်ပေးရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ချီဗွေ ဆည်သည် တရုတ် မြန်မာ ဖက်စပ် Upstream Ayeyawady Confluence Basin Hydropower Co Ltd က ဧရာဝတီမြစ် အထက်ပိုင်း ကချင်ပြည်နယ်တွင် တည်ဆောက်ရန် စီစဥ်ထားသော ဆည် ၇ ခုတွင် ဒုတိယ အကြီးဆုံး ဖြစ်သည်။

ဒီဇင်ဘာ ၂၀၁၀ တွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ပြီး ၂၀၂၀ ခုနှစ်တွင် ပြီစီးမည်ဟု ရည်ရွယ်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းစတင်ပြီး ၆ လခန့်တွင် Kachin Independence Organization နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီး ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားသည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် KIO ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော Kachin Independence Army က ဆည်တည်ဆောက်ရာ နေရာကို တပ်မတော်၏ Border Guard Force ထံမှ သိမ်းယူခဲ့သည်။ အသက်သေဆုံးမည်ကို ကြောက်သောကြောင့် ရာချီသော တရုတ် အလုပ်သမားများသည် အနီးအနားက ချီဗွေမြို့သို့ ထွက်ပြေးသွားကြသည်။ စီမံကိန်း တည်ဆောက်သူလည်း အလုပ်ကို ရပ်ဆိုင်းထားလိုက်ရသည်။

If you like to donate, send any amount of steem or SBD to donatemesteem. Thanks for seeing my blog.


Source of shared Link

Sort:  

Hello donatemesteem, welcome to Partiko, an amazing community for crypto lovers! Here, you will find cool people to connect with, and interesting articles to read!

You can also earn Partiko Points by engaging with people and bringing new people in. And you can convert them into crypto! How cool is that!

Hopefully you will have a lot of fun using Partiko! And never hesitate to reach out to me when you have questions!

Cheers,
crypto.talk
Creator of Partiko

Congratulations @donatemesteem! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You made your First Vote

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

Why don't you talk about you? And in English... I'd love to share your posts.. maybe write one with a picture of your smile?

Welcome. And I think you are very beautiful. Here is a like and follow. And I will help you learn how to grow.

And when I like my friends like too... So thank you and can't wait to talk more.

Don't misunderstand. The photos on video is my girlfriend

Posted using Partiko Android

I am just kidding. It is a photo of a popular actress here in Myanmar. I just share her video from youtube

Posted using Partiko Android

Anyway, thanks for the vote

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 64117.78
ETH 3112.19
USDT 1.00
SBD 4.23