ဘာသာရေးနှင့် ဆပ်ပြာ

in #dhamma7 years ago

ဘာသာရေးနှင့် ဆပ်ပြာ။

လူနှစ်ယောက်လမ်းအတူလျှောက်လာသည်၊
တစ်ဦးက ဘုန်းကြီး၊ နောက်တစ်ဦးက
ဆပ်ပြာစက်ရုံသူဌေးကြီးတစ်ယောက်.. ၊

ဆပ်ပြာသူဌေးကြီးကပဲ..
စကားတွေ တစ်တွတ်တွတ်ပြောနေသည်၊
ဘုန်းကြီးဖြစ်သူကမူ ဘေးက
တိတ်တဆိတ်နားထောင်ပြီး
လိုက်လာသည်။

ဆပ်ပြာသူဌေးက ဘုန်းကြီးကို ဒီလိုမေးတယ်..

“ ကျေးဇူးပြုပြီး ကျနော့်ကိုပြောပြပါ၊
ဘာသာရေးက ဘာများကောင်းလို့လဲ..
ဘုန်းဘုန်းတို့ဒီလောက် တရားတွေနေ့တိုင်း
ရွတ်နေတာကော.. ဘာထူးလို့လဲ..
လူတွေရဲ့ ရင်ထဲမှာသောကတွေရှိမြဲရှိနေတာပဲ..

ခိုးတဲ့သူက ခိုးမြဲခိုးနေတာပဲ..

သတ်တဲ့သူက အချင်းချင်းသတ်ဖြတ်နေတာပဲ..

မုန်းတဲ့သူကအချင်းချင်း အာဃာတတွေနဲ့

မုန်းတီးနေကြတာပဲ..

ဗုဒ္ဒဘာသာဆို တည်ရှိနေတာ

နှစ်ပေါင်း ၂ထောင်ကျော်ပြီ..

တရားတွေရွတ်ဖတ်နေတာလည်း
နှစ်၂ထောင်ကျော်လောက်ကိုရှိနေပြီ.
ဒါပေမယ့် ကမ္ဘာကြီးက ခိုးမြဲ.. သတ်မြဲ...
လုယက်မြဲ.. မုန်းတီးမြဲ ပဲ… ”

ဘုန်းကြီးဖြစ်သူက ဘာမှပြန်မပြောဘူး..
ဒီတိုင်းပဲနားထောင်ပြီးလိုက်လာတယ်..

ဒါပေမယ့်တစ်နေရာရောက်တော့
တိုက်တိုက်ဆိုင်ဆိုင် ကလေးအချို့က
ရွံ့အိုင်လေးထဲမှာ ဆော့ကစားနေကြတယ်..

ဘုန်းကြီးဖြစ်သူက ဆပ်ပြာသူဌေးကိုမေးတယ်

“ ဒကာကြီးဖြေကြည့်..
ဆပ်ပြာက လူကိုသန့်ရှင်းစေတယ်ဆို..
ဘုန်းကြီးတော့မယုံဘူး.. ကြည့်လေ..

ဒီကလေးတွေ ဘယ်လောက်ညစ်ပတ်လိုက်သလဲ..
ဆပ်ပြာရှိတာဘာများကောင်းလို့လဲ..
ဆပ်ပြာလည်း တီထွင်ထားတာ နှစ်ပေါင်း
ထောင်နဲ့ချီနေပြီမဟုတ်လား..

ကမ္ဘာအနှံ့ ဆပ်ပြာတွေမှ ပေါလို့ သောလို့ .
ဒါပေမယ့် ဒီကလေးတွေကိုယ်က ရွံ့တွေနဲ့
ညစ်ပတ်မြဲ နံစော်မြဲပဲမဟုတ်လား .. ”

ဆပ်ပြာသူဌေးက အလျင်အမြန်စကားဖြတ်ပြောတယ်..

“ မှားနေပြီ ဘုန်းဘုန်းရေ..
ဆပ်ပြာဆိုတာ လူကသုံးမှ သန့်စင်တာလေ..
မသုံးရင် သူက ရှိနေလည်း အလကားပဲ. . ”

“ဒါပေါ့.. ” ဘုန်းကြီးကပြန်ဖြေလိုက်တယ်..

“ ဆပ်ပြာမှာ ပင်ကိုယ် က
လူကို သန့်စင်နိုင်စွမ်းမရှိဘူး.. လူကသူ့ကို
ကိုယ်မှာယူပြီး အသုံးပြုမှ သန့်စင်နိုင်စွမ်းရှိတာ..

အေး.. ဘာသာတရားတစ်ခုမှာလည်း
အဲဒီအတိုင်းပဲ... .

ဘာသာရေးက လူတစ်ယောက်ကို
ဘယ်လိုမှ မပြောင်းလဲစေနိုင်ဘူး..
ဒါပေမယ့် သူက ဒါကို သူ့ကိုယ်ပေါ်မှာ
အသုံးချသွားမယ်ဆိုရင်တော့..
ဒီဘာသာတရားရဲ့ အကျိုးဆက်က
သူ့ကိုယ်မှာ ဖြစ်ထွန်းလာတယ်.”

" ဒီသဘောတရား အတိုင်းပါပဲ ဒကာကြီး "20170429_112632-1.jpg

Sort:  

Congratulations @mgmyintmg! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @mgmyintmg! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 66794.56
ETH 3501.55
USDT 1.00
SBD 2.71