Facebook Today Problems

in #culture8 years ago

သူ့ ချစ်သူမှန်း ကိုယ့်ချစ်သူမှန်း မသိဖြစ်လာတယ်
သစ္စာတရား ကင်းမဲ့လာတယ်
မြန်မာ့ယဉ်ကျေးမှု့ ပျောက်ကွယ်လု ဖြစ်လာတယ်
အိမ်ထောင်သည်တွေက လူပျို/အပျို လုပ်လာတယ်

အဖိုးကြီး အဖွားကြီးတွေ ကျောင်းကန်ဇရပ်
အသွားနည်းလာတယ်
စကားတွေ မပီကလာပီကလာ ပြောမှ ခေတ်မှီ
တယ်ထင်လာတယ်

အသက်လေးဆယ်ကျော်တွေက အသက်သုံး
ဆယ်ပြောလာတယ်
ဘာသာရေးစာပေ အဖတ်နည်းပြီး ခပ်ပေါပေါ
စာပေတွေ လူကြိုက်များလာတယ်

သတင်းတစ်ပုဒ်ရပါက ဟုတ်သည် မဟုတ်သည်
မစဉ်းစား Copy ယူ Share တဲ့သူတွေ
များလာတယ်
ပါးစပ်အရသာခံ ချောချော မချောချော
အသားယူပြောတဲ့သူတွေ ပေါလာတယ်

တင်တဲ့ Post သေချာမဖတ် လူတတ်ကြီးတွေ
လုပ် ဝင်ဆဲရေးသွားတဲ့သူတွေ များလာတယ်
ရေးချင်ရာရေး Fbပေါ်တင်ချင်ရာတင် အသိစိတ်
တွေ ကင်းမဲ့လာကြတယ်

ဆဲရေးပြောမှ လူရာဝင် ခေတ်မှီတယ် ထင်လာ
ကြတယ် က္ကုနြေ္ဓရှင်တွေက Fb ပေါ် ခေတ်နောက်ကျလာတယ်
သစ္စာတရားတန်ဖိုးထားတဲ့လူတွေက ပြတိုက်
ရောက်ကုန်တယ်

ဘဝတန်ဖိုးထားတဲ့သူတွေက အပစ်ခံရတယ်
တည်တည်ငြိမ်ငြိမ်လူတွေက ဒိတ်အောက်ကုန်တယ်
သူဌေးဆိုက်တွေ ဖမ်းလာကြတယ်
အိမ်တွင်းရေးတွေ အကုန်တင်လာကြတယ်

မင်းသမီးတွေက တင်ဖော် ရင်လှပ် အတွင်း
အလှတရားနဲ့ ပုရိသယောက်ျားတွေကို
ဖွင့်ချပြတယ်ေ ခတ်သမီးပျိုတွေက အတုခိုးယူတယ်

တစ်ချိန်ထဲမှာ ချစ်သူ သုံးလေးယောက်
တစ်ပြိုင်ထဲထားလာကြတယ်Fb ပေါ်မှာ အကြင်လင်မယားတွေ ပေါလာ
ကြတယ် လင်မယားအစစ်အမှန်တွေက ကျောပေး
လာကြတယ်

ချစ်သူတွေက လင်မယားဖြစ်လာကြတယ်
Fb ချစ်သူအရေးပေး အိမ်က မယား/ လင်ယောက်ျား
ကျောပေး ကြင်နာမှု့ပေးရန်မေ့လျှော့ လာကြတယ်

အပြင်မှာသူငယ်ချင်း နှုတ်ဆက်ရန်ဝန်လေး
Fb သူငယ်ချင်း သဲသဲလှုပ်ချစ်ပြဖို့  အရေးစိုက်
လာတယ် အိမ်ကသားသမီး စိတ်ပူပန်မေ့လျှော့လာပြီး
Fb ပေါ်က သူတစ်ပါးသားသမီး စိတ်ပူပေး
လာကြတယ်

သားသမီးပေးဖို့ မုန့် ဖိုးဒါလောက်အောင်သုံး
တိုင်းထွာပေးပေမဲ့ ဘေလ်ဝယ်ဖို့ လက်မနှေး
ဖြစ်လာတယ်
image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 62197.56
ETH 1772.49
USDT 1.00
SBD 0.38