Cryptocurrency Backed by Gold and Silver

in #cryptocurrency8 years ago

ငွေကြေးတစ်ခုဟာ တန်ဖိုးတစ်ခုပေါ်တွင် မူတည်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။
အဘယ်ကြောင့်ဆိုသော် တန်ဖိုးမဲ့သည့် ငွေကြေးစနစ်ဟာ ဖေါင်းပွခြင်းကြောင့် ပြည်သူပြည်သားတွေကို ငွေကြေးအခက်အခဲကို ဖြစ်စေနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ဥပမာတစ်ခုပြောရမည်ဆိုရင် ၁၉၉၀ ခုနှစ်တုန်းက ရွှေတစ်ကျပ်သားဟာ သောင်းကဏန်းသာ ဖြစ်ပါသည်။ ယခုရွှေတစ်ကျပ်သားဟာ ၉ သိန်းဝင်ကျင်ဖြစ်ပါသည်။ ဆိုလိုတာက ၁၉၉၀ တုန်းက ငွေသောင်းကဏန်းဟာ လက်ရှိအချိန်မှာ သိန်းပေါင်းများစွာနှင့် ညီမျှနေပါတယ်။ အကယ်၍ လူနှစ်ဦးမှ တစ်ဦးဟာ ၁၉၉၀ ခုနှစ်မှာ ရွှေတစ်ကျပ်သား ၀ယ်စုထားပြီး၊ နောက်တစ်ဦးက ၎င်းရွှေတစ်ကျပ်သားနျှင့် ညီမျှသော် ငွေသားကို မပြောင်းမလဲဘဲ စုထားခဲ့ပါက ၎င်းတို့နှစ်ဦး၏ ပိုင်ဆိုင်မှုကာလတန်ဖိုးသည် ယခုချိန်တွင် အဆမတန် ကွာခြားသွားဘီဆိုတာကို လူတိုင်းနားလည်ထားသည့် ကိစ္စဖြစ်ပါသည်။
ထို့ကြောင့် တန်းဖိုးရှိ့သော ရွှေ နှင့် ငွေသတ္တုများကို အခြေခံသော ငွေကြေးဖြစ်ပေါ်လာပါက
ပြည်သူပြည်သားများ ငွေကြေးဖေါင်းပွမှု ဒဏ်မှ သက်သာရာ ရနိုင်မည်ဟု စိတ်ကူးမိပါသည်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.106
BTC 64698.14
ETH 1915.06
USDT 1.00
SBD 0.37