Crypto Currencies များနှင့်အလားအလာ

in #crypto6 years ago (edited)

အားလုံးပဲမင်္ဂလာပါ၊ ကျွန်တော်အာရုံများနေလို့ Steemit မှာပို့စ်မတင်ဖြစ်တာအတော်ကြာသွားတယ်၊ တခြားသူတွေရဲ့ပိုစ့်တွေမန့်တွေကြည့်ပြီးရေးချင်စိတ်ပေါက်လာလို့ရေးဖြစ်သွားတာပါ၊

အစကတော့အင်တာနက်ဆာဗာတွေတခြားအကြောင်းတွေရေးမလို့ပဲဒါပေမဲ့ပြန်ရေးတဲ့အချိန်လေးမှာအများနဲ့ဆိုင်တာလဲရေးချင်တယ်အရင်လို Steemit နဲ့ပါတ်သတ်တာတွေရေးဖို့ကျတော့လဲအများစုက Steemit ကိုအတော်အတန်ရင်းနီးနေကြပြီဖြစ်သလိုကျွန်တော်လဲအဆက်သွယ်ပြတ်နေတာကြာတော့သိပ်မသိတော့လို့မ Crypto Currency ဘက်ပဲမြှားဦးလှည့်လိုက်ရပါတယ်။

CryptoCurrency ကိုအရင်ကမြန်မာနိုင်ငံမှာလူသိနည်းကြေပေမဲ့အခုချိန်မှာတော့အွန်လိုင်းငွေရှာသူတွေအဖို့ BTC, LTC, DOGE, ETH, Steem, SBD စတဲ့ Crypto Currency တွေကိုရင်းနီးနေကြပါပြီ၊ BitCoin ဟာ 2013 လောက်မှာစပြီး Payment တစ်ခုအနေနဲ့ထွက်လာခဲ့ပေမဲ့၊ 2013, 2014 လောက် PTC ခေတ်နှောင်းပိုင်းလောက်ရောက်မှယခင်က PTC ဆိုဒ်တွေမှာသုံးပြီး Policy တင်းကြပ်တဲ့ PayPal, Payza, OkPay တို့နေရာမှာ Payment တစ်ခုအနေနဲ့အစားထိုးဝင်ရောက်လာပြီးနောက်ပိုင်းမှာလွတ်လပ်တဲ့ Currency တစ်ခုအဖြစ်လူသုံးများလာခဲ့ပါတယ်။ လွတ်လပ်တဲ့ Currency တစ်ခုလို့ဆိုရတဲ့အကြောင်းအရင်းက Bitcoin အပါအ၀င် Crypto Currencies တွေဟာမည်သည့်နိုင်ငံ၊ အစိုးရ၊ အဖွဲ့စည်းတစ်ခုရဲ့ထိန်းချုပ်မှူအောက်မှာမှမရှိသလို Fees သက်သက်သာသာနဲ့မြန်မြန်ဆန်ဆန်ငွေပေးချေမူပြုလုပ်နိုင်ခြင်း၊ ငွေလွဲသူလက်ခံသူအချက်အလက်များမလိုအပ်ဘဲခံမည့် Address သာလိုအပ်ပြီးအမည်မသိငွေပေးချေနိုင်ခြင်းတို့ကြောင့်၊ အွန်လိုင်းပေါ်မှာသာမက၊ မူးယစ်နှင့်ဒုစရိုက်လောကများမှာပါတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီး၊ အချို့စတိုးဆိုင်များများတွင် Bitcoin ဖြင့်ပေးချေနိုင်လာသလို Bitcoin ATM များပေါ်ပေါက်လာသည်အထိတွင်ကျယ်လာပါတယ်၊ (အများစုသိပြီးသားတွေဖြစ်လို့ဆက်မရှည်တော့ဘူးဗျာ) အဲလိုနဲ့ Bitcoin တွင်ကျယ်လာပြီး 2016 နှောင်းပိုင်းလောက်ကစပြီး Crypto Currency တွေအလျှိုလျှိုပေါ်ထွက်လာပါတယ်၊ ကိုယ်ပိုင် Token Deploy လုပ်နိုင်တဲ့ Service ပါတဲ့ Ethereum (ETH) ထွက်ပေါ်လာပြီးမကြာခင်မှာ ETH Token တွေ Crypto Currency Trading Market တွေအလျှိုလျှိုထွက်ပေါ်လာပြီး Crypto Currency လောကတစ်ခတ်ဆန်းခဲ့ပါတယ်။ Crypto Revolution မှာစီးပွားရေးအကွက်မြင်ပြီးသူ့လူမျိုးချင်းစီးလုံးတဲ့ကျွန်တော်တို့အိမ်နီးနားချင်းတရုပ်နိုင်ငံကဘီလျှံပေါင်းများစွာအမြတ်ရခဲ့မယ်ထင်ပါတယ်ဘာလို့လဲဆိုတော့လက်ရှိဈေးကွက်ထဲမှာတရုပ်နိုင်ငံကထုတ်တဲ့ Crypto Currency တွေ Token တွေလဲအများအပြားတွေ့ရသလို Binance တို့ Okex တို့လိုတရုပ်အခြေစိုက် Market တွေလဲအများကြီးတွေ့ရပါတယ်၊ အာရှမှာတော့တရုပ်ပြီးရင်ကိုရီးယား Market တွေနဲ့ဆိုဒ်တွေလဲအတော်များပါတယ်၊ Crypto Currency Market တွေမှာဝယ်ရောင်းလုပ်ပြီးအမြတ်ရှာဖွေသူတွေလဲများလာပါတယ်၊ လွန်ခဲ့တဲ့ 2017 နှောင်းပိုင်းနဲ့ 2018 အစပိုင်းလောက်မှာ Crypto Currencies တွေကိုဝယ်ရောင်းလုပ်တဲ့ပမာဏ (Trading Volume) ဟာဘီလီယံ 800 နီးပါးအထိရှိလာပါတယ်၊

(အချိန်အလိုက် Cryptocurrency Trading ပမဏများ)

ဝယ်လိုအားများပြားမူနဲ့အတူ Bitcoin ဈေးနုန်းကလဲဒေါ်လာ 20000 ခန့်အထိတက်လာသလိုတခြား Crypto Currency တွေအကုန်လုံးနီးပါးဈေးတွေတက်ခဲ့ပါတယ်။ အဲဒီအချိန်မှာနိုင်ငံအချို့ကသူတို့နိုင်ငံသုံးငွေကြေးဖောင်းပွမူတွေ၊ ငွေကြေးခ၀ါချမူတွေဖြစ်ပေါ်လာမှာစိုးတဲ့အတွက်နိုင်ငံအတွင်းမှာ Bitcoin လို Crypto Currency တွေသုံးစွဲခွင့်ပိတ်လိုက်သလို၊ Bitcoin Mining လုပ်တဲ့စက်ရုံတချို့ပါလျှပ်စစ်စွမ်းအင်အလွန်ကျွံကုန်ခန်းတဲ့အတွက်ပိတ်သိမ်းခံရပါတယ်၊ တရုပ်နဲ့အမေရိကန်လိုနိုင်ငံမျိုးတွေတွေမှာပါပိတ်သိမ်းခံရတဲ့သတင်းတွေတွေ့လာရပါတယ်၊ အခြားနိုင်ငံတွေနည်းတူမြန်မာနိုင်ငံမှာလဲ Bitcoin အကြောင်းဂယက်ရိုက်ခဲ့ပြီး Voda Exchange လို Exchanger ဆိုဒ်တွေပိတ်သိမ်းခံရပါတယ်၊ အဲလိုတားဆီးမူတွေကြောင့် Bitcoin ဈေးနုန်း $20000 ခန့်ကနေ $5000-6000 ၀န်းကျင်ထိုးကျသွားခဲ့ပါတယ်၊ Trading ဆိုဒ်တွေရဲ့အဓိက Currency Pair လိုဖြစ်နေတဲ့ BTC ဈေးကျတဲ့အခါတခြား Crypto Currency ဈေးတွေလဲထိုးကျသွားခဲ့ပါတယ်၊ အဲဒီအချိန်တုန်းကကိုယ်တွေစိတ်ကူးယဉ်ပြီးဝယ်စုထားတာလေးတွေလဲပြောင်တာပါပဲ၊ ငရုပ်သီးကကြက်သွန်နဲ့ပေါင်းတာလားကြက်သွန်ကငရုပ်သီးနဲ့ပေါင်းတာလားမသိရောထောင်းခံရတယ်ဆိုတဲ့စကားပုံထဲကလိုကျွန်တော့်ကောင်မလေးပါအဆစ်ပါသွားတာရေးရင်းစိတ်တောင်မကောင်းဘူး :D ကျွန်တော်ကလဲကံကောင်းတယ်လွန်ခဲ့တဲ့ 3, 4 နှစ်လောက်တုန်းက Forex Trade တုန်းကလဲဆွစ်ဘဏ်ဈေးကွက်ပျက်တာနဲ့တိုးလို့တော်တော်နဲ့နလံမထူနိုင်ဘူး :P )
ရေးရင်းဘယ်ရောက်သွားလဲမသိဘူး၊ ခုနဟာပြန်ဆက်ရအောင်

အဲလိုဈေးတွေဆက်တိုက်ကျရာကနေအခုတစ်ပါတ်အတွင်း Bitcoin ဈေးလေးနည်းနည်းပြန်မာလာတော့ Steem တို့လိုတခြားကောင်တွေလည်းနည်းနည်းပြန်ဦးမော့လာတယ်၊ Crypto ၀ယ်စုတဲ့သူအချို့ကတော့စိတ်ဓာတ်လေးတွေပြန်ကြွပြီးဈေးကွက်ထဲပြန်ဝင်ဖို့ချောင်းနေကြမယ်ထင်ပါတယ်၊ ခုချိန်မှာနိုင်ငံအချို့က Crypto Currency တွေကိုပိတ်ပင်ထားကြတော့ Crypto Currency တွေရဲ့အနာဂါတ်အလားအလာကဆက်ပြီးတိုးတက်လာမလားမှေးမှိန်သွားမလားဆိုတဲ့အပေါ်မှာတချို့ကဒွိဟဖြစ်နေမယ်ထင်ပါတယ်၊ သိတဲ့အတိုင်းပဲ Crypto ငွေကြေးတွေဆိုတာအာမခံမရှိဘူးဈေးကွက်ဝယ်လိုအားရောင်းလိုအားလိုအ်ပ်ချက်အလိုက်ဈေးကပြောင်းနေတာဆိုတော့ကသုံးစွဲသူတွေစွန့်ခွာသွားရင်သေချာပေါက်ပြဿနာရှိလာမယ်။ ဒါပေမဲ့လဲတစ်ဖက်က Block Chain Technology ရဲ့အားသာချက်ကြောင့်တချို့စီးပွားရေးလုပ်ငန်းကြီးတွေရဲ့စိတ်ဝင်စားမူတွေလဲရှိလာတယ်၊ ဟိုတစ်လောကမှ Facebook Blockchain အဖွဲ့ကကိုယ်တိုင် Crypto Currency ထုတ်မလိုလိုသတင်းတွေထွက်လာခဲ့သလို၊ တရုပ်အကြီးဆုံးဘဏ်ဆိုလားပဲ ICBC, Computer ဘိုးအေကြီး IBM, NewZeland အကြီးဆုံးဘဏ် ANZ တို့ ကလဲ Blockchain Base Payment System တွေနဲ့ပါတ်သတ်ပြီးသတင်းတွေထွက်နေတာတွေ့ရတယ်၊ ဈေးကွက် Analysis လုပ်တဲ့သူတွေကလဲမှေးမှိန်သွားမယ်ဆိုဟောကိန်းတော့ထုတ်ထားကြတာမရှိပါဘူး၊ အသေချာပြောမရပေမဲ့ကျွန်တော့်အမြင်အရလဲတိုးတက်နေတဲ့နည်းပညာတစ်ခုကနိုင်ငံတချို့ရဲ့ပိတ်ပင်မူကြောင့်တော့ချက်ချင်းကြီးအရှိန်တုန့်ရပ်တန့်သွားဖို့မဖြစ်နိုင်ဘူးထင်ပါတယ်။
ရေရှည်ဝယ်စုချင်တဲ့သူတွေကိုအလားလာရှိတယ်လို့သတ်မှတ်ခံထားရသလိုကျွန်တော်လဲသဘောကျတဲ့ကောင်တစ်ခုကိုပြောချင်ပါတယ်၊ အဲဒါကတော့

Waves ပါ
ဘာလို့ကြိုက်လဲဆိုတော့သူလဲ ETH လိုပါပဲ Token Creation Service ပေးထားပါတယ်၊ ကိုယ်ပိုင် Blockchain စနစ်ဖြစ်ပြီး Wave Platform ဆိုတဲ့ BTC, BCH, ETH နဲ့ Wave Token တွေ Trade နိုင်တဲ့ Market လဲရှိပါတယ်။ သူ့ရဲ့ Circulating Supply ကသန်း 100 ရှိပြီးတော့လက်ရှိဈေး $4 ခန့်သာရှိပါတယ်။ ဒုတိယ ETH လိုဖြစ်လာဖို့အလားအလာရှိတဲ့ Currency တစ်ခုပါ။ (Blockchain တို့ CoinBase တို့မှာပါလာရင်တော့သေချာပေါက်သာဝယ်စုထားလိုက်တော့)

အခြားသဘောကျတဲ့ကောင်နှစ်ခုကတော့
EOS နဲ့ (Current Price $12.3)
Cardano (ADA) (Current Price $0.21)ပါ

(အခုကတော့ပြန်ရေးစလဲဖြစ်သလိုစာတအားရှည်သွားရင်ဖတ်ရတာအီသွားမှာစိုးတဲ့အတွက်အစပျိုးသဘောမျိုးလောက်ပဲရေးချင်ပါတယ်၊ နောက်တစ်ခါစိတ်ကူးပေါက်ရင် Blockchain Technology အကြောင်းကိုသတ်သတ်ရေးပါအုံးမယ်)

Crypto Currency Market သို့အခြား Currency များဝင်ရောက်ခွဲတမ်းယူလာပုံများ

April 2014

April 2015

April 2016

April 2017

April 2018

Photo Credit Google

Sort:  

အာရုံများရာကနေ အာရုံ ပြန်ရ လာလို့ ဝမ်းသာပါတယ်။ welcome back..ညေးကို blackchain နည်းပညာအကြောင်း အသေးစိတ် ရေးခိုင်းမလို့ပဲ... ညေး ရေးရင် ပိုပြီး ပြည့်စုံ ပါလိမ့်မယ်။ နည်းပညာ ကျွမ်းကျင်သူတွေဆိုတော့။ အစ်ကို့ အနေနဲ့ cryptographic hash အကြောင်းကို ဘယ်လို ရှင်းပြရမှန်းတောင် မတွေးတတ်သေးဘူး။

ကစံကို မျှော်နေသူတျောက်ပါ ရေးသမျှ ဝင်ဖတ်မဲ့ အမာခံပိတ်သတ်ပါ fighting😊

ကျေးဇူးပါအစ်မရေ

ပြောရမယ်ဆွင် အရှည်ကြီးဘဲ သိတယ် ဆက်ပြောပြ နေ့တိုင်းပြောပြ

ဆိုတော့က Blockchain ရေးဖို့ဟာတောင်ပျင်းလို့မရေးဘူး

ဆိုတော့ကာ ရေးပါဆိုနေမှ

ဆိုတော့ကလက်ညောင်းတာပဲရှိတာဘူမှမဖတ်ကြဘူးဆို

ကစံ င့ညီလေး ငပိန်းလေး မှတ်ထား money is money မင်းငွေမရှိဘဲ ဘာမှလုပ်မရဘူး ရေးပါ ဆိုတာ အရှည်ကြီးမဟုတ် ဖုန်းဆက်ကွာ 783698579

ရေးပြီး တင်တဲ့နေ့. . ပြောပါ ခေး ဘုတ်ပေးမယ်အဟိ😋😋😋😋😊😊😜

ဟုကဲ့အဖွား

ဟိဟိ နိအဘ

ဖတ်ပါတယ်ဗျ ရေးပေးပါ။အကိုရေးပေးတာတွေက ဗဟုသုတ တိုးရပါတယ်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59193.30
ETH 2532.01
USDT 1.00
SBD 2.47