ဘာမှမမြဲ

in #contest8 years ago

ကျေနပ် ပါတယ်.....
လောကမှာ တစ်ခါတစ်ခါကျတော့လဲ ကိုယ်က သူများကို စွန့်ခွာ လိုက် မိ တယ်..
တစ်ခါတစ်ခါကျတော့လဲ သူများက ကိုယ့်ကိုစွန့်ခွာ သွား ခဲ့ တယ်..
ဒီသဘော တရား က..ဘာမှ မမြဲတတ် ခြင်း ဆိုတာ ပါဘဲလေ..

စိတ်ချမ်းသာရာ ရဖို့ဆိုတာ ကလဲ ကိုယ့် စိတ်ကို ထားတတ်ဖို့..
ဖြေသိမ့်တတ်ဖို့ လို ပါ တယ်..
ပြသာနာ ကို ဆွဲဆန့်နေရင် ဘယ်တော့မှ မဆုးံတော့ဘူး ဘယ်တော့ မှလဲ မပြီး တော့ဘူး..
ကိုယ့်စိတ်ကို ပင်ပန်းဆင်းရဲ ထိခိုက်စေမယ့်
ချောင်ပိတ် မိ စေမဲ့ ဟာတွေကို ဘာတစ်ခုမှ စိတ်ထဲမထားဖို့ တိုက်တွန်းနေ သလို ဖြစ်စေ ပါတယ်..

တချို့ကိစ္စတွေမှာ ...
ကိုယ့် စိတ် ထဲ ထင်ရတာရယ်
ကိုယ့် စိတ် အတွေး ထဲ မြင်ရတာရယ်နဲ့ တကယ့်အဖြစ်အပျက်က ခြားနားနေတတ် ပါတယ်..
လူတိုင်းမှာတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ဆိုတာမျိုး တစ်ခုမက ရှိတတ်ကြ ပါတယ်..ဒါပေမယ့် လေ တကယ့်အဖြစ်အပျက်တွေဟာ အိပ်မက်လောက်လဲ မလှပတတ်သလို အိပ်မက် မက်နေသလောက်လဲ မလွယ်ကူတတ် မှန်း မလှပတတ်မှန်း သိပါတယ်..

လက်ရှိကာလမှာ နေ ကြည့် လိုက် ပါ..
ပျော်ရွှင်ခြင်းဆိုတာ ပစ္စုပ္ပန်အချိန်မှာ တည်ရှိနေပါတယ်..
ဘ၀ရဲ့ လက်ရှိနေရာ၊ လက်ရှိအချိန်မှာသာ ပျော်ရွှင်မှု ရှိနေပါတယ်..
ပျော်ရွှင် မှု့ ကြောင့် ကိုယ့် လုပ် ရပ်တိုင်း ကို
ဘယ်တော့မှ နောင်တ မရပါနဲ့..
တကယ်လို့ ကိုယ်လုပ်လိုက်တဲ့ ကိစ္စ ရပ်တေဟာ ကောင်း မွန် နေတယ်ဆိုရင် အံ့သြစရာပေါ့..
ဆိုး နေတယ်ဆိုရင်တော့ ဒါဟာ အတွေ့အကြုံပေါ့..

ဘဝ မှာ မျှော်လင့်ခြင်းဆိုတာ ခံစားမှု မဟုတ်ဘူး.. မင်းလုပ်တဲ့ အရာ
စွန့်စားမှု မရှိတဲ့ဘ၀မှာ လှပချိုမြိန်ခြင်း မရှိ နိုင်ပါဘူး..
စိတ်ဆန္ဒ အလိုကိုလိုက်တဲ့ မိန်းမ၊ ယောကျာ်းတွေဟာ ဘယ်လောက် ဂုဏ်သိက္ခာ၊ အဆင့်အတန်းမြင့်မြင့် တန်ဖိုးမရှိ တတ်ပါဘူး...

ကိစ္စတစ်ခုခုနဲ့ ပတ်သက်လာရင် အဲဒီလောက်ကြီး စိတ်မလှုပ်ရှားပါနဲ့..
စိတ်လှုပ်ရှားတာက တကယ့် အရေးကိစ္စတွေမှာ တပန်းရှုံးတတ် ပါတယ်..
ကျရှုးံနိင်ချေ ရာခိုင်နှုန်း များ တတ်ပါတယ်..

အရမ်းချစ်တတ်တဲ့ လူတွေအတွက် အကြံပေးချင်တာတော့ အသဲမာမာနဲ့ပဲ ချစ်ပါလို့ တိုက်တွန်း ချင်ပါတယ်.အဲဒါဆို အသဲမကွဲတော့ဘူး.ပေါ့

လူတစ်ယောက်မှာ တဒင်္ဂရူးသွပ်မှုဆိုတာ ရှိတတ်ကြ ပါတယ်..
အဲဒီရူးသွပ်မှုကို တသက်တာလုံး ဖက်တွယ်ထားမယ်ဆိုရင်တော့ ဒါဟာ မိုက်မဲမှု ဖြစ်သွား တတ်ပြန်ပါတယ်..

အဲဒါကြောင့်....တစ်ကယ်တော့
လောကကြီးက နေတတ်ရင်ကျေနပ်စရာပါဘဲကွယ်.....မနေတတ် ခဲ့ ရင် မကျေနပ်မှု့ တေ ဘဲ လက်ခံ ရရှိ နိုင် ပါတယ်..ဒါကြောင့်
မနေတတ်ခဲ့ရင် နေတတ်အောင် ကြိုးစား ပါ
လောကကြီး ထဲ မှာ ကျေနပ်စွာ လက်ခံ ပေး နိုင် တဲ့....
စိတ် လေး သာ ထားတတ်ဖို့ လို ပါတယ်.
image

Coin Marketplace

STEEM 0.13
TRX 0.33
JST 0.034
BTC 111528.14
ETH 4322.76
SBD 0.83