Huawei P29pro Vs iPhoneX

in #comparism8 years ago

Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စမတ်ဖုန်း အလုံးရေ ၁၅၃ သန်းရောင်းချနိုင်ခဲ့ပြီးတော့ Apple နဲ့ Samsung ရဲ့ အနောက်မှာ တတိယရောင်းအားအကောင်းဆုံးစမတ်ဖုန်းအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Huawei က Apple ကိုတောင် ကျော်တက်ဖို့ ကြံစည်နေပြီဖြစ်ပါတယ်။
IMG_20180613_185857.jpg
အခုသတင်းကိုတော့ Huawei ရဲ့ CEO Yu Chengdong ကိုယ်တိုင်ကပြောကြားခဲ့တာဖြစ်ပြီးတော့ Huawei ဟာ ယခုပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်းမှာ ရောင်းအားကို ၅၁ ဆ အထိ တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးတော့ အခုနှစ်မှာလည်း ရလဒ်ကောင်းတွေရရှိမယ်လို့ ယုံကြည်နေပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုရင် ဒီနှစ်တစ်နှစ်ထဲမှာတင် စမတ်ဖုန်း အလုံးရေ သန်း ၂၀၀ ရောင်းချဖို့ ရည်ရွယ်ထားပြီးတော့ Apple ကိုတောင် ကျော်တက်ဖို့ ကြံစည်နေတာဖြစ်ပါတယ်။
IMG_20180613_185906.jpg
Apple ဟာ မနှစ်တုန်းက iPhone အလုံးရေ ၂၁၅ သန်းကျော်ရောင်းချရခဲ့တာဖြစ်ပေမယ့် မနှစ်က အခုလို ရောင်းအားကောင်းခဲ့တာက iPhone X ကြောင့်အများအပြားပါဝင်ခဲ့ပြီးတော့ အခုနှစ်မှာတော့ သန်း ၂၀၀ အောက်ပဲ ရောင်းချရမယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။
IMG_20180613_185920.jpg
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ Huawei ဟာ Mid Range ဖုန်းတွေအများအပြားထုတ်လုပ်နေတဲ့အပြင် ထိပ်တန်းဖုန်းတွေဖြစ်တဲ့ Huawei P20 Pro လိုဖုန်းတွေကလည်း ရောင်းအားကောင်းနေတဲ့အတွက် ဒီပမာဏကဖြစ်နိုင်တယ်လို့ ပြောလို့ရပါတယ်။
Source

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.090
BTC 62869.35
ETH 1790.06
USDT 1.00
SBD 0.39