Steemmonsters သတင်း

in #community6 years ago


Image Source

စတင်းမွန်းစတားကနေ ပြောင်းလဲမှု အသစ်နှစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ပထမတစ်ခုကတော့ ကဒ်တွေကို သူများကို ငှားလို့ရအောင် လုပ်ပေးလိုက်တာ ဖြစ်ပြီးတော့ ဒုတိယတစ်ခုကတော့ မဖွင့်ရသေးတဲ့ ကဒ်တွေကို pack တိုကင်နဲ့ လဲပေးနေတာ ဖြစ်ပါတယ်။ ကဒ်တွေ ဝယ်ယူထားတဲ့ ပိုက်ဆံကိုတော့ ပြန်မပေးတော့ပါဘူး။ ဒါပေမဲ့ တိုကင်ကိုတော့ ဈေးကွက်မှာ ပြန်ပြီး ရောင်းစားလို့ရမှာ ဖြစ်ပါတယ်။ Steemmonsters နဲ့ steemengine နဲ့ကို ချိတ်ဆက်ပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

SP ကို delegate လုပ်သလိုပဲ ကဒ်တွေကို delegate လုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒီအချက်က ကဒ်တွေကို ဝယ်သုံးဖို့ ပိုက်ဆံ မတတ်နိုင်တဲ့သူတွေ အတွက် အခွင့်အရေးပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီကဒ်တွေကို ငှားသုံးပြီးတော့ လိဂ်ပြိုင်ပွဲတွေ၊ ပြုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ရရှိလာတဲ့ ဆုကြေးတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီကဒ်တွေ မရှိပဲနဲ့ဆိုရင်တော့ ဒီလို အခွင့်အရေးတွေ ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကဒ်ငှားတဲ့သူအနေနဲ့ကလဲ ပုံသေဝင်ငွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကဒ်ကို ဘယ်ဈေးနဲ့ ငှားမယ်ဆိုတာကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ မဖွင့်ရသေးတဲ့ alpha, beta ကဒ်တွေကို alpha, beta token အနေနဲ့ လဲလှယ်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီ တိုကင်တွေကို Steemengine platform ပေါ်မှာ လဲလှယ်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီလိုပါပဲဥပမာ booster pack တစ်ခိုကို token တစ်ခုနဲ့ လဲပေးတယ်ဆိုပါစို့။ အဲဒီ token တစ်ခုကို 1 ဒေါ်လာနဲ့ ဝယ်လို့ရတယ်ဆိုရင် booster pack ကိုလဲ တစ်ဒေါ်လာနဲ့ ဝယ်လို့ရတဲ့ သဘောပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ token ကို booster pack ပြန်ပြောင်းလို့ရပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ နည်းပညာ အပြောင်းအလဲ ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကို ဆုကြေးအဖြစ်ရလာတဲ့ ကဒ်တွေကို steemmonster ဝက်ဆိုက်မှာ ဖွင့်ကြည့်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီလို မဖွင့်ခင်ထဲက ကိုယ် ဘယ်ကဒ်တွေ ရမယ်ဆိုတာ သိပြီးသားပါ။ မိမိရလာတဲ့ ကဒ်တွေကို မဖွင့်ပဲနဲ့ peakmonsters မှာ သွားကြည့်ရုံနဲ့ ဘယ်ကဒ်တွေ ရလာမလဲ ဆိုတာ သိပါတယ်။ အခုအဲဒါကို ပြောင်းပစ်တော့မှာပါ။ နောက်ဆုံးကဒ်ကို ဖွင့်တဲ့ အချိန်ကျမှပဲ ဘာအကောင်လဲ ဆိုတာ သိရမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ဖို့အတွက် ကဒ်တစ်ခုဖွင့်လိုက်တာနဲ့ steem blockchain ဆီကို transaction တစ်ခု ပို့လိုက်မှာ ဖြစ်ပါတယ်။ ဒါကလဲ သိပ်တော့ မကြာပါဘူးလို့ဆိုပါတယ်။

နောက်ဆုံးမှာ မေးခွန်းတစ်ခုမေးချင်ပါတယ်။ SM ကဒ်တွေကို ငှားသုံးခွင့်ရလာပြီ ဖြစ်တဲ့အတွက် ငှားသုံးဖို့ စိတ်ကူးရှိမရှိ သိရှိလိုပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=74
Sort:  

ကိုယ့်အတွက် ကိုက်ရင်တော့ ငှားဖြစ်မှာပါ ဘဒို။ ဥပမာ- hydra max, silvershield pladin max, spirit of the forest max

rule တော်တော်များများမှာ ကိုက်ညီတဲ့ ကဒ်မျိုးတွေပေါ့။ :)

Posted using Partiko Android

ဘယ်သူဆီကို delegate လုပ်ရလဲ bro
steemmonsters ကိုပဲ delegate လုပ်ရတာလား? delegate လုပ်ရင်ဘယ်လိုပေးလဲ bro?
ကိုအချင်းချင်းဆိုရင် delegateလုပ်လို့ရတာကိုဘယ်လို လွဲလဲ bro? auto ပို့တာလား ငှားတဲ့သူပို့မှရတာလား bro? hehe သိချင်တာတွေများသွားတယ် ဖြေပေးပါအုံး bro မရှင်းတာလေးတွေတော့ နောက်မှပဲထပ်မေးတော့မယ်

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60063.85
ETH 2313.06
USDT 1.00
SBD 2.46