Crimson Peak movie review in myanmar language

in #community5 years ago


Disclaimer: This image is copied from wikipedia.

ဒီကားကတော့ သရဲ ကားဆန်ဆန် ရိုက်ထားတာပါ။ စိတ်ဝင်စားစရာ ကောင်းတဲ့ အပိုင်းကတော့ incest နဲ့ ပတ်သက်တဲ့ အပိုင်းတွေရယ် အမရဲ့ သြဇာ လွမ်းမိုးမှုကို ခံနေရတဲ့ အပိုင်းတွေရယ် ဖြစ်ပါတယ်။

ဇတ်လမ်းကတော့ မောင်နှမ နှစ်ယောက်ရှိပါတယ်။ Thomas sharpe နဲ့ သူ့အစ်မ Lucille sharpe တို့ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ကလဲ အချင်းချင်း အပြန်အလှန် ချစ်နေကြတယ်။ Thomas sharpe က ရွံ့တူးတဲ့ စက်ကိုထွင်နေပါတယ်။ အဲ့ဒိအတွက် ရင်းနှီးမြှုပ်နှံမယ့်သူ လိုက်ရှာနေပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ စိတ်မဝင်စားပါဘူး။ အဲ့ဒိအတွက် သူ့ရုပ်ရည်ကို ဗန်းပြပြီး မိန်းမတွေကို လက်ထပ် ပြီးတော့ အဲ့ဒိမိန်းမကို သတ်ပစ်ပြီး ပိုက်ဆံတွေကို အပိုင်စီးတဲ့ နည်းလမ်းနဲ့ ငွေရှာပါတယ်။ သတ်တာ အများစုကိုတော့ အမဖြစ်သူ က လုပ်ပါတယ်။

ဇတ်လမ်းစတဲ့ အချိန်မှာ အမေရိကန်က ပိုက်ဆံရှိတဲ့ အမျိုးသမီး တစ်ဦးဖြစ်တဲ့ Edith cushing ကို Thomas က ချည်းကပ်နေတာပါ။ ဒိအရင်က အခြားအမျိုးသမီး သုံးယောက်ကိုလဲ လက်ထပ်ခဲ့ပြီးပါပြီ။ သတ်လဲ သတ်ပစ်ပြီးပါပြီ။ ဒီကောင်မလေးက ငယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့အစ်မ က လက်မခံချင်ပါဘူး။ ဒါပေမဲ့ သူ့မောင်ကတော့ သဘောကျနေဟန်တူပါတယ်။ အဲ့ဒိတော့ သူ့အစ်မဆီက လက်စွပ်ကို ယူပြီး ပရိုပိုစ့် လုပ်ဖို့ကြိုးစားပါတယ်။ အဲ့ဒိ အဖြစ်အပျက်မတိုင်ခင်မှာတော့ ဒီကြား က သရဲကားဖြစ်တဲ့အတွက် သေသွားပြီဖြစ်တဲ့ Cushing ရဲ့ အမေက သူ့သမီးကို လာပြီးတော့ သတိပေးပါတယ်။ "Crimson Peak" ကို သတိထားလို့ပါ။ ဒါပေမဲ့ Crimson Peak ဆိုတာ ဘာလဲ ဆိုတာ သူမသိပါဘူး။

Cushing မှာ အဖေ ရှိပါသေးတယ်။ Cushing ရဲ့ အဖေကတော့ သဘောမတူပါဘူး။ Thomas ကို စတွေ့ကထဲက သဘောမကျပါဘူး။ အဲ့ ဒါနဲ့ သူတို့နောက်ကြောင်းကို လိုက်ခိုင်းလိုက်တော့ Thomas ဟာ လက်ထပ်ပြီးသား ဖြစ်ကြောင်း သိုက်တူးသမား တစ်ယောက်ဖြစ်ကြောင်း သိလာတဲ့ အတွက် သူတို့မောင်နှမကို ခေါ်တွေ့ပါတယ်။ ပြီးတော့ ပိုက်ဆံပေးပြီး Thomas တို့ မောင်နှမ နှစ်ယောက်ကို buffalo မြို့ကနေ ထွက်သွားခိုင်းပါတယ်။ နောက်နေ့ မနက်မှာပဲ Lucille က Cushing ရဲ့ အဖေကို သတ်ပစ်လိုက်ပါတယ်။ အဖေမရှိတော့တဲ့ နောက်မှာတော့ Cushing က Thomas ကို လက်ထပ်ပြီး သူ့အိမ်ကို လိုက်နေပါတယ်။ အိမ်ကိုရောက်တော့မှ အဲ့ဒိအိမ်ကြီးကို "Crimson Peak" လို့ခေါ်တာကို သိခဲ့ရပါတယ်။

Lucille ရဲ့ စိတ်ဓာတ်က ကြောက်စရာ ကောင်းပါတယ်။ ပိုက်ဆံကိုလဲ လိုချင်တယ်။ သူ့မောင်(လင်) ကိုလဲ အပိုင်စီးထားချင်ပါတယ်။ Cushing နဲ့ပတ်သက်ပြီးတော့ သူ့မောင်ရဲ့ စိတ်ကို မလွမ်းမိုးထားနိုင်တော့ပါဘူး။ Thomas က Cushing ကို နောက်ဆုံးမှာ ချစ်သွားပါတော့တယ်။

ဒီကားက တစ်ကယ့်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ခုပါ။ ကြည့်ရတာ ပေါ့သွားမှာ စိုးတဲ့ အတွက် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။ ပါဝင်တဲ့ သူတွေကတော့ Cushing အဖြစ် Edith Cushing, Lucille အဖြစ် Jessica Chastain, Thomas အဖြစ် Tom Hiddleston, Dr. Alan Mcmichael အဖြစ် Charlie Hunnam တို့ဖြစ်ပါတယ်။

Dr. Alan Mcmichael ဆိုတာကတော့ Cushing ကို တစ်ဖက်သတ်ကြိုက်နေပြီး cushing ကို ကယ်ဖို့အတွက် "Crimson Peak" အိမ်ကြီးအထိ လိုက်လာခဲ့တဲ့ သူပဲဖြစ်ပါတယ်။

Perfection has no place in love.

ပြီးပြည့်စုံတဲ့ ချစ်သူဆိုတာ မရှိပါဘူး။ မပြည့်စုံတာကိုပဲ ချစ်နေကြရတာပါ။

Universal Basic Income

This is for very basic income. Use the following link to register in mannabase.com.

Promoting Service

I am also a whitelisted user of minnowbooster. If someone want to get whitelisted from minnowbooster. I can check your blog and send an invitation. Use the following link to log into minnowbooster.com.

Building Network


Join Discord: https://discord.gg/RSrv669 @mmunited

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=576



Sort:  

အရမ်းကြောက်ဖို့ကောင်းရင်တော့မကြည့်ရဲဘူး reviewထဲမှာသရဲခြောက်တဲ့အခန်းမပါတော့သိပ်မခြောက်လို့လား

Posted using Partiko Android

ကြောက်စရာ မျက်လုံးပြူးစရာတွေပါရင်ကြည့်ရဲဘူးလို့

သရဲကားဆိုကြောက်ကြည့်တယ်

ခု ဘဲ download လိုက်မယ်

အိမ်းး ကိုယ်ဒေလဲ မိန်းမယူပီးလိုက်သတ်အူးမှနဲ့တူဒေ :-D

Hi, @mmunited!

You just got a 8.82% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Hi @mmunited!

Your post was upvoted by @steem-ua, new Steem dApp, using UserAuthority for algorithmic post curation!
Your UA account score is currently 1.546 which ranks you at #35634 across all Steem accounts.
Your rank has dropped 221 places in the last three days (old rank 35413).

In our last Algorithmic Curation Round, consisting of 226 contributions, your post is ranked at #160.

Evaluation of your UA score:
  • Only a few people are following you, try to convince more people with good work.
  • You have already convinced some users to vote for your post, keep trying!
  • Good user engagement!

Feel free to join our @steem-ua Discord server

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.035
BTC 65090.19
ETH 3379.11
USDT 1.00
SBD 4.55