လွဲချော်မှု

in #changes6 years ago

မြန်မာ့ ကျောက်ချောခေတ်ကြီးက တကယ့်ကို အံ့သြဖွယ်ရာ ပါပဲဗျာ။
မြောက်ဘက် ကချင်ပြည်နယ်ကနေ တောင်ဘက် ထားဝယ် တနင်္သာရီ တိုင်းအထိ တွေ့ရတယ်။

ကျောက်ချောခေတ်မှာ အိုးဖုတ် တတ်ပြီ။
အုတ်ဖုတ်တတ်ပြီ။

ဒါတင်မက ဆေးတံသောက်ပြီး ဇိမ်ယူတတ်ပြီလို့ပါ ပြောရမလား။
ဆီကိုရေချိုး ဆေးရိုး မီးလှူံ တဲ့။

ကျောက်ချောခေတ်မှာ ဆေးတံသောက်ပြီး ဇိမ်ခံတတ်တာလား။
ဆေးတံက ပျူဆေးတံတွေ။
ပျူခေတ်အထိ ကျောက်ချောတွေ ထွန်းကားဆဲလား။

ဆရာကျောင်းတို့ မုံရွာ မိုးကြိုးပြင် ကျောက်ခေတ်ကြီးကတော့ ကြေးနီစီမံကိန်းထဲ ဝမ်းနည်းဖွယ်ရာ ပျောက်ဆုံးသွားပြီ ထင်။

ပျူတွေ ဘယ်ရောက်သွားပြီလဲလို့ ကျနော် မမေးဝံ့ပါ။

မြောက်ဘက် ကချင်ပြည်နယ်မှသည် တောင်ဘက် တနင်္သာရီ ထားဝယ်အထိ အင်တိုက်အားတိုက် များပြားလှသည့် ကျောက်ချောခေတ်က လူတွေ ဘယ်ရောက်သွားသလဲ။ image
သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့
ဗုဒ္ဓံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ ..
အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ ..
သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ ..
(ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ)
..
အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲက
ဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ် ..
ကိုယ်ပြောတဲ့စကား အောင်စေပါတယ် ..
..
သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်
ပထမဆုံး - မိမိကိုယ်မိမိဆုတောင်းပါ -
ဤရေ အေးမြသလို အကျွနိုပ်လည်းအေးမြပါစေ)
မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..

အဲ့ဒါပြီးရင် သင်အချစ်ဆုံးသူကို မေတ္တာပို့ပါ
(ဤရေ အေးမြသလို ............ လည်း အေးမြပါစေ)
မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..

ကိုယ်မေတ္တာပို့တဲ့သူရဲ့ မျက်နှာကို စိတ်ထဲမှာ မြင်နေရပါမယ် ..
ပြီးရင် ကိုယ် မျက်နှာကိုသပ်ချတဲ့ ရေရဲ့ အေးမျှမှုကို သတိပြုရမယ် ..

ပြီးရင် သင့်မိသားစု မိဘများကို မေတ္တာပို့နိုင်ပါတယ်
(ဤရေ အေးမြသလို ရှေးရှေးဘ၀များမှ ယခုဘ၀တိုင်အောင်
တော်စပ်ခဲ့ဖူးသော အမိအဖဆွေမျိုးများအားလုံး အေးမြပါစေ)

မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..

ပြီးရင် ကိုယ် အမုန်းဆုံးလူ ကိုယ့်အပေါ် မကောင်းတဲ့သူ
ကိုယ့်ကိုယ် အမြဲတမ်း ဒုက္ခပေးနေတဲ့သူကို မေတ္တာပို့ပါ ..
(ဤရေ အေးမြသလို ............. လည်းအေးမြပါစေ)

အဲ့လိုလူတွေများရင် အဲ့ဒီလူတွေ တစ်ယောက်ချင်းစီရဲ့ မျက်နှာကို
စိတ်ထဲက မြင်ယောင်ပြီး တစ်ခေါက်ချင်းစီ လုပ်ရပါမယ် ...

ဒီနေရာမှာ အရေးကြီးတာက သူ့ကို အမှန်တကယ် အေးမြစေလိုတဲ့စိတ်
သူ့ကို အမှန်တကယ် အောင်မြင်ကြီးပွားစေလိုတဲ့စိတ်နဲ့ မေတ္တာပို့မှ
ထိရောက်မှာဖြစ်ပါတယ်။

အဲ့ဒီလူက ကိုယ့်အပေါ် အချိန်တိုင်း ဒုက္ခပေးနေတဲ့သူ အရမ်းနာကြီး
မုန်းတီးအောင် လုပ်ထားဖူးတဲ့သူဖြစ်ရင်လည်း အဲ့ဒီအချိန်လေးခဏမှာတော့
ခွင့်လွှတ်နားလည်စိတ်နဲ့ မေတ္တာပို့ရမယ် ...
အဲ့ဒါဆိုရင် အဲ့လောက်မုန်းတီးနေတဲ့သူကို
ဘယ်လိုခွင့်လွှတ်ရမလဲ မေးလိမ့်မယ်။

══════════════════════════════════
ကိုယ် အရမ်းမုန်းတဲ့သူကို အချိန်ခဏတာအတွက် ခွင့်လွှတ်နည်း
══════════════════════════════════

ပထမဆုံး မလွဲသာတဲ့အခြေအနေတစ်ခုကြောင့်ဖြစ်မှာ..
သူ့နေရာမှာ ငါဆိုရင်လည်း လုပ်ချင်လုပ်မိမှာပါလို့ စိတ်ဖြေပြီး ခွင့်လွှတ်ပါ

မရရင်

လူဆိုတာ သူ့အကျင့်စရိုက်နဲ့သူလာတာ မွေးကထဲက သူ့မှာ အဲ့လို
မကောင်းတဲ့စိတ်ပါလာလို့ ငါ့အပေါ်မှာလည်း အကောက်ကြံတာပါလားလို့
စိတ်ဖြေပြီး ခွင့်လွှတ်ပါ။

သူက ကိုယ့်အထက်လူကြီး ကိုယ့်အလုပ်ရှင်ဖြစ်နေခဲ့ရင် ကိုယ့်အပေါ်
မောက်မာရိုင်းစိုင်းခဲ့ရင်ငါလည်း သူ့ရာထူး သူ့လိုချမ်းသာတဲ့သူဖြစ်ခဲ့ရင်
ဒီထက်တောင် ဆဲမိဆိုမိချင် ဆိုမိမှာဆိုပြီး ခွင့်လွှတ်ပါ။

အဲ့ဒါတွေအားလုံးမှ မရဘူးဆိုရင်

ငါ၀ဋ်ကြွေးရှိလို့ ခံရတာပဲလို့ တွေးပြီး သူ့ကို အပြစ်မမြင်မိအောင်
စိတ်ဖြေပြီး ခွင့်လွှတ်ပါ။

အဲ့ဒါဆိုရင်တော့ သင်ရေကိုင်ပြီး မျက်နှာသစ်တဲ့ အချိန် ၂ စက္ကန့်လောက်
အတွက် သူ့ကို ခွင့်လွှတ်နိုင်မှာပါ ..

( သေချာပါတယ် .. သင်သူ့ကို ခွင့်လွှတ်ပြီး မေတ္တာပို့နိုင်သလောက်
သူသင့်အပေါ် ထူးထူးခြားခြား အမြင်ကြည်လာပါလိမ့်မယ် ..
ဒီနေရာမှာ မုန်းတီးနာကျည်းစိတ်နဲ့ ပါးစပ်ကသာ ရွက်နေရင်တော့
ဘာမှ ထူးမှာ မဟုတ်ပါဘူး)

ကိုယ်အရမ်းမုန်းတဲ့သူကို မေတ္တာပို့ပြီးရင်တော့ နံနက်ခင်း မျက်နှာသစ်ရင်း
မေတ္တာပို့တဲ့အလုပ်ပြီးပါပြီ .. သင့်အတွက် အချိန် ၅ မိနစ်စာလောက်ဘဲ
လိုပါလိမ့်မယ် .. ဒါကလည်း သင် အမြဲတမ်းမျက်နှာသစ်နေတဲ့ အချိန်ထက်
၂ မိနစ်စာလောက်ဘဲ ပိုမှာပါ ...

ပထမတော့ မျက်နှာသစ်တိုင်း အဲ့ဒါလေးလုပ်ဖို့ သင်မေ့ချင် မေ့မှာပါ ..
နောက်ဆိုရင် မျက်နှာသစ်ဖို့ ရေကိုင်လိုက်တာနဲ့ နှုတ်က အလိုလို
သရဏဂုံ သုံးပါးကိုရွက်မိပြီး အလေ့အကျင့်တစ်ခုလိုဖြစ်သွားပါလိမ့်မယ် ..

ကျွန်တော် အဲ့ဒီအတိုင်းဘဲ မေတ္တာပို့ဆုတောင်းနေကျ တကယ်လက်တွေ့ပါ ..
အခုလက်ရှိ အလုပ်ထဲမှာရော ပတ်၀န်းကျင်မှာရော ကျွန်တော်နဲ့ မတည့်တဲ့
ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတဲ့ သူရယ်လို့ မရှိပါဘူး ..

လူတော်တော်များများပြောကြပါတယ် ... မေတ္တာပို့လိုက်မယ် မေတ္တာပို့လိုက်ရ
မကောင်းရှိတော့မယ် ဆိုပြီးတော့ အဲ့ဒါက လူတွေကြားမှာ မကောင်းတဲ့
စကားတစ်ခုလိုဖြစ်နေတာပါ ..
တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ကျိမ်စာတိုက်တာမဟုတ်ပါဘူး ..
ရန်မရှိဘဲ အားလုံး အေးချမ်းစေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့
အကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ မျက်နှာသစ်နည်းလေးကို
ပြန်လည်မျှေ၀လိုက်ပါတယ်။ image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by k020 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61228.86
ETH 2663.22
USDT 1.00
SBD 2.54