သင်ယူလို့ရမယ့်နေရာမှာ အလုပ်လုပ်ပါ။

in #challange7 years ago

FB_IMG_1500720765284.jpg

ကိုယ်က ပညာတစ်ခုကို စလေ့လာခါစဆိုရင်
လစာထက် ကိုယ်ဘာပညာတွေရမလဲဆိုတာ
ကို ကြည့်ပါ။ ကိုယ့်ကို သင်ပေးမယ့်သူရှိလား
စုံစမ်းပါ။ ကြိုစုံစမ်းလို့ မရတာတွေလည်းရှိတတ်
ပါတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပါ။ မိမိရဲ့
Personal Growth ရရှိမယ့် နေရာမှာ အလုပ်
လုပ်ပါ။ လစာကို ပထမဦးစားပေး မထားပါနဲ့။အလုပ်
တစ်ခုလုပ်တော့မယ်ဆိုရင် အဲ့ဒီအလုပ်က ဘာတွေ
သင်ယူနိုင်မလဲ၊ အဲ့ဒီအလုပ်က မိမိဘဝကို မြှင့်တင်
ပေးနိုင်မယ့် အလုပ်ရော ဟုတ်ရဲ့လား စတာတွေ
စဉ်းစားသင့်ပါတယ်။ လစာလေးတော့ ကောင်းပါ
ရဲ့.. နေ့တိုင်း မိမိကျွမ်းပြီးသား အလုပ်တွေနဲ့ပဲ
ပျင်းရိစရာကောင်းနေရင်၊ သင်ယူစရာ လုံးဝမရှိရင်၊
တိုးတက်ဖို့အနေအထားလည်း မရှိရင် အဲ့ဒီအလုပ်
ဟာ အရမ်း ပျင်းစရာကောင်းပါတယ်။

အဲ့ဒီလို အလုပ်မှာ ပျော်တဲ့သူတွေလည်း ရှိတတ်
ပါတယ်။ ကျွန်တော့်အတွက်တော့ Chanllenge
မရှိတဲ့အလုပ်ဟာ ပျင်းစရာကောင်းပါတယ်။
အဲ့ဒီလို အလုပ်မှာ အကြာကြီးနေတာဟာ မိမိ
ပြေးနေတဲ့ ပြိုင်ပွဲမှာ ခြေစုံရပ်လိုက်သလိုပါပဲ။
လုံးဝမနားနဲ့ ပြောတာမဟုတ်ပါဘူး။ မိမိရဲ့ရည်မှန်း
ချက်ပေါ်မူတည်ပါတယ်။ နားသင့်သလောက်နား
ပြီးရင် ပြိုင်ပွဲထဲ ပြန်ဝင်သင့်ပါတယ်။ မိမိက ရှေ့ရောက်
ချင်သူဆိုရင်တော့ Challenge (စိန်ခေါ်မှု) ရှိတဲ့
နေရာတွေကို ရှာဖွေပြီး မိမိကိုယ်ကိုယ် Upgrade
လုပ်ရမှာ ဖြစ်ပါတယ်။ ခြေစုံရပ်နေသူတွေကိုလည်း
စော်ကားတာ မဟုတ်ပါ။ ကိုယ့်အယူအဆနဲ့
ကိုယ်မို့ လုပ်ခွင့်ရှိပါတယ်။

ကျွန်တော့်ရဲ့ ပထမအလုပ်မှာ ကျွန်တော့်မန်နေဂျာ
က အရမ်းသင်ပေးတယ်။ ကျွန်တော်ကလည်း
အားတက်သရော လေ့လာတယ်။ လစာနည်း
တယ်..ဒါပေမယ့် ရတဲ့ပညာက မနည်းဘူး။လစာ
နည်းပေးမယ့် ပညာသင်ယူခွင့်ရလို့ကျွန်တော်
ပျော်တယ်။သူထွက်သွားတော့ နောက်ထပ်ရောက်
လာတဲ့သူတွေက မသင်ပေးနိုင်တော့ဘူး။ အဲ့ဒီ
အလုပ်ကနေ ကျွန်တော်ထွက်ခဲ့တယ်။ ၁နှစ်နီးပါး
အဲ့ဒီမှာ လုပ်ခဲ့ပါတယ်။ နောက်အလုပ်အတွက်
ရှာတော့ Companyကြီး ၂ခုမှာ အင်တာဗျူး
ရတယ်။ သူတို့မေးတာ အကုန်ဖြေတယ်။ ပြီးရင်
Any question? ဆိုလိုကတော့ စမေးပြီ
ဘယ်သူနဲ့လုပ်ရမှာလဲ၊ ဘာတွေက Main task
လဲ၊ ကျွန်တော့် Career တိုးတက်ဖို့သင်ပေး
မယ့်သူ ရှိလား စသဖြင့် (လူတိုင်းတော့ မေးရဲချင်
မှမေးရဲလိမ့်မယ်။) အကုန်မေးတယ်။ ကျွန်တော့်
ကို အလုပ်မခန့်လည်း စိတ်မဆိုးဘူး။ ကိုယ့်ရဲ့
အရည်အချင်းကို ကိုယ်ယုံတဲ့အတွက် အလုပ်ရ
မယ်ဆိုတာ ယုံနေတယ်။ သူတို့ဆီမှာ မရလည်း
တစ်နေရာမှတော့ ရကိုရမှာ သိနေတယ်။ အဲ့ဒီ
Company ၂ခုလုံးက Offer ရခဲ့တယ်။ ပထမ
တစ်ခုက လစာများတယ်။ ဒါပေမယ့် တိုးတက်ဖို့
အခွင့်အလမ်း သိပ်မရှိဘူး။ ဒုတိယတစ်ခုက ပထမ
company ထက် လစာပေးတာနည်းတယ်။
(ကျွန်တော့် expected salary ထက်တော့
များတယ်)။ တိုးတက်ဖို့ ရှိတယ်။ သင်ပေးမယ့်
သူရှိတယ်။ ကျွန်တော် အဲ့ဒီဒုတိယ တစ်ခုရွေးခဲ့
တယ်။ ဆုံးဖြတ်ချက်လည်း မှန်ခဲ့တယ်။ အများကြီး
သင်ယူခဲ့ရတယ်။ လစာဆိုတာ အရည်အချင်း
နောက်ကနေ တောက်လျှောက်လိုက်လာတာ
ကိုလည်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တယ်။

ကျွန်တော်နဲ့ သဘောထားကွဲလွဲမယ့်သူတွေလည်း
ရှိနိုင်ပါတယ်။ အထက်ပါ စာဟာ ကျွန်တော်တစ်ဦး
တစ်ယောက်တည်းရဲ့ အမြင်မို့ သဘောထားလွပ်လပ်
စွာ ကွဲလွဲနိုင်ပါတယ်။ စာကြွင်းအနေနဲ့ပြောချင်တာ
အထက်က အချက်တွေဟာ လူပျို၊ အပျိုဘဝမှာ
လုပ်ဖို့ ပိုလွယ်တယ်ဆိုတာပါပဲ။ အိမ်ထောင်ကျသွား
ရင် ထောက်ရမယ့်သူတွေရှိလာပြီး လုပ်ချင်တိုင်း
လုပ်လို့မရတာတွေ ဖြစ်တတ်ပါတယ်။

တော်ရဲ့သားနဲ့ လစာလည်း မတိုး၊ ရာထူးလည်း
မတိုးဘူး ဆိုပြီးမေးတဲ့သူတွေရှိလာရင် ကျွန်တော်
ပြန်ပြောတာကတော့ "တော်ရင် ဘာလို့ နောက်
အလုပ်တစ်ခု မရှာတတ်တာလဲ" ဆိုတဲ့မေးခွန်းပါ။
တော်တယ်၊ အရည်အချင်းရှိတယ်ဆိုတာ မိမိအလုပ်
ကို လုပ်တတ်ရုံနဲ့မပြီးပါဘူး။ Personality,
Networking Skill, Communication Skill,
Presentation Skill စတာတွေ အများကြီးရှိ
ပါသေးတယ်။
Follow me here @mooen
IMG_20170312_114714.jpg
မိုးရှင်း ​ရေးသားသည်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64768.36
ETH 3436.88
USDT 1.00
SBD 2.51