ဂျပန်ဘက်သို့ ဦးတည်ပြီး မြောက်ကိုရီးယား ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်steemCreated with Sketch.

in #by7 years ago

ဂျပန်နိုင်ငံဘက်သို့ ဦးတည်ပြီး မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးကာ မြောက်ကိုရီးယားကို ပူးပေါင်း ဖိအားပေးသွားရန် သဘောတူညီခဲ့ကြောင်း ကြေညာပြီး နောက်တစ်ရက်တွင် မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

မြေပြင်အခြေစိုက် ဒုံးကျည်ကို ပန်ယွန်းလေဆိပ် အနီးမှ ပစ်လွှတ်လိုက်ပြီး ၃၇ မိနစ်မျှ ပျံသန်းကာ ဂျပန်ပင်လယ်ထဲ ကျဆင်းသွားကြောင်း အမေရိကန် စစ်တပ်၏ ပစိဖိတ်ရေးရာ ဦးစီးဌာနက ကြေညာသည်။

တောင်ကိုရီးယား စစ်ဘက်ကလည်း ဇူလိုင် ၄ ရက် မနက်ပိုင်းက ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သည် ကီလိုမီတာ ၉၃၀ မျှ ခရီးပေါက်အောင် ပျံသန်းခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ ဒုံးကျည်သည် ဂျပန်က အထူးစီပွားရေးဇုန်ဟု သတ်မှတ်ထားရာ ကမ်းလွန်ရေပြင်တွင် ကျရောက်သွားခဲ့သည်။

အမေရိကန် စစ်ဘက်က မြောက်ကိုရီးယား၏ ဒုံးကျည်သည် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများကို တိုက်ရိုက် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေမျိုး မရှိခဲ့ဟု ဆိုသည်။ ဂျပန်ကမူ ထိုဖြစ်ရပ်အပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး မြောက်ကိုရီးယား အနေဖြင့် လက်ခံနိုင်စရာ မရှိသော ရန်စမှုများကို ကျူးလွန်နေကြောင်း၊ ယခုဖြစ်ရပ်အပေါ် ဂျပန်က ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း အစိုးရ ပြန်ကြားရေး တာဝန်ခံ ယိုရှီဟီဒီ ဆူဂါက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ဂျပန်သည် တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ပူးပေါင်းကာ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ဖိအားပေးသွားမည်ဟု ကြေညာသည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယခုကိစ္စအပေါ် လျင်လျင်မြန်မြန် သဘောထား မှတ်ချက်ပေး တုံ့ပြန်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ရည်စူးကာ “ဒီပုဂ္ဂိုလ်ကတော့ ဘဝမှာ အခုထက်ပိုပြီး ကောင်းမွန်တာမျိုး မလုပ်တတ်တော့ဘူးလား။ ဒီလူရဲ့ လုပ်ပေါက်တွေကို တောင်ကိုရီးယားနဲ့ ဂျပန်တို့ အခုလောက်ကြာအောင် သည်းခံခဲ့တယ်ဆိုတာ ယုံဖို့တောင် ခက်တယ်။ တရုတ်အနေနဲ့ မြောက်ကိုရီးယားက အဓိပ္ပါယ် မရှိတာတွေ လျှောက်လုပ်နေတာကို တစ်ခုခု ထိထိရောက်ရောက် ဝင်ဟန့်သင့်ပါပြီ”ဟု ရေးသားထားခဲ့သည်။

ထရမ့်သည် မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံ၏ သမ္မတ စီကျင်းပင်ကို မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ဖိဖိစီးစီး တွန်းအားပေး ကူညီရန် တောင်းဆိုထားသည်။ မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း အနည်းဆုံး ဒုံးကျည်စမ်းသပ်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 59198.54
ETH 3287.69
USDT 1.00
SBD 2.43