ဘူးသီးတောင်တွင် အာဏာပိုင်များ၏ သတင်းပေးတပည့်တစ်ဦးက ရိုဟင်ဂျာများကို ခြိမ်းခြောက်နေ

in #buthidaung5 years ago


ဘူးသီးတောင်။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာမှ အာဏာပိုင်များ၏ သတင်းပေး တပည့်တစ်ဦးဖြစ်သူ ဦးအီဒီရိစ် (ဘ) အီစ္စမိုလ်က ကျေးရွာတွင်း နေထိုင်သူများကို ခြိမ်းခြောက် နေသောကြောင့် ရွာသူ/သားများ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေလျက် ရှိကြောင်း ဒေသခံများက သတင်းပေးပို့ ထားပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ဖိုးခေါင်ချောင်းကျေးရွာတွင် ပစ်စတိုသေနတ် တစ်လက်နှင့် အတူ ဖမ်းဆီးရမိသည်ဟု စွပ်စွဲကာ မတရား ဖမ်းစီးချုပ်နှောင် ခံရသည့် ပြသနာ၏ နောက်ပိုင်း ၎င်းကျေးရွာတွင်း နေထိုင်သော အာဏာပိုင်များ၏ သတင်းပေး တပည့်တစ်ဦး ဖြစ်သူ ဦးအီဒီရိစ်က ကျေးရွာနေ ရွာသူ/သားများကို ခြိမ်းခြောက် ငွေညှစ်ယူလျက် ရှိနေပါတယ်။

ဦးအီဒီရိစ်က ဖိုးခေါင်းချောင်းကျေးရွာတွင်းသို့ မြန်မာစစ်သားများနှင့် နယ်ခြားစောင့်များက လူတစ်ချို့ကို ဖမ်းဆီးရန် ကျန်ရှိနေသေးသည်ဟု မတရား ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပါတယ်။ ၄င်း၏ ခြိမ်းခြောက်မှုကြောင့် ဖိုးခေါင်ချောင်းကျေးရွာတွင်း နေထိုင်ကြသော ရွာသူ/သားများသည် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်ကို စိုးရိမ်ကာ မိမိတို့ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

အပြစ်မဲ့ ရိုဟင်ဂျာ မွတ်စလင်များကို မတရားဖမ်းဆီး ချုပ်နှောင်မှုများ ထပ်မံပြုလုပ်မည်ကို ရွာသူ/သားများက စိုးရိမ်နေကြကာ ထိုသူတို့က ငြိမ်းချမ်းစွာ နေထိုင်လိုသောကြောင့် မြန်မာအစိုးရ အနေနှင့် အမှန်တကယ် ပြစ်မှု ကျူးလွန်သူကိုသာ စိစစ် အရေးယူပေးရန် တောင်းဆိုထားပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%95%e1%80%ad%e1%80%af/

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63156.26
ETH 3071.73
USDT 1.00
SBD 3.86