today myanmar

in #busy7 years ago

အမေရိကန်ဒေါ်လာ ကိုးဘီလီယံနီးပါးရှိတဲ့ ပြည်သူ့
ဘဏ္ဍာငွေတွေကို ဘယ်သူတွေက ဘယ်လိုသုံးနေလဲ
ပြည်ထောင်စု အသုံးစရိတ်၊ အစိုးရ ဘတ်ဂျက်ထဲကို မရောက်ဘဲ နိုင်ငံတော် စီးပွားရေးအဖွဲ့အစည်းတွေဆီမှာ သိုမှီးထားပြီးရှိနေတဲ့ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ကိုးဘီလီယံနီးပါး (ကျပ် ၁၁ ဒသမ ၈ ထရီ လီယံ) ရှိနေပါတယ်။ အဲဒီငွေတွေဟာ သီးသန့် စာရင်းလို့ ခေါ်ကြတဲ့ (Other Account) တွေထဲ ရှိနေတာဖြစ်ပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် သုံးနှစ်အတွင်းမှာပဲ ရရှိထားတဲ့ ငွေတွေ ဖြစ်ပါတယ်။

အခုဆောင်းပါးမှာ ဒီလောက်များတဲ့ ငွေတွေ ဘယ်မှာ
ရှိနေသလဲ၊ ဘယ်သူတွေက ထိန်းချုပ်ထားလဲ၊ ဘယ်လို
ကိုင်တွယ်သင့်သလဲ စတဲ့ အချက်သုံးချက်ကို ဖော်ပြ
ပါမယ်။

ငွေတွေ ဘယ်မှာလဲ
လွှတ်တော် အစီရင်ခံစာတွေ၊ ဝန်ကြီးတွေရဲ့ ရှင်းပြချက်
တွေ ဒါတွေကို ကြည့်ပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း
အများစုအရှုံးပေါ်နေတယ်လို့ ပြည်သူအများက သိထား
ကြပါတယ်။ဒါပေမဲ့အစိုးရဘတ်ဂျက်အတွက် ဘဏ္ဍာရေး
ဝန်ကြီးဌာနကို လွှဲပြောင်းပေးခြင်း မရှိဘဲဝန်ကြီးဌာန
အလိုက် သီးခြားစုဆောင်း ထားတဲ့ သီးသန့်ငွေစာရင်း (Other Account) ဆိုတာတွေ ပေါ်လာတဲ့အခါ အရှုံး
ပေါ်တာ ဟုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။
တရားဝင်ကိန်းဂဏန်းတွေအရ ပြည် ထောင်စုဘဏ္ဍာ ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း
တွေရဲ့ အမြတ် အရှုံးစာရင်း အပြောင်းအလဲ ကြီးကြီး
မားမား မရှိသေးပါဘူး။ ၂ဝ၁၃-၂ဝ၁၄ ခု၊ လုပ်ငန်း ၃၈ ခုထဲက ၁ဝ ခု အရှုံးပေါ်ပါတယ်။ ၂ဝ၁၄- ၂ဝ၁၅ ခုနှစ်မှာ လုပ်ငန်း ၃၅ ခုထဲက ၁ဝ ခု၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ လုပ်ငန်း ၂၈ ခုထဲက ၁၁ ခု၊ ၂ဝ၁၆ - ၂ဝ၁၇ ခုနှစ်မှာ လုပ်ငန်း၂၆ ခုထဲက ၁ဝ ခု၊ ၂ဝ၁၇ - ၂ဝ၁၈ ခုနှစ်မှာလုပ် ငန်း ၂၆ ခုထဲက ရှစ်ခုအရှုံးပေါ်ခဲ့ပါတယ်။
မကြာခင်ကဘဲ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော် ကို အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်နဲ့ သဘောထား တင်ပြတဲ့ အစီရင်ခံ
စာ ဖြစ်ပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ ဝန်ကြီးဌာန ငါးခု၊ နိုင်ငံ ပိုင် စီးပွားရေးလုပ်ငန်း ၂ဝ မှာ သီးသန့် ငွေစာရင်း (OA) ရှိနေတာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပ ကနေ လုပ်ကိုင်နေတဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့ ငါးခုရဲ့ဘဏ်
စာရင်းလက်ကျန်ကို ဖော်ပြပါ တယ်။
ဒီအချက်တွေကြောင့်ပဲ အမေရိကန်ဒေါ်လာ ကိုးဘီလီယံ နီးပါးရှိတဲ့ ပြည်သူ့ဘဏ္ဍာ ငွေတွေ ပြည်သူဆီမရောက်ဘဲ ဘယ်လိုသုံး နေသလဲဆိုတဲ့ မေးခွန်းထွက်လာတာပါ။
(ငွေ စာရင်းပမာဏ အတိအကျကို ပူးတွဲဖော်ပြထားတဲ့ ပုံမှာ ကြည့်နိုင်ပါတယ်)

အစီရင်ခံစာမှာ ဖော်ပြထားချက်အရ
(က) ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့-
(၁) သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊

(ခ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်
မှာ ရှိတဲ့-
(၂) ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊
(၃) မြန်မာ့မီးရထား၊
(၄) ကုန်းလမ်းပို့ဆောင်ရေး၊
(၅) မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊
(၆) မြန်မာ့စာတိုက်လုပ်ငန်း၊

(ဂ) သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး
ဌာနအောက်မှာရှိတဲ့-
(၇) မြန်မာ့သစ်လုပ်ငန်း၊
(၈) အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊
(၉) အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊
(၁ဝ)မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး
လုပ်ငန်း၊
(၁၁) မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး
လုပ်ငန်း၊
(ဃ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်မှာ ရှိတဲ့-
(၁၂) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊
(၁၃) လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊
(၁၄) မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊
(၁၅) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊
(၁၆) မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊

(င) စက်မှုဝန်ကြီးဌာနအောက်မှာ ရှိတဲ့-
(၁၇) အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊
(၁၈) အမှတ် (၂) အကြီးစားစက်မှု လုပ်ငန်း၊
(၁၉) အမှတ် (၃) အကြီးစားစက်မှု လုပ်ငန်း၊
(၂ဝ) မြန်မာ့ဆေးဝါးလုပ်ငန်း စတဲ့အဖွဲ့ ၂ဝ မှာ သီးသန့်
ငွေစာရင်းတွေ ရှိနေကြပါတယ်။
Screenshot_2018-02-25-21-42-18-988_com.android.vending.png

ဒီအဖွဲ့တွေထဲမှာ ပြည်ထောင်စု အသုံးစရိတ်ထဲ မရောက်ဘဲ လုပ်ငန်းပိုင်သိုမှီးထားမှု အနက် မြန်မာ့ရေနံ
နဲ့ သဘာဝဓာတ်ငွေ့ လုပ် ငန်းက ငွေအများဆုံး ရှိနေပြီး မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက ဒုတိယ အများဆုံး၊ မြန်မာ့သစ်လုပ်ငန်းက တတိယအများဆုံး ရှိနေပါတယ်။

ဘယ်သူတွေက ထိန်းချုပ်ထားလဲပြည်သူတွေအတွက်
မဟုတ်ဘဲ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီ
အလိုက် သိုမှီးထားတဲ့ ငွေတွေကို ဘယ်သူတွေက ထိန်းချုပ်ထားသလဲဆိုတာ အတိအကျပြောဖို့ ခက်ပါ
တယ်။ လုပ်ငန်းတစ်ခုချင်းစီကို ချုပ် ကိုင်ထားတဲ့ အဆင့်မြင့်အရာရှိတွေ ထိန်းချုပ် ခွင့်ရထားတယ်လို့ ယေဘုယျပြောနိုင်ပါတယ်။

သီးသန့်ငွေစာရင်းနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် မသိ သေးတဲ့ အဖြစ်
တွေလည်း ရှိနေပါတယ်။

သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်အရ ဆိုရင် ပြည်ထောင်စုဝန်ကြီးတစ်ဦးဟာ သူ့ တာဝန်ယူထားတဲ့ ဝန်ကြီးဌာနမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ သီးသန့်ငွေစာရင်း (OA) ရှိနေတာကို ပြင်ပက တတ်သိ
နားလည် သူ ပြောပြမှ သိခဲ့ရပါတယ်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ သီးသန့်ငွေစာရင်း (OA) ကိစ္စပေါ်လာတာသိပ် မကြာသေးပါဘူး။ သီးသန့်
ငွေစာရင်းဖွင့်ခွင့် (တစ်နည်းအားဖြင့် ကိုယ်ပိုင်ဘဏ္ဍာ
ရန်ပုံငွေ စာရင်း) ထားရှိဖို့က USDP အစိုးရလက်ထက် ၂ဝ၁၂-၂ဝ၁၃ ခု ဘဏ္ဍာနှစ်မှာ စခဲ့တာ ဖြစ် ပါတယ်။

နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေ စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ဖို့၊ ကိုယ့်ရဲ့ ငွေကြေးအင်အားပေါ်မှာ ရပ်တည်ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ငွေကြေးစီမံခန့်ခွဲမှု ပုံစံအသစ် လုပ်ခဲ့တာပါ။

အဲဒီပုံစံအရ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ သီးသန့်ငွေ
စာရင်း ဖွင့်ခဲ့ပါတယ်။လွှတ်တော်အစီရင်ခံစာမှာ သီးသန့်
ငွေစာရင်း ဖွင့်ထားတဲ့ လုပ်ငန်း ၂ဝ ရှိတယ် ဖော်ပြထား ပေမယ့် ငွေစာရင်း အရေအတွက် ဘယ် လောက်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။ The Natural Resource Governance Institute (NRGI) က ထုတ်ပြန်ထားတဲ့ လေ့လာချက်အရဆိုရင် သီးသန့်ငွေစာရင်းအရေအတွက် ၁ဝဝ ကျော်ရှိပြီး ငွေပမာဏအများ ဆုံး ရှိနေတာက မြန်မာ့ရေနံနဲ့ သဘာဝဓာတ် ငွေ့လုပ်ငန်း (MOGE) ဖြစ်တယ်လို့ ဆိုပါ တယ်။
ဥပမာတစ်ခုအနေနဲ့ ပြောရင် ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်
မှာ MOGE ဟာ သူရခဲ့တဲ့ ငွေတွေထဲက ကျပ်သန်း ၈၈ဝ ကျော်ကိုပဲဘဏ္ဍာရေးဝန်ကြီးဌာနကိုလွှဲပြောင်းခဲ့ပါတယ်။
ဒါပေမဲ့ ငွေကျပ် ၁ ဒသမ ၃ ထရီလီယံကိုတော့ သူ့ရဲ့ သီးသန့်စာရင်းထဲမှာ ထိန်းသိမ်းထား ပါတယ်။

ဒီလို ထရီလီယံနဲ့ ချီတဲ့ငွေတွေကို (အများပြည်သူနှင့် သက်ဆိုင်သော နေရာများ ၌ ပြန်အသုံးပြုရန် ခွဲဝေရ
သည့်) ဘတ်ဂျက် လုပ်ငန်းစဉ်မှာ ကင်းလွတ်ပြီး ပြည်ထောင်စု အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ ရှိမနေခဲ့
ပါ ဘူး။

ဒါကြောင့် ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ ဒီငွေတွေကို ဘယ်နေရာမှာ သုံးနေသလဲ၊ ဘယ်လိုလည်ပတ်နေသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

လွှတ်တော်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ သီးသန့်စာရင်းမှာ ရှိနေတဲ့ ငွေတွေဟာ ပြည်ထောင်စု
အစိုးရရဲ့ အပ်ငွေ စာရင်း (Union Government Deposit Account) ထဲ ရောက်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီငွေတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး
က အတိအကျ စစ်ဆေးပိုင်ခွင့် ရှိ သလား၊ (ယခု ဆောင်းပါးတွင် ဖော်ပြထားသော သီးသန့်ငွေစာရင်း လက်ကျန်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးအ တည်ပြုရခြင်း မရှိသေးပေ) တစ်ခါ ငွေတွေ ဘယ်နေရာတွေကဝင်လာပြီး ဘယ်နေရာတွေကို ပြန်
စီးဆင်းသွားသလဲဆိုတာတွေအတွက် ကွင်းဆက်ပျောက်
သလို ဖြစ်လာပါတယ်။

ဥပမာအားဖြင့် ဒီငွေတွေဟာ ဗဟိုဘဏ်ကို ရောက်တယ်
ဆိုရင် ဗဟိုဘဏ်ကရော ဒီငွေတွေကို ဘယ်နေရာအတွက် ဘယ်လိုအသုံးပြု တယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါ
တယ်။ သတင်းရင်းမြစ်တချို့ရဲ့ ပြောဆိုချက်အရဆို ရင် သီးသန့်ငွေစာရင်းတွေရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးမှုတွေ ရှိနေပြီး ဒါနဲ့ဆက်စပ်လို့ ပြည် သူ့ဘဏ္ဍာ အလွဲသုံးစား
လုပ်မှုတွေ ရှိ၊ မရှိ ဆိုတာ သီးခြားလွတ်လပ်တဲ့ အဖွဲ့
အစည်းတွေ နဲ့ စစ်ဆေးမှုတွေလုပ်မှပဲ အတိအကျ သိနိုင်
ပါလိမ့်မယ်။
ဘာလုပ်သင့်သလဲ
ဘတ်ဂျက်လုပ်ငန်းစဉ်နဲ့ ကင်းလွတ်ပြီး သီးသန့်ငွေစာရင်း
တွေမှာ ရှိနေတဲ့ ငွေပမာဏဟာ ကြီးလွန်းပါတယ်။ အဲဒီငွေတွေကို တစ်လုံးတစ်ခဲတည်း အသုံးချမယ်ဆိုရင် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပချေးငွေ ဆပ်ဖို့ကျန်နေတဲ့ ပမာဏဟာ အမေရိကန်
ဒေါ်လာ ကိုးဘီလီယံရှိပါတယ်။ အဲဒီပမာဏဟာ အခု သီးသန့်ငွေစာရင်းတွေထဲမှာ ရှိနေတဲ့ ငွေပမာဏနဲ့ အချိုးညီပါတယ်။
ဒါ့အပြင် အခု ၂ဝ၁၈ ခုနှစ် ဘဏ္ဍာနှစ်ခြောက်လစာ
အတွက် တောင်းခံထားတဲ့ ဘတ်ဂျက်ငွေ (မူလလျာ
ထားချက်) ကျပ် ၁ဝ၆၇၇ ဒသမ ၆၉၈ ဘီလီယံနဲ့လည်း ညီမျှ ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် ဒီငွေကို သုံးမယ်ဆိုရင်လည်း လက်ရှိ ခွင့်ပြုနိုင်တဲ့ ငွေ
ထက် အဆများစွာကျော်လွန် သုံးစွဲလို့ ရနိုင်တဲ့အပြင် ပြည်နယ်တွေအတွက် ဘတ်ဂျက်ခွဲဝေမှု ပိုပေးလို့ရမယ့် အခြေအနေ ရှိပါတယ်။
သီးသန့်ငွေစာရင်းတွေကတစ်ဆင့် အခုထွက်ပေါ်လာတဲ့ အမေရိကန်ဒေါ်လာ ကိုးဘီလီယံနီးပါးသော ပြည်သူ့
ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ သုံးမလဲဆိုတာ ပြည်ထောင်စုအစိုးရက တရားဝင်ထုတ်ပြောထားတာ မရှိသေးပါဘူး။ ပြည်ထောင်စု လွှတ်တော်ကတော့ သီးသန့်ငွေစာရင်းဖွင့်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်း ၂ဝ
အနက် ရှစ်ခုက ၂ဝ၁၈ ခုနှစ် ခြောက်လပတ်အတွက် တောင်းခံထားတဲ့ ဘတ်ဂျက်တွေကို (ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေထဲက မဟုတ်ဘဲ) သူတို့မှာ အသီးသီး ရှိနေတဲ့ သီးသန့်ငွေစာရင်းက အသုံးပြုဖို့ ပြောထားပါ
တယ်။

လုပ်သင့်တာကတော့ သီးသန့်ငွေစာရင်းကို ပြည်ထောင်စု
အစိုးရက အပြည့်အဝထိန်း ချုပ်ပြီး အများပြည်သူ သိရှိပိုင်ခွင့်၊ ပြည်သူ တွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာပဲ ပြန်သုံးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပြင်ပစာရင်း စစ်တွေရဲ့ စစ်ဆေးမှုကို ခွင့်ပြုပေးဖို့ လိုသလို ငွေကြေးစီးဆင်းမှု ဘယ်လိုရှိနေသလဲဆိုတာ ထုတ်ပြန်ပေးသင့်ပါတယ်။ တစ်ခါ သီးသန့်ငွေ စာရင်း
ဖွင့်လှစ်ခွင့်အတွက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားတဲ့ ငွေကြေးစီမံခန့်ခွဲမှု ပုံစံကို ပြန်ဆန်းစစ်သင့်ပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကိုပါ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းသင့်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ ခေါင်းစဉ်အမျိုး မျိုးအောက်
ကနေ ပြည်သူ့ဘဏ္ဍာငွေတွေ ပြည်သူဆီမရောက်ဘဲ နိုင်ငံအတွက် ဆုံးရှုံးနစ် နာတာတွေ ဆက်ဖြစ်နေပါလိမ့်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58118.57
ETH 2462.81
USDT 1.00
SBD 2.38