တွေ့ကြုံနေရသော အခက်အခဲကို လက်ခံပေးလိုက်ပါ

in #busy6 years ago

တွေ့ကြုံနေရသော အခက်အခဲကို လက်ခံပေးလိုက်ပါ
တစ်ခါအင်တာနက်လေးဖွင့်ကြည့် တစ်ခါစတင်းဈေးလေးထိုကျသွားတယ်……နှစ်ခါအင်တာနက်ဖွင့်ပြန်တော့ နှစ်ခါစတင်းဈေးလေးကျသွားပြန်ရော အလုပ်ကလေးအားလို့ တတိယအကြိမ်မြောက် ဥုံဖွဆိုပြီ မန်းကာ အင်တာနက်လေးဖွင့်ကြည့် စတင်းဈေးက မြေကြီးထိတော့မယ့်အတိုင်းပါဗျာ………ဆယ်ခါလောက်များ စတင်းဈေးအတက်အကျကိုသာ ကြည့်မိခဲ့မယ်ဆိုရင် စတင်းဈေးက မြေကြီးထဲ နစ်ဝင်သွားမလားမသိဘူးဗျာ………
How-sleep-depriviation-harms-ur-memory.jpg
ဈေတက်တာကျတာက ကိစ္စမရှိဘူးဗျ……ပို့စ်တင်တိုင်း ကိုယ်တင်တဲ့ပိုစ့်ကို ဘဲဥကွဲအောင် ပစ်ပေါက်ခွဲနေရတယ်……တင်တဲ့ပိုစ့်တိုင်း ဘဲဥတော့ကွဲပါတယ်ဗျာ……ဒါပေမယ့် ပြားဂဏန်းလောက် ရနေတဲ့ ကျွန်နော်ပိုစ့်က ဈေးတွေထိုးကျနေတော့ တင်တဲ့ပို့စ်တိုင်း ကိန်းဂဏန်းတွေက လျော့လျော့လာတော့ ဒီထက် စတင်းဈေးက ကျဆင်းလာမယ်ဆိုရင် ဘဲဥပြန်ရောက်သွားမလာ စိုးရိမ်နေမိတယ်ဗျာ………
စတင်းဈေးကျတဲ့အကြောင်း ပြောဆိုရေးသားနေမိပေမယ့် ဈေတက်တာကျတာလောက်နဲ့ ကိန်းဂဏန်းလေးတွေ ပြောင်းနေတာလောက်ပဲသိတာပါဗျာ……စတီးမစ်အကြောင်း ကောင်းကောင်း နားလည်းသေးတာမဟုတ်ဘူးဗျာ……စာရေးမယ် ပိုစ့်တင်မယ် ကိုယ်ရေးတဲ့ပိုစ့်လေးမှာ voteပေးလာသူတွေကြောင့် ကိန်းဂဏန်းတွေ တက်လာခဲ့ရင် ထခုန်မယ် ခုနှစ်ရက်ပြည့်ရင် စတင်းပိုက်ဆံအိပ်ထဲ ဝင်လာသမျှ စတင်း အက်ဘီဒီ spတွေကိုကြည့်ပြီး ပျော်ရွှင်နေတဲ့ မောင်သူရပါဗျာ…………
membuar gambar cartton.jpg
ဈေးကျနေလို့ ပိုစ့်အသစ် သစ်တွေနေ့တိုင်းရေးမတင်တာလား………ဒါမှမဟုတ် ကိုယ်တင်တဲ့ပို့စ်တွေမှာ voteပေးလာမယ့်သူများ မရှိတော့လို့ ပို့စ်အသစ်မတင်ချင်တော့သာလား………ဒါမှမဟုတ် စာရေးချင်တဲ့စိတ်တွေ ကုန်ဆုံးသွားလို့လား……ဒါမှမဟုတ် အပြင်အလုပ်တွေ မအားလပ်လို့ စတီးမစ်မှာ အချိန်ပေးပြီး
စာရေးတဲ့အလုပ်ကို အချိန်မရ ရှိတော့တာလား………ဒါမှမဟုတ် ဒါမှမဟုတ် ဒါမှမဟုတ် တစ်ခုခုတော့ တစ်ခုခုပေါ့ ကျွန်နော်ကိုယ်ကျွန်နော် အဖြေရှာနေမိတဲ့ မေးခွန်းလေးတွေပါဗျာ………
2736409b770470ac7bfc4c7f3fb02de55d456e2c.jpg
ဘယ်လိုအကြောင်းပြချက်တွေပဲရှိနေပါစေလေ ကိုယ့်ဘက်က ပို့စ်တင်နိုင်ရင်တော့ ပြားဂဏန်းလောက်မရ ရှိပဲ စတီးမစ်လမ်းကြောင်းပေါ်မှာ မောင်သူရဆိုတဲ့@thura နာမည်ကလေးတစ်ခု လူမသိသူမသိ ပျောက်ကွယ်လို့သွားပေလိမ့်မည်………ဒီတော့ စာရေးနေ့စဉ်မပျက်ရေးမှဖြစ်မည်……နေ့စဉ်မပျက် ပို့စ်တင်နိုင်အောင် ဆောင်ရွက်ရလိမ့်မည်…………@thuraဆိုသည့်နာမည်နဲ့ ဒီနေ့ဒီချိန်အထိ မောင်သူရဟာ လွယ်လွယ်နဲ့ ရှင်သန်ဖြတ်သန်းခဲ့သည်မဟုတ်ပေ………အခက်အခဲတွေကို ကျော်ဖြတ်ခဲ့သလို စတီးမစ်ဆိုတဲ့ စာရေးပြီး ပို့စ်တင်တဲ့ ငွေရရှိနိုင်သော ဤအလုပ်တွင် အိပ်ပျက်ခြင်းနေ့ပေါင်းများစွာ ညပေါင်းများစွာ စတီးမစ်မှလွဲ၍ ကျန်သော ဘယ်ကိစ္စမဆို အလေးအနက်မထား စတင်းမစ်မှ စတီးမစ်ဆိုပြီး လူအများကြား အရူးတစ်ယောက်လို စတီးမစ်အပေါ် အချိန်များစွာ ပေးဆပ်ခဲ့သည်………
escribiendo-contenido-1.jpg
ဒီလမ်းကြောင်းပေါ်၌ အချိန်တွေကို များစွာပေးခဲ့သော မောင်သူရ လွယ်လွယ်နဲ့တော့ နောက်ပြန်လှဲ့လို့မဖြစ် တစွတ်ထိုး တစောက်ကန်းသမားတို့၏ မှုဝါဒအတိုင်း ရှေ့ကိုသွားဖို့ စိတ်ကူးတစ်ခုပဲရှိသည်…………။သွေးအေးနေတာ မှန်ပါသော်လည်း စိတ်ဓါတ်တော့ မချမိပေ………စိတ်ဓါတ်ကျနေလို့လည်း အကြောင်းမထူးပါလေ…………ကိုယ့်စိတ်ကို မြှင့်ထားနိုင်မှ အမြင့်ကို တက်လှမ်းနိုင်လိမ့်မည်…………ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျနေသော စိတ်ဓါတ်တွေကို မြှင့်တင်ပေးလို့မရပါ…………ကောင်းတာတွေကိုပဲ ရယူချင်သော လူတစ်ယောက်ဟာ ဆိုးနေသောအချက်တွေကိုတော့ ပြင်ဆင်ထားရပေလိမ့်မည်…………အဆိုးတွေကို ပြင်ဆင်လိုက်ပါက ကောင်းတာတွေကို ရ ရှိခံစားရမှာ သေချာပါတယ်……… အမြင့်ဆုံးကို ရောက်အောင် သွားချင်သော လူတစ်ယောက်အတွက် အခက်အခဲဆိုတာတွေကို စိတ်ပျက်နေလို့မဖြစ်ပါ……………စိတ်ပျက်နေရင်တော့ စိတ်ဓါတ်ကျစရာသာ တွေ့ရှိနေပေလိမ့်မည်……………
IMG_20180401_182830.png
အဆင်ပြေနေသောအချိန်တွေမှာ ပြုံးနေတက်သလို ခက်ခဲခြင်းဆိုတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်၌ ပြုံးနေသောမျက်နှာဟာ မဲ့နေလို့မဖြစ် ခံနိုင်ရည်စွမ်းအား ကောင်းနေဖို့နှင့် တွေ့ကြုံနေရသောအခက်အခဲကို လက်ခံနိုင်စွမ်းအား ရှိနေဖို့ရန် အထူးလိုအပ်ပေသည်………လက်ရှိဖြစ်နေသော အခြေအနေအရ တွေ့ကြုံနေသော အခက်အခဲကို လက်မခံပေးလို့မရပါ…………လက်ခံပေးရမယ့်အချိန် ဖြစ်နေတယ်မဟုတ်လားဗျာ…………………
မောင်သူရ တွေးမိတာတွေ ရေးချနေမိသည် စာလည်းတော်တော် ရှည်သွားပြီ စဉ်းစားမိသော အတွေးစလေးကို ဒီမှာ ရပ်နားလိုက်ပါရစေ ချစ်သောစတီးမစ်ကြီးရေ…………………………
author:@thura
photos:cedit google images

Sort:  

ဘူးစီးက သရဲဖြစ်သွားပြီဟ

သူလည်းတွက်ချေမကိုက်လို့နေမှာပါ
ဘူးစီးသရဲ နောက်ထပ်လာခြောက်ပါစေလို့

အသစ် အသစ်တွေပေါ်လာမှပေါ့
ဒါဘာခက်လဲ

This comment has received a 0.11 % upvote from @speedvoter thanks to: @thura.

thanks@speedvoter

ချစ်သောမိတ်ဆွေများမင်္ဂလာပါခင်ဗျာ

This comment has received a 0.42 % upvote from @speedvoter thanks to: @thura.

thanks@speedvoter

This comment has received a 0.08 % upvote from @speedvoter thanks to: @thura.

thanks@speedvoter

This post has received a 3.13 % upvote from @drotto thanks to: @thura.

very very thanks@drotto

This post has received a 2.48 % upvote from @speedvoter thanks to: @thura.

very thanks@speedvoter

Send 0.01 SBD/STEEM bids to @minnowbacker with the link to post you would like voted on as the memo! You will receive a guranteed profit.

ယခုလိုနည်းလမ်းတစ်ခုပေးတဲ့အတွက်ကျေးဇူးပါဗျာthanks

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 61911.99
ETH 2585.89
USDT 1.00
SBD 2.56