တွေ့ကြုံလာရ ဖြစ်ပျက်ခြင်းက

in #busy6 years ago (edited)

IMG_20180525_005652.jpg
လူတစ်ယောက်က အခြားသောလူတစ်ယောက်ကို ဝေဖန်ရေးလုပ်လို့ ရနိုင်သလိုအပြစ်တင်လို့လည်း ရနိုင်ပါသေးတယ်။ဝေဖန်အပြစ်တင်ပြီးသွားရင်တော့ အကြံဥာဏ်ကောင်းဆိုတာကိုလည်း ပေးနိုင်ရပါလိမ့်မယ်။
ဝေဖန်အပြစ်တင်နေရုံသက်သက်နဲ့တော့ နှစ်ဦးနှစ်ဖက် ခိုက်ရန်ဒေါသထွက်ရုံမှာတစ်ပါး အခြားကောင်းကျိုးဆိုတာ မရှိလာနိုင်ပါဘူး။ကိုယ်မြင်တာနဲ့ကိုယ်ထင်မိတာတွေဟာ လက်တွေ့ဘဝတော့ တခါတရံမှာ တခြားဆီဖြစ်နေတက်ပါတယ်။
လူတွေဘာကြောင့် တိုးတက်ပြောင်းလဲခြင်း မရှိကြတာလဲ?ခေါက်ကိုက်ခံ အိပ်ရေးပျက်ခံပြီး မစားနိုင်မသောက်နိုင်ဖြစ်ပြီး စဉ်းစားနေစရာမလိုပါဘူး။တစ်ယောက်နဲ့တစ်ယောက် နင်းကြတယ် ခွကြတယ် ကျော်ကြတယ်။ဖြောက်မှန်တဲ့ လမ်းကြောင်းတစ်ခုပေါ်ကနေပြီး နင်းချေသင့်တဲ့လူစားမျိုးဖြစ်နေတယ်ဆိုရင် နင်းချေပစ်လိုက်ပါ။ ကျော်ခွပြီးသွားရမယ့် လူစားမျိုးဖြစ်နေတယ်ဆိုရင် နင်းချေပြီး ကျော်ခွသွားလိုက်ပါ။ဒီလူကို မျက်စီထဲအမြင်မကြည်လင်ဘူးဆိုတာတစ်ခုထဲနဲ့တော့ ဒီလူရဲ့ နောက်ကွယ်ရာမှာ အတင်းအဖျင်း သတင်းလွှင့်နေတာလောက် အောက်တန်းကျလွန်းတာဟာ စိတ်ထားမြင့်မြက်သူတွေရဲ့လုပ်ရပ်မဟုတ်ပါဘူးလေ။ဒီလူကိုမျက်စီထဲအမြင်မကြည်လင်ဖြစ်နေပါသလား?ဒါဆိုရင်တော့ ကိုယ့်စိတ်နဲ့ကိုယ့်ခန္ဒမှာ အဆိုးမြင်ဝါဒတွေ စွဲးကပ်ခြင်း ဖြစ်နေပြီလား ရှိနေပြီလား ဆိုတာကို အရင်ဦးစွာ ကိုယ့်ကိုကိုယ် ပြန်လည်ဝေဖန်သုံးသပ်သင့်ပါတယ်။
ဒီလူကို မျက်စီထဲအမြင်မကြည်မလင်ဖြစ်မိတာလေးတစ်ခုထဲနဲ့တော့ ဒီလူရဲ့လုပ်ရပ်ကို ဝေဖန်အပြစ်တင်ပြီး ကိုယ်နာမည်ကောင်းရ ရှိရေးအတွက် အခြားသူတွေကို စည်းရုံးသိမ်းသွင်းပြီး မကောင်းတဲ့သတင်းကို ပြန့်အောင်ဖြန့်နေခြင်းကလည်း စိတ်ဓါတ်တွေ အောက်ဆုံးရောက်နေကြတဲ့ လူတွေရဲ့လုပ်ရပ်တစ်ခုပါလေ။

လူတစ်ယောက်နဲ့တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါမှမမြင်ဖူး မဆုံတွေ့ဖူးဘူး ဒီလူရဲ့အကြောင်းကိုလည်း သေချာသိရှိနားလည်ထားခြင်းမရှိပဲနဲ့ အမှတ်မထင် ကိုယ့်မျက်စီထဲ အမြင်မကြည်လင် ဖြစ်စရာတစ်ခု တွေ့ရှိလိုက်တဲ့အခါမှာ ဒီလူရဲ့လုပ်ရပ်ဟာ ကောင်းတယ်လို့ ဝေဖန်မှတ်ချက်ပြုလို့မရနိုင်သလို ဆိုးတယ်လို့လည်း ဝေဖန်အပြစ်တင်လိုက်လို့မရနိုင်ပါဘူး။တခဏလောက်ကြည့်မိလိုက်လို့ မြင်မိလိုက်တဲ့မြင်စိတ်လေးသည် ကောင်းသည်ဖြစ်စေ ဆိုသည်ဖြစ်စေ ဘယ်လိုမှတ်ချက်မှ မပြုခြင်းဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒီလူကဘာပြောတာလဲဆိုသည့် အဓိပ္ပါယ်ကိုတောင် ကောင်းမွန်စွာ နားလည်ခြင်မရှိပဲနဲ့ ဝေဖန်ခြင်း ပြစ်တင်ခြင်း ဒီလူကွယ်ရာမှာ ကိုယ်နာမည်ကောင်းရ ရှိရေးအတွက် အတင်းဖျင်းစကားများနှင့်သတင်းလွှင့်နေခြင်းသည် လူမှုရေးနယ်ပယ်၌ လူကျင့်ဝတ်ဖောက်ဖျက်ခြင်းတွင် အကြီးမားဆုံးသော အပြစ်တစ်ခုကို ကျုးလွန်ခြင်းဖြစ်သည်လို့သာ ဒီနေ့တစ်ရက်၌ တွေ့ကြုံလာခဲ့ရသော အတွေ့ကြုံတစ်ခုကို ရင်ဖွင့်ရေးချလိုက်ပါတယ် ချစ်သောစတီးမစ်ကြီးခင်ဗျာ.။
author:@thura

Sort:  
Loading...

Get Upvotes from 350 members!

Join Our Community now.

This post has received a 0.95 % upvote from @drotto thanks to: @thura.

thank you drotto

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62964.22
ETH 2595.61
USDT 1.00
SBD 2.74