ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း နည်းပြ အသင်းခေါင်းဆောင်နှင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ (၁၁)

in #busy6 years ago

ဂျာမနီ (Germany)
⚽⚽⚽⚽⚽⚽⚽
ဖီဖာအဆင့် သတ်မှတ်ချက် : ၁
ကမ္ဘာ့ဖလား ဝင်ခဲ့သည့် အကြိမ် : ၁၈ ကြိမ်
ဆီမီးဖိုင်နယ် ရောက်ခဲ့သည့် အကြိမ် : ၁၃ ကြိမ်
ဖိုင်နယ် ရောက်ခဲ့သည့် အကြိမ် : ၈ ကြိမ်
ချံပီယံ : ၄ ကြိမ်

နည်းပြ : Joachim Low (ဂျာမနီ)
အသက် : ၅၈ နှစ်
၂၀၀၄ မှာ ဂျာမနီလက်ထောက်နည်းပြ ဖြစ်ခဲ့ပြီး ဂျာမနီအသင်းကို ၂၀၀၆ ကတည်းက ကိုင်တွယ်ခဲ့တာပါ။ အခုဆို ၁၂ နှစ် ရှိပါပြီ။ ၂၀၁၄ ကမ္ဘာ့ဖလား ချံပီယံ ဖြစ်အောင် စွမ်းဆောင်ခဲ့သလို ၂၀၁၀ ကမ္ဘာ့ဖလားတုန်းကလည်း တတိယနေရာထိ အောင်မြင်မှု ရယူခဲ့သူပါ။ ၂၀၁၇ ကွန်ဖဒရေးရှင်းဖလားကိုလည်း ရယူပေးထားတဲ့ သဘာရင့် နည်းပြကြီးပါ။ လောလောလတ်လတ် မေလ ၁၅ ရက်၊ ၂၀၁၈ ကမှ စာချုပ်သက်တမ်း ကို ၂၀၂၂ ထိ တိုးထားတဲ့ နည်းပြဖြစ်ပါတယ်။

အသင်းခေါင်းဆောင် : Manuel Neuer

စောင့်ကြည့်ရမည့် ကစားသမား : Toni Kroos
နေရာ : အလယ်တန်း
အသက် : ၂၈ နှစ်
ရီးရဲ အလယ်တန်းကစားသမား ဖြစ်ပြီး အရေးပါတဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦးပါပဲ။ ရီးရဲနဲ့ရော ဘိုင်ယန်နဲ့ပါ ချံပီယံလိဂ် ဖလားရယူဖူးပြီး ၂၀၁၄ မှာလည်း ကမ္ဘာ့ဖလား ကိုင်မြှောက်ဖူးတဲ့ ကစားသမား တစ်ဦးပါ။ ဘောလုံးအထိန်းအသိမ်းနဲ့ ဘောလုံးလက်ခံတဲ့နေရာမှာ အထူးကျွမ်းကျင်သလို ဘောလုံးပေးပို့တဲ့နေရာမှာလည်း တိကျသူပါ။ အထူးထက်မြက်တဲ့ ဘောလုံးနည်းစနစ်တွေ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁

မက္ကဆီကို (Mexico)
⚽⚽⚽⚽⚽⚽⚽
ဖီဖာအဆင့် သတ်မှတ်ချက် : ၁၅
ကမ္ဘာ့ဖလား ဝင်ခဲ့သည့် အကြိမ် : ၁၆ ကြိမ်

နည်းပြ : Juan Carlos Osorio (ကိုလံဘီယာ)
အသက် : ၅၆ နှစ်
၂၀၁၅ မှာ စတင်ခန့်အပ်ခဲ့ပြီး ခြေစစ်ပွဲမှာ အဆင့် ၁ နေရာကနေ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ မတ်လမှာ မက္ကဆီကို အသင်းရဲ့ စာချုပ်သက်တမ်းတိုး ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် : Andres Guardado

စောင့်ကြည့်ရမည့် ကစားသမား : Javier Hernandez
နေရာ : တိုက်စစ်မှူး
အသက် : ၂၉ နှစ်
မန်ယူ၊ ရီးရဲ၊ ကူဆင် အသင်းတွေမှာ ကစားခဲ့ဖူးပြီး လက်ရှိ ဝက်ဟမ်းအသင်းရဲ့ အဓိကတိုက်စစ်မှူးပါ။ မက္ကဆီကိုရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းပေးထားတဲ့ ကစားသမားပါ။ မက္ကဆီကိုအသင်းအတွက် ပွဲ ၁၀၀ ကစားပေးထားပြီး ၄၉ ဂိုး သွင်းယူပေးထားပါတယ်။ ၂၀၁၁ ရွှေဖလားမှာလည်း ဂိုးသွင်းဘုရင်ဆု ရရှိခဲ့ပါတယ်။
🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁🏁
နောက်ထပ်အသင်းများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမည်
images (15).jpeg
Photo credit-http://bit.ly/2rY79py

Sort:  

This post received a $0.105 (19.99%) upvote from @upvotewhale thanks to @sanhtun! For more information, check out my profile!

This post has received a 0.63 % upvote from @drotto thanks to: @sanhtun.

Congratulations! This post has been upvoted from the communal account, @minnowsupport, by SanHtun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 62668.27
ETH 3332.07
USDT 1.00
SBD 2.46