ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း နည်းပြ အသင်းခေါင်းဆောင်နှင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ (၁)

in #busy6 years ago (edited)

ဒီနေ့တော့ ကမ္ဘာ့ပြိုင်ပွဲဝင် အသင်းတွေရဲ့ နည်းပြနဲ့အသင်းခေါင်းဆောင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်လေးတွေပြောပြချင်ပါတယ်

ရုရှား (Russia)
⚽⚽⚽⚽⚽
ဖီဖာအဆင့် သတ်မှတ်ချက် : ၆၆
ကမ္ဘာ့ဖလား ဝင်ခဲ့သည့် အကြိမ် : ၁၁ ကြိမ်
ဆီမီးဖိုင်နယ် ရောက်ခဲ့သည့် အကြိမ် : ၁ ကြိမ်

နည်းပြ : Stanislav Cherchesov (ရုရှား)
အသက် : ၅၄ နှစ်
ဆိုဗီယက် ယူနီယံနှင့် ရုရှားအသင်း၏ လက်ရွေးစင် ဂိုးသမားဖြစ်ခဲ့ဖူး၏။ ၂၀၁၈ ကမ္ဘာ့ဖလားတွင် ရုရှားအသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးရန် ပစ်မှတ်ထားပြီး ၂၀၁၆ သြဂုတ်လတွင် ရုရှားအသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံရသည်။

အသင်းခေါင်းဆောင် : Igor Akinfeev

စောင့်ကြည့်ရမည့် ကစားသမား : Igor Akinfeev
နေရာ : ဂိုးသမား
အသက် : ၃၂ နှစ်
CSKA နှင့် ရုရှားလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်ကတည်းက လက်စွမ်းထက်သည့် လူငယ် ဂိုးသမားတစ်ဦးအဖြစ် ထင်ရှားခဲ့သည်။ ရုရှားအသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားပြီး CSKA အသင်းတွင် ပွဲပေါင်း ၄၀၀ နီးပါး ကစားထားသည့် ဝါရင့် ဂိုးသမားတစ်ဦးဖြစ်သည်။
⚽⚽⚽⚽⚽⚽⚽

ဆော်ဒီ အာရေးဗျ (Saudi Arabia)
⚽⚽⚽⚽⚽⚽⚽⚽⚽
ဖီဖာအဆင့် သတ်မှတ်ချက် : ၆၇
ကမ္ဘာ့ဖလား ဝင်ခဲ့သည့် အကြိမ် : ၅ ကြိမ်

နည်းပြ : Juan Antonio Pizzi (စပိန်)
အသက် : ၄၉ နှစ်
အာဂျင်တီးနားဖွား နည်းပြကြီးက တချိန်က ဘာစီ၊ ဗလန်အသင်းတွေရဲ့ တိုက်စစ်မှူးဟောင်းပါ။ ချီလီအသင်းကို ကိုင်တွယ်ခဲ့စဉ်က ကော်ပါအမေရိကား ဖလားကို ရယူပေးနိုင်ခဲ့ပေမယ့် ချီလီအသင်းကိုတော့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂၀၁၇ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဆော်ဒီရဲ့ နည်းပြအဖြစ် ခန့်အပ် ခံခဲ့ရပါတယ်။

အသင်းခေါင်းဆောင် : Osama Hawsawi

စောင့်ကြည့်ရမယ့် ကစားသမား : Mohammad Al-Sahlawi
နေရာ : တိုက်စစ်မှူး
အသက် : ၃၁ နှစ်
ဆော်ဒီအတွက် ၃၈ ပွဲ ကစားထားပြီး ၂၈ ဂိုးသွင်းယူပေးထားသည်။ လျှင်မြန်သည့် ခြေစုံပိုင်ရှင် ဂိုးသွင်းစက်သည် ရှားပါးသည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး ဆော်ဒီနိုင်ငံအတွက် အရေးပါသည့် တိုက်စစ်မှူး တစ်ဦးဖြစ်သည်။ ခြေစစ်ပွဲ ဒုတိယအဆင့်တွင် ၁၄ ဂိုးထိ သွင်းယူခဲ့သော်လည်း တတိယအဆင့် ၁၀ ပွဲတွင် ၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
%%%%%%%%%%%%%
နောက်ထပ်အသင်းတွေကိုလဲဆက်လက်ဖော်ပြပေးပါအုံးမယ်
images (15).jpeg
Photo credit-http://bit.ly/2rY79py

Sort:  

This post has received a 0.48 % upvote from @drotto thanks to: @sanhtun.

You got a vote from @votefund for your post.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65702.61
ETH 3485.24
USDT 1.00
SBD 2.51